ပြောင်းလဲပေးပါ
ကျနော်တို့နေထိုင်နေသော ကမ္ဘာကြီး ရဲ့ အနာဂတ်ဟာ ကျနော်တို့လူငယ်လက်ထဲမှာ ရှိကြပါတယ်၊ သို့ပေမယ့် ကိစ္စတိုင်း၊ပြသာနာတိုင်းကို လူငယ်တွေအပေါ်မှာမူတည်တယ်လို့တော့ မဆိုစေချင်ပါ၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီး မှာနေထိုင်သော သူတိုင်းနှင့် သက်ဆိုင်သောကြောင့်ဖြစ်ပါတယ်၊ ကျနော်လူငယ်တစ်ယောက်ပါ ကိစ္စတစ်ခုခုလုပ်မယ်ဆိုရင် လုပ်ကိုလုပ်ရမှ ကျေနပ်တတ်ပါတယ်၊ မဖြစ်ဖြစ်အောင် လုပ်ပါတယ်၊ နည်းလမ်းမျိုးစုံရှာကြံလုပ်ပါတယ်၊
လူငယ်တွေနဲ့လူကြီးတွေအတွေးမှာ ကွာခြားချက်တွေက လူကြီးတွေက မှားမှာကိုကြောက်ကြတယ်
၊ ပျက်စီးသွားမှာကြောက်တယ် စိုးရိမ်တယ်၊ ဒါကြောင့်လူငယ်တွေကိုတားမြစ်တယ်၊ သို့ပေမယ့် ထိုသို့တားမြစ်လိုက်ခြင်းသည် လူငယ်တွေရဲ့ဘဝမှာ အဖူးအညွှတ်၊အတက်တွေကို ရိုက်ချိုးဖျက်စီး ပစ်လိုက်တာပါပဲ၊ ပျက်စီးအောင်လုပ်နေကြပါတယ်၊ တားမြစ်ခြင်းနဲ့စိုးရိမ်ခြင်း နှင့်မတူပါ၊ ကျနော်တစ်ခုပြောပါရစေ လူကြီးတွေက လူငယ်တွေမှားသွားကြမှာ၊လမ်းမှားရောက်မှာ စိုးရိမ်ကြတယ်၊ သို့ပေမယ့် လူကြီးတွေဖြစ်စေလိုတဲ့ဆန္ဒကို နားလည်ပေမယ့် နည်းလမ်းမှားနေတယ်၊ ကျနော်တို့လူငယ်တွေရင်ထဲအသဲထဲ စွဲစေတဲ့ ထိန်းနည်းက အာ့လိုမဟုတ်ပါဘူး၊
ကျနော်တို့လူငယ်တွေလည်း လမ်းမှားမှာကို ကြောက်ကြတာပါပဲ၊တားမြစ်ခြင်းကို ကျနော်တို့လူငယ်တွေမကြိုက်ပါ၊ အကြံပေးခြင်းကိုသာ နှစ်သက်တယ်၊မြတ်နိုးတယ်၊ဆင်ခြင်တယ်၊ ဒီလိုမျိုးသာ ကျနော်တို့လူငယ်တွေ ရင်ထဲထိစေတာပါ၊
သွားချင်တဲ့Directionက လမ်းမမှားစေဖို့၊
မှန်တယ် Direction တူပေမယ့် Way မှားနေတယ်၊ လူကြီးတွေက ပြောကြတယ် မင်းတို့လူငယ်တွေပျက်စီးမှာပါ တဲ့...ဒီလိုစကားက ကျနော်တို့ရင်ထဲထိတော့ထိတယ်ဗျ...ဒါပေမယ့် positive sense နဲ့မထိပဲ negative sense မကောင်းမြင်ခြင်းနဲ့ ထိတာပါ၊ ဒါကြောင့် ကျနော်တို့လူငယ်တွေနဲ့လူကြီးတွေ မတည့်ကြတာပါ၊
လူကြီးတွေအနေနဲ့ မိမိပေးချင်သော message အကြောင်းအရာကို လူငယ်တွေpositive အတွေးနဲ့မြင်အောင် နည်းလမ်းသုံးပါ ၊....
ကျနော်တို့လူငယ်တွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းအပြည့်ရှိကြပါတယ်၊ ယခုအခြေအနေမှာထိုအရည်အချင်းကို ပြုစုပျိုးထောင် ရမည့်အစား ချိုးနှိမ်နေကြပါတယ်၊ ဒါကြောင့် မိမိစကားတစ်ခွန်းဟာ လူငယ်တွေကို အနှစ်သာရ ရှိစေမယ့်စကား ဖြစ်စေချင်ပါတယ်၊...
ကျနော်တို့လူငယ်တွေက စိတ်မရှည်တတ်တဲ့အကျင့်ရှိကြပါတယ်၊ တခုခုဆို တုံးဆိုတိုက် ကျားဆိုကိုက် ရမှ ကျေနပ်ကြတဲ့၊သွက်လက်ကြတဲ့လူငယ်တွေဖြစ်ကြပါတယ်၊ လူကြီးတွေမှာလည်း ငယ်ရာမှကြီးလာတာ ဆိုတော့ကာ လူငယ်တွေစိတ်ကိုနားလည်နိုင်မယ် ထင်ပါတယ်၊ ဒါကြောင့် ကျနော်တို့လူငယ်တွေရဲ့စိတ်မှာ positive အတွေး ဝင်သွားစေမယ့် ဆုံးမစကားမျိုး ပြောပြ၊နားချပေးပါ၊..
လူကြီးသူမ တွေရဲ့ စကားအများစုဟာ လူငယ်တွေအတွက် negative sense ဖြစ်ကြတာ များပါတယ်၊...
ကျနော်တို့လူငယ်တွေသည် negative sense ထက် positive sense ရမယ့်အတွေး၊စကားအနည်းအကျင်း ကိုသာ နားထောင်လိုကြပါတယ်၊
ဘယ်သူမဆို မိမိပျိုးသောပန်း လှစေချင်တာ အမှန်ပါ၊...ဒါပေမယ့်ပျိုးနည်းတော့မှန်ကန်ပါစေ
မိမိပျိုးလိုက်သောပန်းများကြောင့် ဝမ်းသာပီတိဖြစ်နိုင်ကြပါစေဗျာ...
ပျိုးသောပန်း လန်းပါစေ...
ကျနော်လူငယ်တစ်ယောက်အနေဖြင့် ရင်ဖွင့်စကားအနေဖြင့် ရေးသားထားခြင်းသာ ဖြစ်ပါတယ်ဗျာ...
ကျနော့်အတွေး၊အရေးတွေကို သဘောမကျလျှင်လည်း တောင်းပန်အပ်ပါတယ်
အပြစ်သဘောမပါသလို...လူကြီးတွေရဲ့ပြောင်းလဲသင့်သည့်အချက်များ အနည်းငယ်ကို ဖော်ပြခင်း သက်သက်ပါ
=========================
တစ်ကားတည်းစီး ခရီးသွားများ...
ကျနော်တို့Steemit Usersတွေသည် တစ်လမ်းတည်းသွားနေသော ခရီးသွားများနှင့်တူတယ်၊ ကျ နော်တို့ဟာ လူ့ပတ်ဝန်းကျင်တွင် နေထိုင်ကြသည်ဖြစ်ရာ လူမှူရေး၊စီးပွားရေး ၊ပညာရေးစသော ကဏ္ဍ အသီးသီးတွင် အခက်အခဲတစ်ပွေ့တစ်ပိုက်နဲ့ Steemit ဟုခေါ်သော လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေကြသောသူ၊ခရီးသွားဖော်များ ဖြစ်ပါတယ်၊ ဒါကြောင့်လူတိုင်းသည်ပုတုဇဉ် လူသားဖြစ်ရာ အားလျော့ခြင်း၊ ပျင်းရိခြင်းများဖြင့် လမ်းမှာ ပြတ်ကျန်ခဲ့မှာ အသေအချာပါပဲ သို့ပေမယ့် ထိုသို့ပြတ်မကျန်ခဲ့စေရန် ခရီးသွားတစ်ဦးနှင့်တစ်ဦး ဖေးမကူညီရင်း Steemit လမ်းမကြီးကို ချောမောစွာ လျှောက်လှမ်းသင့်
့ပါတယ်၊...
ထိုနည်း၎င်း ကျနော်တို့လျှောက်တဲ့လမ်းမှာ မနာလိုသူတွေ၊ ဘေးပြောတတ်တဲ့သူတွေစတဲ့ဆူးညောင့်ခလုတ်တွေ ရှိမှာဖြစ်တဲ့အတွက် ကျနော်တို့ဟာ ထိုကိစ္စများကို အာရုံထဲမထားပဲ ရှေ့ဆက်လျှောက်လှမ်းသင့်ပါတယ်၊ ခွေးဟောင်တိုင်း ထကြည့်လျှင် အိပ်ရေးပျက်မည်ဖြစ်သည်၊...
ကျနော်တို့Steemit Myanmar Groupကြီးမှာလည်း တနေ့ပြီးတနေ့ အဆင်ပြေချော့မွေ့အောင် ကြိုးစား စီစဉ်နေကြဆဲပါ၊..
ကျ နော် steemit platform ပေါ်တွင် စ ရောက်ခါစတုန်းက postတိုင်းမှာ 0.01$လောက်နဲ့ ကျေနပ်ခဲ့ရပါတယ်လို့ပြောလျှင်စာဖတ်သူတို့ယုံမည်မထင်၊...ကျနော်အင်မတန် စိတ်ဓာတ်ကျခဲ့ဖူးပါတယ် ၊ သို့ပေမယ့် အဖွဲ့အစည်းနှင့်တကွ လုပ်ဆောင်လာတဲ့အခါမှာတော့ Leader ရဲ့ကြိုးပမ်းမှူတွေကြောင့် ကျနော်တို့မြန်မာmembersတိုင်းမှာ ပုံသေရနိုင်တဲ့ $ ရအောင် ကြိုးပမ်းနိုင်ခဲ့ပြီ..ထိုပုံသေရနေသော$များမှာ အဖွဲ့ အစည်း တခုက ကူညီသည်ဖြစ်ရာ ရေရှည်ကူညီမည်မဟုတ်သောကြောင့် ဒီတိုင်းဆက်သွားလျှင် ကျနော်ကြုံခဲ့သော 0.01$နဲ့အိပ်တဲ့ည တွေ များလာပါလိမ့်မယ် ....ဒါကြောင့် ထိုသို့မဖြစ်ရလေအောင် ကျနော်တို့ရရှိတဲ့ $sbd တွေကို steem power အဖြစ်ပြောင်းလဲကာ ထိန်းသိမ်းရင်း တခြားအဖွဲ့ အစည်း က မကူညီသည့်အခါမှာ အားလျော့ခြင်းများ မဖြစ်ရလေအောင် sp power တွေစုထားကြစေချင်ပါတယ်၊......
ထပ်ပြောပါမယ်ခင်ဗျာ..ကျနော်တို့ဟာ တလှေတည်းသွား၊တစ်လမ်းတည်းသွားခရီးသည်တွေပါ....
အရေးကြီးသောတစ်ခုဖြစ်တဲ့ Copy post,Crd postများ
ယခုအသစ်သစ်တွေတိုးလာတာနဲ့တပြိုင်နက် ကွကို မစူးစမ်းပဲ မတင်ကြပါနဲ့ခင်ဗျာ
Steemit ဟာ fbနဲ့မတူပါ..ဘယ်လိုစည်းကမ်းချက်တွေရှိလဲဆိုတာ သိအောင်လေ့လာပါ.....လိုအပ်ရင် ကျနော်တို့ကိုလည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ....
Copy or Crd post တင်တာနဲ့တပြိုင်နက်
Cheetah ဆိုသော robot ဟာcopy post အောက်တွင် ဝင်မန့်မည်၊ထိုဖြစ်လာလျှင်
ကျနော်တို့profile ဘေးတွင်ရှိသော reputation နံပါတ်လေးရဲ့ တိုးတက်မူဟာ လျော့ပါး လာပါမယ်...
ရိုင်းရိုင်းပြောရလျှင် သူခိုးတစ်ယောက်အနေဖြင့် ပြစ်မှူမြောက်တဲ့အပြင် Steemit Board မှာ myanmar လူမျိုး ဘယ်သူဘယ်ဝါသည် copyလုပ်ပါသည် ဟု တင်ပါတယ် ထိုစာရင်းထဲတွင် ပါလာသည်နှင့်တစ်ပြိုင်နက်တည်း ကျနော်တို့မြန်မာလူမျိုးအကုန်လုံး နစ်နာရတယ်၊ မျက်နှာပျက်ရပါတယ် အခြားအဖွဲ့အစည်းနဲ့ယှဉ်လျှင် များစွာ မျက်နှာငယ်ရပါတယ်...ဒါကြောင့် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး အပုပ် မခံရလေအောင် copy ,crd post များ လုံးဝ မတင်ကြပါနဲ့ဟု တိုက်တွန်းလိုက်ပါရစေ...
အိမ်နီးချင်းနိုင်ငံတွင် အဘက်ဘက်မှ နိမ့်ကျနေသော ကျနော်တို့နိုင်ငံက မြန်မာတွေ အထင်သေးမခံရအောင် ကြိုးစားကြပါ၊...နည်းပညာဘက်တွင်လည်းကောင်း၊လူမှူရေးတွင်လည်းကောင်း၊စီးပွားရေးတွင်လည်းကောင်း တိုးတက်အောင် လျှောက်လှမ်းကြစေချင်၊...
တခြားနိုင်ငံများမှ အထင်သေးတာ မခံရအောင် ကြိုးစားကြပါ၊...လက်ဖက်ရည် ဆိုင်မှာ အချိန်ကုန်မည့်အစား Steemit ပေါ်မှာ လျှောက်လှမ်းရင်း ဗဟုသုတအပြင် $များကို ရယူကြပါ၊....
ကျနော်တို့မြန်မာလူတွေသည် Steemit ဟုခေါ်သော ကားပေါ်မှာ လိုက်ပါစီးနင်းကြသော သူများဖြစ်ရာ...တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်း Steemit ပေါ်မှာ MYANMAR ဆိုတဲ့ စကားလုံး အထင်အရှားရှိစေချင်တယ်၊.....
ကျနော်တို့မြန်မာတွေအတွက် Steemit ပေါ်မှာ MYANMAR အသိအမှတ်ပြုလိုက်ပြီဆိုရင် ကျနော်တို့ကြိုးစားသမျှဟာ အလကားမဖြစ်ပဲ ကျနော်တို့ယနေ့မှာ ရုန်းကန်နေရသည့် စားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းပေးမည့်အဆင့်သို့ ပင် ရောက်ရှိနိုင်ပေမည်၊ သို့ပေမယ့် စည်းကမ်းမရှိ Copy တွေလုပ် ၊ ကူညီဖေးမခြင်းမရှိရင် ကျနော်တို့မြန်မာတွေ အခု Steemit ပေါ်မှာ မျက်နှာငယ်စရာဖြစ်လာမယ်၊...ဒါကြောင့် ကျနော်တို့လူငယ်တွေ ပီပီ မလျော့သော ဇွဲနဲ့ ကြိုးစားကြရင်း $တွေ ရရှိအောင် စွမ်းဆောင်ကြရအောင်လားဗျာ....
ကျနော့်စာကို ဖတ်ရှူကြတဲ့ညီအကိုမောင်နှမ အားလုံးကျေးဇူးတင်ပါတယ် ဗျ ...
မှားနေတာရှိရင်လည်း ဖြည့်စွက်၍ ဖတ်ပေးကြပါလို့...တောင်းဆိုပါတယ်...
ဘယ်သူဘာပြောပြော ကျနော်ကတော့
Steemit ကို ချစ်ပါတယ်.......(>‿♥)
Written by yairthiha
Steemit Myanmar
အတွေးအမြင်တွေ ကြိုက်တယ်ဗျ
ကြိုက်ရင် vote....ဟဲဟဲ
power down
ကောင်းပါတယ
Good
မနေ့ညကပြောင်းလဲပေးလိုက်ပီလေ
Fighting လူငယ်များ
Good
Very good please follow me
Thanks,I already follow you .I always follow myanmar
vote p hey
စာရေးဆရာ လုပ်သင့်နေပါပြီ ကိုရဲ
ဒါ သက်သက် ဖဲ့ပြောင်တာ သိသာဒေ....ကျေးဇ
ငိ ဂယ်ပါ ...ညီလေး...😃
Do you have T.P. for my bunghole? I would hate for my bungholio to get polio.
အဲ အင်္ကျီ အခုထိ မလျှော်သေးဘူးလား
အာ့ပုံပဲ...တင်တာလေ..အကိုကလဲဂျာ...ငင့်
thanks for sharing bro. good post.