အမတ်မင်းဖြစ်အောင်ကြိုးစားကြစမ်းပါ
ဆရာကြီးပီမိုးနင်း၏စာအုပ်တစ်အုပ်ထဲ၌ဖတ်ရှုခဲ့ရပါသည်။မည်သည့်ရက်၊လ၊နှစ်၊မည်သည့်လွှတ်တော်၊အမတ်နှစ်ယောက်အမည်မည်သူမည်ဝါ၊မဲဆန္ဒနယ်အမည်စသည်တို့ကိုစာနယ်ဇင်းကျင့်ဝတ်အရအတိအကျတိုက်ရိုက်မဖော်ပြခဲ့သော်လည်းအမေရိကန်နိုင်ငံလွှတ်တော်တစ်ခု၏လွှတ်တော်အစည်းအဝေးတွင်အမတ်မင်းနှစ်ယောက်အချေအတင်ငြင်းခုန်ဆွေးနွေးရာမှခေတ္တသတိကင်းလွတ်ပြီးပုထုဇဉ်ပီပီမပြောကောင်းသောစကားအထိပြောကြားမိသည်။အမတ်မင်းတစ်ယောက်က ခင်ဗျားငယ်ငယ်တုန်းကကျွန်တော်တို့အိမ်မှာဖိနပ်တိုက်ပေးခဲ့ရတယ်မဟုတ်လား ဟုငယ်ကျိုးငယ်နာကိုမမေးစကောင်းမှန်းသတိမထားပဲ၊ငြင်းခုန်နေသောအကြောင်းအရာနှင့်မသက်ဆိုင်သည့်အမေးကိုရုတ်တရက်မေးချလိုက်သည်။အမေးခံရသောအမတ်မင်းကတည်တည်ငြိမ်ငြိမ်ဖြင့် ဟုတ်တယ်လေ၊ကျုပ်ဖိနပ်တိုက်ပေးခဲ့သမျှပြောင်စင်နေအောင်တိုက်မပေးဘူးလား ဟုပြန်ဖြေသည်။စတင်မေးမိသောအမတ်မင်းသည်လူကြီးလူကောင်းပီပီခေတ္တလစ်ဟာသွားသောသတိကိုအသိဖြင့်ချက်ချင်းပြန်ထိန်းပြီး တိုက်ပေးခဲ့ပါတယ် ဟုဖြေ၏။အဖြစ်အပျက်ကိုဆရာကြီးပီမိုးနင်းတင်ပြခဲ့တာထိုမျှသာဖြစ်ပါ၏။
စာဖတ်မိသူကျွန်တော့်အနေဖြင့်အမတ်မင်းနှစ်ယောက်စကားအဆုံးမှာသက်ပြင်းလည်းချမိ၏။ဝမ်းလည်းသာမိ၏။မျက်စိထဲမှာဖိနပ်တိုက်ပေးနေသောကောင်လေးလည်းမြင်ယောင်မိ၏။ဖိနပ်တိုက်ပေးရသောအောက်ဆုံးအဆင့်လွှာမှအမတ်မင်းဖြစ်လာသောအမတ်မင်းရုပ်ပုံလွှာကိုလည်းမြင်ယောင်မိ၏။ဖိနပ်တိုက်ပေးရသောအောက်ခြေလွှာအဆင့်မှလွှတ်တော်အမတ်မင်းဖြစ်လာသောသူ၏အောင်မြင်မှုအတွက်လည်းစိတ်ထဲမှအလိုလိုနေရင်းကြည်နူးပီတိဖြစ်မိ၏။ကောင်လေးဘာ့ကြောင့်အမတ်မင်းဖြစ်သွားရပါသလဲ၊သူ့ဘဝသူ့ဒဿန၊သူ့ပျိုးထောင်မှုကဘာလဲ၊သူဖိနပ်တိုက်ပေးခဲ့ရသောအလွှာမှလူနှင့်ဘာကြောင့်ပခုံးချင်းယှဉ်၍အမတ်မင်းအဖြစ်လွှတ်တော်ထဲဝင်နိုင်ခဲ့သလဲ။အပြန်ပြန်အလှန်လှန်အဖြေရှာသုံးသပ်မိသည်။ဘဝအဓိပ္ပါယ်၊ဘဝတန်ဖိုး၊ဘဝအားမာန်၊ဘဝရည်ရွယ်ချက်ကိုကောင်လေးသိမြင်သဘောပေါက်၍ရုန်းကန်ကြိုးစားခဲ့ပါလိမ့်မည်။လောကဓံတရားဟူသည်လာဘ်ရ၊မရ၊ရှုတ်ချမြှောက်စား၊နည်းများခြံရံ၊သုခဒုက္ခကြုံတွေ့ရလေ့ရှိသည်။လူ့ဘဝဟူသည်ရရန်လွန်စွာခက်ခဲသည်။လွန်စွာခက်ခဲသောလူ့ဘဝကိုရှိလာချိန်၌ကြိုးစားလုပ်ကိုင်ပါကအောင်မြင်မှုရရှိသည်။အခက်အခဲကိုဖြေရှင်းကပြေလည်မည်။နိမ့်ကျမှုကိုစိတ်မပျက်ပဲကြိုးစားပါကမြင့်မားလာမည်။ဖိနပ်တိုက်စားရ၍ဘဝသည်နုံချာသည်။မွဲတေသည်။အောက်ကျသည်။ထို့ကြောင့်နေမထူး၊သေမထူးဖြစ်သလိုနေမည်ဟုရေစုန်မျှောအတွေးအခေါ်ထားက၊ဘဝရေစုန်မျောရာမှနစ်မြုပ်မည်။မည်မျှအောက်တန်းကျကျ၊မည်မျှဆင်းရဲဆင်းရဲ၊မည်မျှချို့တဲ့ချို့တဲ့ လူသားဟူသည်ဘဝရည်မှန်းချက်ထားကာကြိုးစားကတစ်နေ့နေ့တစ်ချိန်ချိန်တွင်အောက်ကျသောဘဝမှလွတ်၊ဆင်းရဲသောအဖြစ်မှလွတ်၊ချို့တဲ့ခြင်းကင်းဝေး၍အစစအရာရာအောင်မြင်လာမည်ဟုဘဝအဓိပ္ပါယ်၊ဘဝတန်ဖိုး၊ဘဝအားမာန်၊ဘဝရည်ရွယ်ချက်ကိုသိမြင်ကာပညာရည်မြှင့်တင်ခြင်း၊စီးပွားဥစ္စာရှာဖွေခြင်း၊လူမှုအသိုင်းအဝိုင်းကျယ်ပြန့်စေရန်ကြိုးစားခြင်း၊ကိုယ့်အကျိုးသူ့အကျိုး၊နယ်မြေဒေသအကျိုး၊တိုင်းကားပြည်ရွာအကျိုးကိုနှစ်ရှည်လများမျက်ခြည်မပြတ်ကြိုးစားရာမှအမတ်မင်းဘဝအထိရောက်ရှိလာခြင်းဖြစ်ပါလိမ့်မည်။
ဆင်းရဲအောက်ကျခြင်းကိုဆုံးရှုံးခြင်းဟုအမတ်လောင်းလျာကောင်လေးသည်မယူဆခဲ့။ကြိုးစားအားထုတ်ရန်လိုနေသေးကြောင်းဘဝသတိပေးချက်ခံယူပြီးဘဝကိုစိတ်ကူးမယဉ်၊အသက်သာခံရေသာမခိုပဲကြိုးစားမှအမတ်မင်းဖြစ်လာပါလိမ့်မည်။ဘဝကိုစိတ်မပျက်ပဲချစ်မြတ်နိုးကာဖိနပ်တိုက်ပေးခဲ့ရသောကောင်လေးအမတ်ဖြစ်အောင်ကြိုးစားခဲ့သကဲ့သို့အမတ်မင်းဖြစ်အောင်ကြိုးစားကြစမ်းပါဟုတိုက်တွန်းပါသည်။
ခင်မင်လေးစားယုံကြည်အားကိုးရသောကိုယ်ပိုင်ရပ်တည်ချက်၊ကိုယ်ပိုင်ခေါင်း၊ကိုယ်ပိုင်နှလုံးသားရှိသည့်လူငယ်များ၊လူလတ်များကိုအထူးတိုက်တွန်းအပ်ပါသည်။သူများစီးထားသောဖိနပ်တိုက်၊ရောယောင်နောက်လိုက်၍ဘဝအဆုံးရှုံးမခံပါနှင့်။ဆင်းရဲအောက်ကျနေခြင်းသည်ထာဝရဆုံးရှုံးခြင်းမဟုတ်။ကြိုးစားအားထုတ်ရန်လိုအပ်နေသေးကြောင်းကိုဘဝကလက်တွေ့သတိပေးနေခြင်း၊ပညာပေးနေခြင်းဟုမှန်မှန်ကန်ကန်ခံယူပြီးအစွမ်းကုန်ကြိုးစားစေလိုပါသည်။ဖိနပ်လေးတိုက်ပြီးရောင့်ရဲမနေကြပါနှင့်။အမတ်မင်းဖြစ်အောင်ကြိုးစားကြစမ်းပါဟုထပ်မံတိုက်တွန်းအပ်ပါသည်။
ကျန်းမာချမ်းသာဘေးကင်းကြပါစေ
တွင်းကြီးဝမ်းမောင်(မြောင်)
@twingyiwunmaung
MSC No.154
31.12.2017,Sun
ဆရာ့စာတွေ အားဖြစ်စေပါတယ်
ခုလိုအားပေးမှုကိုကျေးဇူးအထူးတင်ပါတယ်။
ဟုတ်ကဲ့ပါ
လာရောက်ဖတ်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ပါဆရာ၊ ကိုယ့်ဘ၀ကိုယ် ဒီ့ထက်မြင့်မားအောင် ကြိုးစားနေပါတယ်ရှင် ☺
ကြိုးစားကြပါ။Steemit မှာရော အပြင်ဖက်လက်တွေ့ဘဝမှာရောကြိုးစားကြပါ။
Hote
ခုခေတ် အမတ်တော့ လုပ်ချင် ပါဘူး
နိကအာလူးပဲဖုတ်ချင်နေတာကိုးး :-P
အမတ်ဖြစ်အောင်လုပ်ကြပါဆိုတာက
အမတ်လုပ်ခိုင်းတာမဟုတ်ပါဘူး။
ဥပမာပြထားတာပါ။
ဖိနပ်သုတ်သမားဟာရပ်နေရင် ဖိနပ်သုတ်သမားဘဝမှာပဲအဆုံးသတ်ရပါလိမ့်မယ်။
ကြိုးစားခဲ့တဲ့အတွက်အမတ်ဖြစ်သွားပါတယ်။
အဲဒါကို ဥပမာ ယူပြီး ခိုင်းနှိုင်းတင်စားရေးထားတာပါ။
စာကိုသေချာဖတ်ရှုစေချင်ပါတယ်။ကျေးဇူးတင်ပါတယ်။
အရမ်းကောင်းပါတယ်
လာရောက်ဖတ်ရှုတဲ့အတွက်ကျေးဇူးပါ။
အားပေးနေတယ် ဆရာ
အချိန်ရရင်ရသလိုဆက်လက်ရေးသားအုံးမှာပါ။အားပေးဖတ်ရှုတာကျေးဇူးပါ။
ဟုတ်ကြဲု့းစားနေပါတယ် bro
ကျေးဇူးတင်ပါတယ်
Inspiration ဖြစ်တဲ့စာတွေ တွေ့ရတာ တကယ်ကို အားတက်ပါတယ်ဗျ . . .တန်ဖိုးရှိတဲ့ စာတစ်ပုဒ်ပါနော် . . ကျေးဇူးပါဗျ
လာရောက်ဖတ်ရှုပေးတာကိုလည်းကျေးဇူးတင်ပါတယ်။
စာပေကောင်းများဖတ်ရလို့ကျေးဇူးပါ
ခုလိုကြားရတဲ့အတွက်လည်းဝမ်းသာပါတယ်။
Yep,I'm trying
ကြိုးစားလျှင်ဘာမဆို ဖြစ်နိုင်ပါတယ်။
လူတော်လူကောင်းလေးလဲဖြစ်ချင်မိပါသေးတယ်
အမတ်ဖြစ်အောင်လုပ်ကြပါဆိုတာက
အမတ်လုပ်ခိုင်းတာမဟုတ်ပါဘူး။
ဥပမာပြထားတာပါ။
ဖိနပ်သုတ်သမားဟာရပ်နေရင် ဖိနပ်သုတ်သမားဘဝမှာပဲအဆုံးသတ်ရပါလိမ့်မယ်။
ကြိုးစားခဲ့တဲ့အတွက်အမတ်ဖြစ်သွားပါတယ်။
အဲဒါကို ဥပမာ ယူပြီး ခိုင်းနှိုင်းတင်စားရေးထားတာပါ။
စာကိုသေချာဖတ်ရှုစေချင်ပါတယ်။ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ဆရာ သားလည်း စွန့် စားပြီး ကိုယ့်ဒူးကိုယ်ချွန်ချင်ပါတယ် ဒါပေမဲ့ အမေက စိတ်မချဘူးဆိုတဲ့ စကားနဲ့ ချုပ်ကိုင်ထားတော့ အကြံညာဏ်များ မစပါဦး
ထူးချွန်လာရင် အမေက လက်ခံလာမှာပါ။လုံးဝအတိုက်ခံကြီးတော့မလုပ်စေချင်ပါ။
သဘောပေါက်အောင်နားဝင်လာအောင်ပြောပြီးဖြည်းဖြည်းချင်းစည်းရုံးယူပါ။
ဟုတ်ကဲ့ပါ။
ကျေးဇူးတင်ပါတယ်။
ဟုတ်ပါတယ်ဆရာ ကျွန်တော်တို့မြန်မာလူငယ်အများစုက ကျောင်းတက်၊ဘွဲ့ရ အလုပ်ထဲဝင်ပြီးရင် ပညာရေးပါအဆုံးသတ်သွားကြတာပါ၊ အလုပ်ထဲက သူယူစရာတွေကို ကုန်စင်အောင်မလေ့လာကြတဲ့အပြင် ကိုယ်တက်ခဲ့တဲ့ကျောင်းကစာတွေမေ့ပစ်ကြသေးတယ် ၊မေးလိုက်ရင်ကျောင်းမှာကျန်ခဲ့ပြီတဲ့ ၊ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်သလဲ၊ သူများနိုင်ငံတွေမှာ နေ့စဉ် ကိုယ့်ကိုယ်ကိုယ် capacity building လုပ်နေချိန်မှာ ကိုယ်တွေက stop education ဖြစ်နေကြတာပါ၊
မှန်ပါတယ်ခင်ဗျား။
အရမ်းကောင်းတဲ့ရေးသားဟန်ပါပဲ ဆရာ အတုခိုးမိပါတယ်
ဆရာ့စာတွေသည် ဖတ်ရှု့သူများကိုခွန်အားဖြစ်စေသည်၊ တက်ကြါစေသည့်အတွက် Tag မှာ Motivate ထည့်ပေးရင်ပိုကောင်းပါသည်ဗျာ။ ယခုခေတ်မှာလူငယ်အတော်များများမှာ တိကျသောရည်ရွယ်ချက် မရှိသည်ကများပါသည်။ မိမိကိုယ်တိုင်က ဘယ်ကိုသွားရမည်မသိတဲ့အတွက် ဟိုလို၊ သည်လိုလိုဖြင့်အကြားလွတ်နေသည်များများပါသည်။ တိကသောရည်ရွယ်ချက်ထားရှိနိုင်ရေး၊ ခိုင်မာသောဆုံးဖြတ်ချက်ရှိစေရေး၊ A fictional creation လုပ်ရကောင်းမှန်းမသိကြတော့ဘူးဆရာ၊ ဆက်ရေးစေချင်ပါတယ်။
ယခုလို ကြားသိရ၍ဝမ်းသာပါသည်ဆရာ။တတ်နိုင်သမျှလည်းဆက်လက်ရေးသားပါအုံးမည်။ကျေးဇူးတင်ပါသည်ခင်ဗျား။