သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၂၀)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ ရိုးရာစကားထာများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ စကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုစကားထာတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။
(၁)တောင်နှစ်လုံးကြား ဖိုးသူတော်နှစ်ပါးထွက်လာသည်၊လူမည်းကြီးငါးယောက်ကဆွဲပစ်သည်။
ဒီစကားထာလေးက နည်းနည်းတော့ အတွေးဆန်းတယ်။ဘာကြောင့်ဆို သူအဖြေက နှပ်ညစ်ခြင်းဖြစ်သည်။တောင်နှစ်လုံးကြား ရဲ့ အဓိပ္ပာယ်က နှခေါင်းပေါက်ကို ဆိုလိုပြီး ဖိုးသူတော် နှစ်ပါးကတော့ နှပ် ကို ပြောဆိုခြင်းဖြစ်သည်။လူမည်းကြီးငါးယောက်ကတော့ ကျွန်တော်တို့ လက်ချောင်း ငါးချောင်းကို ဆိုလိုကြောင်း ပြောပြပါရစေ။
(၂)ရင်မှာထား သားလည်းမဟုတ်၊
အသံသာ ကညာမဟုတ်၊
မုတ်ဆိတ်ဖား ကုလားမဟုတ်၊
အမြီးပေါက် မျောက်လည်းမဟုတ်။
ဒီစကားထာက စောင်းကိုပြောဆိုခြင်းဖြစ်သည်။ရင်မှာထား သားမဟုတ်က စောင်းကို ပိုက်ထားခြင်းဖြစ်ပြီး အသံသာ ကညာမဟုတ်ကတော့ စောင်းသံကိုပြောဆိုခြင်းဖြစ်သည်။နောက် မုတ်ဆိတ်ဖား ကုလားမဟုတ်ဆိုတာကတော့ စောင်းလက်ကိုင်မှာ အလှဆင်ထားသော အမွေးကိုပြောပြီးအမြီးပေါက် မျောက်မဟုတ်ကတော့ စောင်းဆိုတာ အမြီးကောက်ကောက်ရှိသောကြောင့်ဖြစ်သည်။
(၃)ဥတော့ ၃ လုံး၊ပေါက်တော့ ၁၂ကောင်၊ပျံတော့ ၃၆၅ကွယ်။
ဒီစကားထာက ဥတုသုံးပါး ဖြစ်ပါသည်။ဥတော့ သုံးလုံးဆိုတာ မြန်မာနိင်ငံရဲ့ ဥတုသုံးပါးကိုပြောဆိုပြီး ပေါက်တော့ ၁၂ ကောင်က ဥတုသုံးပါးမှာ ၁၂လရာသီရှိပါသည်။ထိုအတူ ပျံတော့ ၃၆၅သည်တစ်နှစ်ရဲ့ ရက်ပေါင်း ၃၆၅ရက်ကို ခေါ်ဆိုကြောင်းပြောပါရစေ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
Do you use eSteem?
eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps. nnnwwwwwwww
eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.
Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store
Download eSteem Surfer for your PC💻
Available for all OS Github
Join eSteem Discord https://discord.gg/UrTnddT
Join eSteem Telegram http://t.me/esteemapp
Proud to be a member of The Steemians Directory
Join eSteem Community
Elegant. So clean.
thank u
Posted using Partiko Android
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
thank you @esteem
Posted using Partiko Android
ပြောလို့ပြောတာ ဟုတ်ရပါဘူးဗျာ ကြည့်အုံး 😁😁
Posted using Partiko Android
ဟီးဟီးညီရေ
Posted using Partiko Android
အော မဖြေရတော့ဘူးပေါ့ ☺
ဟုဟု မဖြေရတော့ပါဘူး။ဗဟုသုတအနေနဲ့ မှတ်ထားဖို့ပါဘဲအကိုရေ
Posted using Partiko Android
မှတ်သားထားပါမယ့်၊အေ ဖြတွေက မသိတာများတယ်။ဒါကြောင့် အေ ဖြမရေးပေးနိုင်တာပါ။
အဖြေတစ်ခါထဲ ထည့်ရေးပေးထားပါတယ်
Posted using Partiko Android
အဟပ် ...
ရိုးဟိုးနေပီ ...(စတာနော်)
အလယ်က စောင်း
နောက်ဆုံးက ရက် လ ဥတုသုံးပါး (ဟုပ်တယ်ဟုပ်)
ဟုဟု
Posted using Partiko Android
စကားထာကဖြေရတာပျော်စရာကောင်းသလိုဗဟုသုတလည်းရပါတယ်...
Posted using Partiko Android
ခုနောက်ပိုင်း အဖြေတွဲပြီးရေးထားပါတယ်
Posted using Partiko Android
စကားထာကဖြေရတာပျော်စရာကောင်းသလိုဗဟုသုတလည်းရပါတယ်...
Posted using Partiko Android
ခုနောက်ပိုင်း အဖြေတွဲပြီးရေးထားပါတယ်
Posted using Partiko Android
ကိုယ်ဟာကိုယ် စဉ်းစားတာ နောက်ဆုံးတစ်ခုပဲ အဖြေပေါ်တယ်။မြန်မာ့ရိုးရာ စကားထာလေးတွေက စိတ်ဝင်စားစရာ ကောင်းတယ်နော်။
Posted using Partiko Android
ဟုတယ်။ဗဟုသုတလည်းရတယ်
Posted using Partiko Android
စောင်းဗျာ စောင်း😁😁
Posted using Partiko Android
ဟုဟု
Posted using Partiko Android
စကားပုံ စကားထာလေးတွေ ပြောမကုန် ရေးမကုန်
ဟုတ်တယ်မစုရေ
Posted using Partiko Android
စကားထာတွေက ငယ်ငယ်တုန်းကတော့ တော်တော်သိတယ်ဗျ စကားထာဖွက်ကစားကြတော့လေ