#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၁)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။
#အပြောက ရွှေမန်း /က တော့ ချိုမိုင်မိုင်။
ကျွန်တော်တို့ပတ်ဝန်းကျင်ကို သေသေချာချာကြည့်လိုက်ရင် ရွှေမန်းသမားတွေ ခပ်များများဘဲနော်။ဘာလို့ဆိုရင် အပြောသမားတွေများပြီး တကယ်လက်တွေ့လုပ်ပြသူက အရမ်းနည်းပါသည်။ပြောတဲ့နေရာမှာ ရွှေမန်းလို့အပြောကောင်း အဆိုကောင်းဘဲ။ဘာလုပ်မယ်။ဘယ်နေရာသွားမယ် စသဖြင့် ပြောဆိုပြီး တကယ်လုပ်တော့ တစ်လွဲတွေပါဘဲ။အလုပ်နဲ့အပြော မညီဘဲ စကားဟာ လေထဲမှာ ပျောက်ကွယ်တတ်သော လူစားမျိုးပေါ့နော်။မိမိတို့လည်း အပြောကောင်းတယ်ဆိုပြီး ဘဝင်လေမဟပ်ပါနဲ့။မိမိတို့ရဲ့အပြောစကားဟာ တစ်ဖတ်လူအတွက် အကျိုးရှိပြီး မိမိလည်းတကယ်လက်တွေ့လုပ်နိင်ဖို့လိုတယ်။မိမိတကယ်လက်တွေ့လုပ်နိင်မှာ တစ်ခြားသူကို ပြောပါ။ထိုပြောတဲ့အချိန် ရွှေမန်းလိုပြောပြော လှတောသားလို့ပြောပြော ပခန်းသားလိုပြောပြော ကြိုက်သလိုပြောနိင်ပါတယ်။သို့ဖြစ်ပါသောကြောင့် အပြောမှာရွှေမန်းလိုပြောပြီးတကယ်လက်တွေ့မလုပ်ရင် ဘာအကျိုးကျေးဇူးမှ မရှိကြောင်း ပြောပါရစေ။
#ခံလိုက်ရရင် နှုတ်ဆိတ်နေ။
လူတွေအများစုပေါ့။ကျွန်တော်လည်း ပါတာပေါ့နော်။မိမိခံလိုက်ရရင် တစ်ခြားသူ မိမိနဲ့သိသောသူတွေကို တစ်ဆင့်ခံပြောတတ်ကြသည်။မိမိခံလိုက်ရတဲ့အကြောင်းကို တစ်ခြားသူကိုတော့မပြောသင့်ပါဘူး။ဒါဟာ တရားသဘောနဲ့ကြည့် အရင်ဘဝတုန်းက မိမိပြုခဲ့သော ကုသိုလ် အကုသိုလ်ကြောင့် အကြောင်းရှိလို့ အကျိုးဖြစ်တာပေါ့။ဥပမာအနေနဲ့ပြောရရင် ဓမ္မစေတီဆရာတော်ဆို ငယ်ငယ်တုန်းက တရားပွဲတစ်ခုကိုသွားရင်နဲ့ ဖိနပ်ပျောက်ဖူးတယ်။ထိုသို ဖိနပ်ပျောက်တာကို သူရဲ့ဆရာတော်ကိုမပြောဘဲ ဒီအတိုင်း ခြေပြောင်ကြီးနဲ့ပြန်လာတာဘဲ။ဘာကြောင့်ခုလို လုပ်တာလည်းဆိုရင် မိမိရဲ့အရင်ဘဝတုန်းက သူများပစ္စည်းခိုးလို့ ဒီဘဝမှမိမိဖိနပ်ပျောက်သွားတာဖြစ်တယ်။ထိုသို့ပျောက်သွားတာ မိမိခံလိုက်တာကို သူများကိုပြောရင် တရားသိသောသူက ဒီကောင်အရင်ဘဝတုန်းက တစ်ပါးသူပစ္စည်းကိုခိုးလို့ဟုထင်သွားမယ်။သို့ဖြစ်ပါသောကြောင့် စာဖတ်သူတို့အနေနဲ့ မိမိခံလိုက်ရရင် တိတ်တိတ်နေဟုပြောပါရစေ။
#တောင်းလွန်းရင် အရနည်း။
မိမိတို့အနေနဲ့အခွင့်အရေး သို့မဟုတ် အရာဝတ္တူစသောအရာတွေ တောင်းတိုင်းရနေတယ်ဆိုပြီး အရမ်းအခွင့်အရေးမယူပါနဲ့။နောက်အရမ်းမတောင်းပါနဲ့။မိမိတို့တောင်းတုန်းရနေရင်တော့ ဘာမှမဖြစ်။နောက်ပိုင်း တောင်းလွန်းအားကြီးလွန်းရင် အရနည်းတတ်တယ်။မိမိတို့ရသော အခွင့်အရေးကို တန်ဖိုးရှိရှိ အသုံးချတတ်ဖို့လိုအပ်ပါသည်။ထိုသို့အသုံးချတတ်မှာသာ မိမိရဲ့အကျိုးကျေးဇူးဖြစ်ပြီး ပေးသူအနေနဲ့လည်း ပေးရကျိုး နပ်ပါလိမ့်မည်။သို့ဖြစ်ပါသောကြောင့် အရမ်းလည်းမတောင်းပါနဲ့။တောင်းလို့ရသမျှကို တန်ဖိုးရှိရှိအသုံးချပါလို့ပြောပါရစေ။
(စကားလက်ဆောင် )
အပြောက ရွှေမန်း /က တော့ ချိုမိုင်မိုင်။
ခံလိုက်ရရင် နှုတ်ဆိတ်နေ။
တောင်းလွန်းရင် အရနည်း။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
လိုက်နာကျင့်သုံးရမည့်စကားလက်ဆောင်များပါ....ခုလိုရှယ်ပေးလို့ကျေးဇူးပါ....
ဟုတ်ကဲ့ကျေးဇူးပါ
အယ့် ကိုအေး ဖိနပ်ပျောက်တာပါအေ ဘယ့် ဖိနပ် ပြောင်းဖူး တာတုံး စာလုံးတေ ဂရုစိုက်ပါလို့😂😂
ဟုတ်လား။ခုပြင်လိုက်မယ်
အပြောက ရွှေမန်းပဲ
စကားလုံးက မိုးပေါ်ကမဆင်းဘူး စသဖြင့်
ပြောဆိုတတ်ကြတာတွေ တွေ့ ရတတ်တယ်
Good တယ်ဗျာ ချိုမိုင်မိုင်လေးရော
ဟီးဟီး
မှတ်သားသင့်သောအရာများမလို့ သိမ်းထာပြီး မကြာမကြာဖတ်ပါမယ်အစ်ကို။
ဟုတ်ကဲ့။ကျေးဇူးပါ
စကားပုံတွေပေါမှပေါတို့မြန်မာတွေမှာလေ
ဟုတ်တယ်အကို။
မှတ်သားစရာတွေပါဗျာ
ဟုတ်ကဲ့ပါညီ
တောင်းလွန်းရင် အရနည်း။
မတောင်းရင် တစ်ပြားမှမရ....နောက်တာ😁
မရတော့ အတင်းလုယူ ဟီးဟီး
စကားလက်ဆောင်လေးတွေကို အဓိပ္ပါယ်လေးတွေပါ ထည့်ထားတာ သဘာဝကျတယ်
ဟုတ်ကဲ့။ကျေးဇူးပါဆရာတော်
မှတ်သားထိုက်ပါပေတယ် ကိုအေးရေ
ဟုတ်မစု။ကျော်လည်းလေ့လာမှတ်သားဆဲပါ
စကားပုံတွေအတော်အများသိတာဘဲဗျ
မှတ်သားလိုက်နာစရာတွေမို ကောင်းသောပိုစ်တခုပါဗျာ
thank you
အတတ်နိင်ဆုံး လိုက်နာပါ့မယ်ဗျာ😊😊
ဟုတ်ဟုတ်
မှတ်သားရတဲ့ စာပေလေးပါဘဲဗျာ
ကျေးဇူးပါ
အပြောကတော့ရွှေမန်း ကတော့ချိုမိုင်မိုင် ဆိုတာ ငါ့များပြောနေသလားထင်ရသဟ တောင်းလည်း မရ မတောင်းလည်း မရပါဘူး
ဟီးဟီး
စကားလက်ဆောင်လေးတွေဖတ်ခွင့်ရလို့ကျေးဇူးပါ
စကားပုံလေးတွေဆို အဓိပ္ပါယ်လေးတွေ သိပ်နားမလည်တာတွေရှိလို့ ခုလို ရှင်းပြရေးပြတော့ သိရတာပေါ့... ကျေးဇူးတင်ပါတယ်