Feeling

in #myanmar7 years ago (edited)

အလွမ်း

နင်မမြင်နိုင်ပေမယ့်
နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
နင့်ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်
နင်မကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာ တိုင်းနင်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်
ဒါပေမယ့်
နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်.....အချစ်ရယ်

Wai Hin Oo
A HFS-15

Sort:  

ကဗျာတွေလဲရေးတက်တယ်ပေါ့

အနည်းအကျင်းပါ...

ကောင်းပါတယ် အလွမ်းကဗျာလေး ငိုတောင်ငိုချင်လာဘီ😁

မငို နဲ တစ်​တစ်​...

ကောင်းပါတယ်ဗျာ

ကဗျ​လေးကအလန်း

good poem လေးပါအကို ဖတ်ရတာ ကောင်းတယ်

အာ​ပေးတဲ့အတွက်​​ကျေးဇူးပါ

နဂိုအလွမ်းဓာတ်ခံရှိတယ် ငိုပရစေ

ငို​စေဗျာ...

ကဗျာဆရာ...မိုက်တယ်...ကြိုက်တယ်...Good Post

ကြိုးစားပါညီ

ကြိုးစားပါဦးမည်​...

ကောင်းလိုက်တာ

at the top

ကောင်းပါတယ်​ဆက်ြုကိုးစားပါ

ရင်တွင်းဖြစ်လေးပေါ့လေ

Chee ထိမှာစို့းလို့