အချစ်​ ဆိုတဲ့ စာသား ငါ့ အဘိဓာန်​မှာ ဒီလိုဖွဲ့ဆိုထား

in #myanmar7 years ago

love-01.jpg

အချစ်​ဆိုတဲ့ စကား
ငါ့ အဘိဓာန်​မှာ ဒီလိုဖွဲ့ဆိုထား

ဒီစကား​လေးက လူတိုင်းရင်းနီးပြီးသားဖြစ်​​နေမှာပါ၊ ကမ္ဘာမှာ လူသားတိုင်း ​ပျော်​ရွှင်​မှူ လိုချင်​ကြတယ်​၊ ​ခေတ်​ နည်းပညာ စနစ်​​တွေ တိုးတက်​လာသည်​နှင့်​တပြိုင်​နက်​တည်း ​ကောင်းခြင်း ဆိုးခြင်း ဒွန်​တွဲလာသည်​ ၊ စာ​ရေးသူ ၅နှစ်​သား ငယ်​စဉ်​အခါက ဘာမှမသိခဲ့​ပေမယ့်
အခု​ခေတ်​ ငါးနှစ်​ က​လေးမှာ အကုန်​သိ အကုန်​တတ်​ဖြစ်​သည်​၊
က​လေး အရွယ်​မှ လူပျို၊ အပျို အရွယ်​ ​ရောက်​ရှိချိန်​တွင်​ အ​ကောင်းအဆိုး​ဝေဖန်​ပိုင်းခြားသင့်​​ပေသည်​၊ ​ခေတ်​​ရေစီး​ကြောင်းနှင့်​အတူ
အမှိုက်​​တွေလည်း ပါလာတတ်​သည်​မှာ အမှန်​ပင်​ဖြစ်​သည်​၊

လူငယ်​၊လူရွယ်​ ပျိုပျို အရွယ်​တွင်​ ချစ်​ခြင်းဟူသည်​ကို ​ခေါင်းမှာ ရွက်​ထားတတ်​သည့်​ အရွယ်​ပင်​ဖြစ်​သည်​ ၊​လောကကြီးရဲ့ အ​ကြောင်းအရာ​တွေကို နားမဝင်​​သေးပဲ အချစ်​ ဆို​သောအရာကို ဘဝမှတ်​ကာ ​ခေါင်းမှာ ရွက်​ကြသည်​၊

ထိုသို့​သောလူငယ်​များထဲတွင်​ အချစ်​ဆို​သောအရာကို အလွန်​ပင်​ အ​ပြောများ၊ အသုံးများကြသည်​၊လွန်​ခဲ့​သော နှစ့အနည်းငယ်​ကတည်းက ချစ်​ခြင်းသည်​ မစိမ်းကား ရှိခဲ့သည်​ လူငယ်​တိုင်း ဖြတ်​​ကျော်​ရသည်​၊ VCD CD ​ခေတ်​တွင်​ Phone များသိပ်​မ​ပေါ​သေးသဖြင့်​ မိမိချစ်​​သောသူကို စာ​ပေးခြင်း၊ စကား​ပြောခြင်းများဖြင့်​သာ ချဉ်းကပ်​ပြီး နီးစပ်​​အောင်​ လုပ်​ခဲ့ကြသည်​၊

ရည်းစားရှိလျက်​ ဝင်​​ရောက်​စွက်​ဖက်​ ကာ ဖျက်​ဆီးကြတယ်​၊ ခဏတာ စိတ်​ကစားမှူ​ကြောင့်​ မပျက်​စီးသင့်​တာ ပျက်​စီးကြတယ်​၊ တချို့​တွေ ဘဝ ပျက်​တဲ့ အထိ ဖြစ်​ကြတာ ရှိပါတယ်

ထိုအချစ်​ဟူ​သော အရာနှင့်​ပက်​သက်​ပြီး စာ​ရေးသူ ဖတ်​ဖူး​သော အ​ကြောင်းအရာတခုအ​ကြောင်း မျှ​ဝေ ​ပေးလိုပါသည်
တခါက မြို့ကြီး တစ်​မြို့မှာ
အင်​မတန်​ အ​တွေးကျယ်​ပြန့်​တဲ့ ပညာရှိ လူငယ်​တစ်​ဦး ရှိတယ်​ ထိုလူငယ်​သည်​ လူငယ်​ပီပီ သူ ကြိုက်​​သောသူကို ချဉ်းကပ်​သည်​ အင်​မတန်​ အ​တွေး​ကောင်းတဲ့ သူ့လို ပညာရှိမှာ အင်​မတန်​ ခက်​ခဲတဲ့ ပြသာနာတခု ရှိ​လေပြီ ၊ လူငယ်​​လေး သ​ဘောကျ နှစ်​ခြိုက်​​သောသူ ​ကောင်​မ​လေးမှာ ရည်းစားရှိ​နေပြီဖြစ်​တယ်​၊

HoldingHands_1500-56a6e05f3df78cf77290a73f.jpg

ကောင်​မ​လေးကလည်း လူငယ်​​လေးကိုသ​ဘောကျသည်​ နှစ်​​ယောက်​တစ်​ဦးတစ်​ဦး သ​ဘောကျ​ပေမယ့်​ ​ကောင်​မ​လေးက လက်​ရှိ ချစ်​သူကို သစ္စာမ​ဖောက်​ပဲ လက်​တွဲသွားချင်​ပါတယ်​ ဆိုတဲ့အ​ကြောင်းလူငယ်​ကြားသိခဲ့ရတယ်​၊

ဘာလုပ်​မှာလဲ အခု​ခေတ်​ ကျ​နော်​တို့လူငယ်​​တွေအ​တွေးဆို ရင်​ ဘာလုပ်​မှာလဲ......

လူငယ်​​လေး ​ပေါက်​ကွဲမှာလား၊ အဲဒီအတွဲကို လိုက်​ဖျက်​မှာလား..... ?
No ပါ လူငယ်​​လေးက အ​တွေးအ​ခေါ် ကျယ်​ကျယ်​ပြန်​ပြန့်​ ​တွေးကာ ဆုံးဖြတ်​ချက်​ချခဲ့တယ်​ ၊
ငါ ချစ်​တဲ့ ချစ်​သူ ကို ချစ်​လိုက်​ရသည်​ ချစ်​ခွင့်​ရတဲ့အပြင်​ သူက လည်း ငါ့ကိုချစ်​သည်​ သို့​ပေမယ့်​ ကံမ​ကောင်းစွာနဲ့ ဒီလိုဖြစ်​ခဲ့တာ၊
သူ ဆုံးဖြတ်​ပြီး နားလည်​တဲ့ စကား​လေးက

"သူမ လို သစ္စာ​စောင့်​သိတဲ့ မိန်းခ​လေးကို ချစ်​ခွင့်​ရတာပဲ ငါ သိပ်​ကံ​ကောင်းတယ်​ "

ဒီတစ်​သက်​ ထိုမိန်းခ​လေးကိုပဲ ချစ်​​နေပြီး ထိုမိန်းခ​လေးကိုချစ်​ခွင့်​ရလို့ပဲ အရမ်း​ကျေနပ်​ကာ သူပိုင်​ဆိုင်​သမျှ ထူးချွန်​သူအတွက်​ ​ပေးအပ်​ဖို့ မှာကြားခဲ့သူပါ

ထိုလူငယ်​​လေးက

" နိုဘယ်​ " ပါပဲ

alfred1.jpg

သူ့လို လူငယ်​ ဒီ​ခေတ်​မှာ ရှိပါအုန်းမလား
သူ့လို ဖြူစင်​တဲ့​မေတ္တာ တရားကို ​ဖော်​ထုတ်​ရဲတဲ့ သတ္တိ ကို ​လေးစားရင်း
ဒီ​ခေတ်​ လူငယ်​​တွေ အတုယူ​စေချင်​ပါ​ကြောင်း ​ပြောပြရင်း ဒီစာအဆုံးသတ်​လိုက်​ပါရ​စေ

Written by yairthiha
MSC 003
Credit to google images

Sort:  

apk done vote

So good ညီ အားပေးနေမယ်

Thank U pr

အဲလိုလူငယ်ထဲပါအောင်လုပ်

ဟုတ်​ မကြီး

coool ... မိုက်​ဟ

...
အား​ပေးသူရှိတယ်​​နော်
Fighting !!!!!

အယ်​လဲ့​ကျေးဇူဲး

Good ကိုရဲ
ကိုရဲရော အဲ့လိုချစ်သူရှိနေပြီလားဗျ
ရှိရင် မြန်မြန်ခိုးပြေးတော့လို့ ပြောမို့ 😁😁

ဟားဟား အာ့​တော့ မလုပ်​ပါ​စေဲ့ဗျာ....

ဘယ်တော့စားရမာလဲ

ဟား ဟား မ​နောက်​ ရ ဝူး

မေတ္တာတရားသာ အေးချမ်းပါတယ်

Hehe hoke kae pr . ..

ကောင်းပါတယ်

Kyay zuuuu

၁ အချစ် မေတ္တာ
၂ အချစ် မေတ္တာ
၃ အချစ် မေတ္တာ

ခံစားတတ်လာပါ့ကော ညေး

အဲ့လို လူမျိုးဖြစ်အောင်
ကိုယ်တိုင်ကြိုးစားလိုက်ပါ ကွယ်

nice post bro

အချစ်ကပူတယ် မကစားနဲ့ 😪
i v and c u...plz v and c me back!!
@mgtoetat 👍

ကောင်းတယ်

ဒိုင်းနမိုင်းကို တီထွင်ခဲ့တဲ့ နိုဘယ်လားဗျ

Good post.

Good post bro

အလို့ နိုဘယ်

wowငါ့ကိုကြီး စာသားတွေကစွန်းလန်း

How sweet!! I love to love.

One table haha

ကြိုးစား​နေတယ်​လို့