မနက်ပိုင်းထက် ညဘက်မှာ ပိုလုပ်သင့်တဲ့အရာအချို့
မနက်အိပ်ရာနိုးတာနဲ့ ရေချိုးတာလိုမျိုး မနက်ပိုင်းမှာ ပုံမှန်လုပ်ဆောင်နေတဲ့အရာတွေအများကြီးရှိပါတယ်။
ဒါပေမဲ့ သုတေသီတွေရဲ့ လေ့လာမှုတွေအရ အချို့အရာတွေက မနက်ပိုင်းထက် ညပိုင်းမှာပိုလုပ်သင့်တာ လေးတွေလည်းရှိနေပါတယ်။
** လူတော်တော်များများက မနက်ခင်းမှာ လမ်းလျှောက်ကြပါတယ်။ ညပိုင်းလမ်းလျှောက်တာက တစ်နေ့လုံးအတွက် စိုးရိမ်စရာတွေ၊ စိတ်ပူပန်မှုတွေကို လျော့ချပေးနိုင်သလို ကောင်းကောင်းမွန်မွန် အိပ်ပျော်စေနိုင်ပါတယ်။
** နောက်နေ့အတွက် အစီအစဉ်ရေးဆွဲတဲ့အခါမှာဆိုရင်လည်း မနက်မှာရေးတာထက် ညဘက်မှာ သေသေချာချာ စဉ်းစားပြီး အစီအစဉ်ရေးဆွဲတာက ပိုသင့်တော်ပါတယ်။
** အလုပ်၊ကျောင်း ဒါမှမဟုတ်အပြင်ကိစ္စသွားစရာလာစရာရှိတယ်ဆိုရင် ညကတည်းက ဝတ်မယ့်အဝတ်အစား သေချာပြင်ဆင်ထားတာပိုကောင်းတယ်။ မနက်ဆိုရင် အစီအစဉ်အတိုင်း ထလုပ်လိုက်ရုံပါပဲ။
** ယောဂကျင့်တာ၊ စိတ်ငြိမ်သက်အောင် တရားထိုင်တာလည်း ညဘက်မှာပြုလုပ်တာပိုအဆင်ပြေပါတယ်။ ဒါမှသာ အာရုံစူးစိုက်နိုင်ပြီး တည်ငြိမ်အေးချမ်းနိုင်မှာဖြစ်ပါတယ်။
** ရေချိုးရင်လည် ညဘက်မှာရေအေးအေးနဲ့ ရေချိုးနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့သကြားဓာတ်ပမာဏကို ညီစေပြီး ၊ အညောင်းအညာပြေစေပါတယ်။
** ဦးနှောက်ရဲ့လုပ်ဆောင်မှုက ညဘက်မှာပိုကောင်းတယ်လို့ဆိုပါတယ်။ ဒါကြောင့်မှတ်မိချင်တဲ့အရာတွေကို ညဘက်မှာ ဖတ်တာ လေ့လာတောင်လုပ်သင့်ပါတယ်။
** အိပ်ရာမဝင်ခင်မှာခေါင်းဖြီးပေးမယ်ဆိုရင် ဆဲလ်အသေတွေနဲ့ဗောက်တွေကို ကင်းစင်စေနိုင်ပါတယ်။ ခေါင်းဘီးနဲ့ ခပ်ဖွဖွလေးနှိပ်နယ်ပေးခြင်းက အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကိုပို့ပေးသလို ဖြစ်ပါတယ်။
Written..@yehtetaung
World of Photography
>Visit the website<
You have earned 6.50 XP for sharing your photo!
Daily photos: 2/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-15T13:59:51
Total XP: 241.50/200.00
Total Photos: 37
Total comments: 1
Total contest wins: 0
Follow:
Join the Discord channel: click!
Play and win SBD:
Daily Steem Statistics:
Learn how to program Steem-Python applications:
Developed and sponsored by: @photocontests@fairlotto@dailysteemreport@steempytutorials @juliank
Nice