သာယာသောနေ့တနေ့မှာ ကျနော် လေကောင်းလေသန့် ရ အောင် တံတားပေါ်ကို လမ်းလျှောက်ထွက်ခဲ့သည်၊ ကံကောင်းချင်တော့ ရှော်တီတချို့လဲ လမ်းလျှောက်လာသည်နှင့်တိုးသည်၊အင်မတန်မှ အေးခဲနေတဲ့ ကျနော်စိတ်သည် မြူနှင်းကြားမှာ မီးခဲပမာ ထကြွလာခဲ့သည်၊သို့ပေမယ့်အဝေးမှာ ရှိတဲ့ချစ်သူကိုပြန်တွေးရင်း တစ်ချက်ပြုံးလိုက်သည်။ဒီလိုနဲ့ မနက်စာ Breakfast စားဖို့ ကမ်းနားရှိ ရွှေလှေဟူသော လက်ဖက်ရည်ဆိုင်သို့သွားရောက်ပီး မနက်စာစားကာ စာရေးသူ၏မနက် ကုန်ဆုံးခဲ့သည်၊
ရုံးကို ခွင့်ယူကာ နားမည်ဟု ဆိုထားသော ဤနေ့တွင် နေ့ခင်းအချိန်၌ သောင်ပြင်မှာ ဘီယာလေးမော့ရင်း ဇင်ယော်ငှက်တွေ ပျံသန်းနေသည်ကို ရှူမဝ ခံစားရင်း သဘာဝ နှင့် ခဏတာ ထိတွေ့ခဲ့သေးသည်၊.....နေ့ခင်းအချိန်ကုန်ဆုံးပြီး ညနေစောင်းမှ ကမ်းနားလမ်းပေါ်က အကင် တုတ်ထိုးဆိုင် သွား၍ အကင်စားကာ တစ်ယောက်တည်းသောသူကိုသတိရမိသေးသည်၊ညနေ စောင်းပြီး အနည်းငယ်အမှောင်ကျလာချိန်၌ ကမ်းနားလမ်းတစ်ခုလုံး ရှင်းလင်းကာ အရင်နေ့ကလို လူမရှူပ်ပဲ ဖြစ်နေသည်၊အဘယ်ကြောင့် ဆိုသော် အားကစားကွင်းတွင် IC SHOW ပွဲရှိ၍ ဖြစ်သည်၊ထိုနေ့က စာရေးသူ show ပွဲမရောက်ခဲ့ပါ၊အကြောင်းမှာ Tickets မဝယ်နိုင်၍ဖြစ်သည်၊
ဒီလိုနဲ့ မနက်က ည တနေကုန် တနေ့တာရဲ့ အချိန် ကုန်ဆုံးတော့မည့်ဆဲဆဲ ည ၈နာရီ ခန့်တွင် မကွေးမြို့ရဲ့ အဓိက လမ်းမ ကြီး စာရင်းဝင် လမ်းငါးသွယ် တွင် Camera ရိုက်၍ အလှဖန်တီးမည့်အတွေးဝင်ကာ long exposure ဆွဲခဲ့သေးသည်၊ ထိုအချိန်က လက်မငြိမ်သောကြောင့် အနည်းငယ် ဝါးခဲ့သည်၊
ဘာပဖြစ်ဖြစ် ပျော်ခဲ့မိသည်၊ရုံးမှာပဲ အချိန်ကုန်သည်များသောကြောင့် တခါတလေ အပျော်ခရီးထွက်ခြင်းသည် လူတစ်ယောက်တွင် လွန်စွာ လိုအပ်ပေသည်
၊အဝေးမှ IC SHOW ပွဲအသံ တွေ ကြား၍ သွားချင်သော်လည်း လက်မှတ်မရှိ အဝေးကပဲ နားထောင်ကာ လိုက်ဆိုခဲ့သည်၊
ကင်မရာ ပုံလေးကို ကျိရင်း လက်မငြိမ်သောကြောင့် ဝေဝါးနေသော်လည်း လှသည်၊မိုက်သည် ခေတ်စကားဖြင့်ပြောရလျှင် အလန်းပဲ ပေါ့ဗျာ၊စာရေးသူကိုင်ဆောင်သည်မှာ ကင်မရာအကောင်းစားမဟုတ်ပေ၊သို့သော် တတ်နိုင်သောအရာဖြင့်သာ ဖန်တီးသောအလှတရားသည် ပို ၍ လှ သည်၊ လမ်းငါးသွယ်အနီးရှိ အကိုဝမ်းကွဲ အိမ်ရှေ့တွင် ထပ် ဆွဲ ရိုက်ခဲ့သော Long Exposure တပုံမှာလည်း အင်မတန်လှသည်၊
တနေကုန် ကုန်ဆုံးလေ့ရှိသည့်ရုံးပုံများနှင့် ကျနော် ရိုက်ကူးခဲ့သော Long Exposure များအား အောက်တွင် ဖော်ပြလိုက်ပါသည်
သာယာသောနေ့ဖြစ်ပါစေဗျာ
စာရေးသူ yairthiha
Photos from yairthiha
MSC 003
ကောင်းပါတယ် ဒါပေမဲ့ မြို့မပါတော့ ဘယ်မှာဆိုတာ ပုံဖော်ရခက်တာ တစ်ခုပါပဲ
မကွေးမြို့မှာပါ
done vote
ကျေးဇူး သားရီး
ဝင်ဖတ်သွားသည်
ကျေးဇူး အကိုအတာ
Good tal :-)
ကျေးဇူးပါဗျ
အလုပ်ရှုတ်မယ့်ရုံးပဲနော်၊ပုံကြည့်ရတာ
ရှုပ်ဆို စော်ပဲ ငေးနေတာ အာဟ ...
ဟျောင့် မိုက်တယ်ကွာ😜
အေးကွာဟျောင့် မိုက်တယ် ဟျောင့်
ဘဝတူလေးတွေလာတွေ့နေတယ်။ကျွန်တော်လည်း IC showကြည့်နိုင်သေးဘူး။
အကိုက မကွေးကလား ....ငိငိ
ရွှေဘိုသားပါ။အခုအင်းတကော်မှာနေပါတယ်။
Good!!!!! I upvote u
Good
အလုပ်တွေပုံနေသလိုပဲရုံးက
ကျွန်မလည်းဘယ်Showပွဲမှ မကြည့်နိုင်သေးပါဘူးရှင်။
အလုပ်က အားတယ်လို့မရှိဘူးအစ်ကို
အောက်ဆုံးကပုံလေးလှတယ်။
အောက်ဆုံးကပုံလေးလှတယ်။
ဖတ်သွားသည်
ဓာတ်ပုံရိုက်တာလည်းအနုပညာပဲ
သာယာသောနေ့လေးပါဗျာ
သာယာသော တစ်နေ့တာ
အဲ့တာလည်း ရေးတာပဲလားး
ရေးတတ်တော့လည်းဖတ်ကောင်းတာပဲဗျို့
Good
မိုက်မိုက်
ကြိုးစားညီရေ တစ်နေ့တော့ IC Show ပွဲက ညီလေးရှေ့ ရောက်လာမယ်။
မကွေးက ခုတအားတိုးတက်နေပြီနော်။
အရင်တုန်းက 17 လမ်းမှာ နေဖူးတယ်။
You got a 1.15% upvote from @nado.bot courtesy of @yairthiha!
Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.