နွေရင့်နှင်းစက်.... ၃
Crd org source
ထင်မင်းက ထင်တာထက် ပိုယုတ်မာလွန်းတယ်။ ထင်မင်းရဲ့ facebook account မှာတင်ထားတဲ့ status တွေက သူမနဲ့ သူကပဲ လွန်လွန်ကျူးကျူး ဖြစ်ထားလေသယောင်..သူမကပဲ အနေအထိုင်မတတ်စွာ ကျောင်းစရိတ်ကို ညစ်ညမ်းတဲ့လောကထဲ ဝင်ပြီး ရှာဖွေနေခဲ့သယောင်..သူမဟာ အကျင့်သိက္ခာမဲ့လွန်းသူတစ်ယောက်ပုံစံကို နာမည်မဖော်ပေမယ့် ရင့်ရော်ကြမ်းတမ်းစွာရေးထားခဲ့ခြင်းဖြစ်လေသည်...။
လောကကြီးထဲမှာ အထူးသဖြင့် သူမရဲ့ဘဝအတွက် တစ်စိတ်တစ်ဒေသ ပတ်သက်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓာတ်တွေဟာ အဲ့ဒီလောက် အောက်တန်းကျလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးခဲ့မိဖူးပါ။သူမရဲ့ဘဝဟာလည်း လူတစ်ယောက်ရဲ့ ပယောဂသက်သက်နဲ့ ပျက်စီးခြင်းတွေထဲ ထည့်သိုခံရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးပါ။
အခုတော့ သူမထိန်းသိမ်းခဲ့တဲ့ သိက္ခာက ဘာလဲ။အဲ့ဒီသိက္ခာတွေဆိုတာ ဘယ်မှာများလဲ...
.............................
Crd org source
" လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ...ငါ့လို မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ ဘာလဲ နဒီ..ပြောစမ်းပါ..ငါ့ကို ပြောစမ်းပါ....ငါ ဘယ်မှာ ရှာရမလဲဟာ...."
" ယုယရယ်...ထင်မင်းရဲ့ စိတ်ဓာတ်တွေကိကု ယုတ်ညံ့လွန်းတာပါဟာ..နင်မငိုပါနဲ့ "
နဒီက မငိုပါနဲ့တဲ့။
သူ့အလိုလို ကျလာနေတဲ့ မျက်ရည်တွေကိုတော့ သူမ မတားဆီးချင်တော့ပါ။ရုံးထဲဝင်လိုက်ချိန် လူတချို့ရဲ့မျက်ဝန်းတွေဟာ သူမကို ဘယ်လို ကြည့်နေကြသလဲဆိုတဲ့ သံသယက သူမကို ကြောက်လှန့်နေစေခဲ့ပြီ...
ဟိုတစ်ခါ သူမအပေါ်ညံ့သက်ရီဝေတဲ့ အကြည့်တွေနဲ့ကြည့်တတ်တဲ့ ဒါရိုက်တာရဲ့ အကြည့်တွေမှာလည်း လှောင်ရိပ်စွန်းစွန်းတွေနဲ့ ရိသဲ့သဲ့တွေလို ဖြစ်လာခဲ့ပြီ...
ကျွန်မ..ဘာလုပ်ရမလဲ....
ကျွန်မ ဘယ်လို လုပ်ရမလဲ....
သူမရဲ့မေးခွန်းတွေက သူမကို နှိပ်စက်လွန်းလှကြပြီ။အာရုံဝင်စားရခက်လာတဲ့အလုပ်တွေမှာ စိတ်နဲ့လူနဲ့မကပ်လို့ အမှားအယွင်းများစွာ...
" မင်း ဘယ်လို ဖြစ်နေတာလဲ ယုယ..အလုပ်ကို ဂရုစိုက်မလုပ်တာလောက် စိတ်ပျက်ဖို့ ကောင်းတာမရှိဘူး ..ဟိုတစ်ခါလည်း မှားပြီး အခုလည်း မှားပြန်ပြီ မင်းကို ဘယ်နှခါပြောနေရမှာလဲကွ.."
" ဟုတ်...ဟုတ်...ဂျာကြီး နောက်တစ်ခါ မမှားဖို့ ကြိုးစားပါ့မယ်။ အခွင့်အရေးပေးပေးပါနော် ..တောင်းပန်ပါတယ်..."
မန်နေဂျာကိုပဲ တောင်းပန်နေရတာလည်း ကြာရင် အကျင့်ပါမှာတောင်ကြောက်နေရလေပြီ။
" ယုယရယ်...နင် အဆင်ပြေရဲ့လားဟာ "
နဒီကို အပြုံးယဲ့ယဲ့ပဲ သူမ ပြုံးပြနိုင်တော့တယ်။သူမဒီခွန်အားတွေကိုတောင် မနည်းးဖျစ်ညစ်ထားခဲ့ရတာလေ..။
" နဒီ..."
သူမ ညရဲ့ လရောက်ကို ငေးရီရင်း နဒီ့ကိုခေါ်လိုက်မိတယ်။အဆောင် ဝရန်တာမှာ အတူတူ ထိုင်ကြရင်းမှ တိမ်တွေကြားထဲ ငုတ်ချည်ပေါ်ချည်နဲ့ လမင်ကြီးကို ငေးကြည့်ရင်း သူမမပွင့်တပွင့် ခေါ်လိုက်မိခြင်းပါ။နဒီက သူမခေါ်ကို မတုန့်ပြန်ပေမယ့် သူမကိုသာ ငေးစိုက်ကြည့်နေဖြစ်တယ်။
" ငါ့ဘဝမှာ အစကတည်းက ရုန်းကန်ခြင်းတွေနဲ့ပဲ စခဲ့ရတယ်ဆိုပေမယ့် ငါ့ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့တော့ ဘယ်တော့မှ အထိခိုက်မခံခဲ့ရဖူးဘူး။ငါက ဆင်းရဲပါတယ်ဟာ..ငါ့အိမ်မက်က ပညာတတ်တစ်ယောက်ဖြစ်ချင်တာ..ငါ့ဘဝကို ပညာနဲ့ထိန်းကျောင်းပြီး ပညာနဲ့ပဲ လုပ်စားချင်တာ ပညာနဲ့ပဲ အခြေချချင်ခဲ့တာပါ။ လူငယ်တစ်ယောက်ရဲ့ဘဝ ဖြတ်သန်းမှုမှာ စိတ်ကစားခဲ့တဲ့ လှုပ်ခတ်မှုက အခုအချိန်အထိ ငါ့ကို အရိပ်လိုခြောက်လှန့်နေခဲ့မယ်လို့ ငါမထင်ခဲ့မိဘူး..။ထင်မင်းလတ်ဟာ ဘယိုလလူစားလဲဆိုတာ ငါအခုထိ နားမလည်နိုင်သေးဘူး..။သူက ကစားပွဲကို ဖန်တီးတာ ဖြစ်ချင်ဖြစ်မယ်။ ငါကတော့ ငါ့စိတ်ဓာတ်တွေ သေဆုံးနေကုန်ပြီဟ..."
သူမ စကားသံခဏရပ်တန့်လိုက်မိတယ်။ လရောင်ရဲ့ထိတွေ့မှုနဲ့ သူမရဲ့ပါးပြင်ထက်မှာ မျက်ရောက်တွေ လက်နေတာ နဒီမြင်နေပါလိမ့်မယ်။သူမ မျက်ရည်တွေကို လက်ဖဝါးနဲ့ ဖိသုတ်လိုက်ပြီးမှ ဆက်ပြောလိုက်တယ်။ပြီိးတော့ ဝရန်တာကိုနောက်ပြန်ထိုင်ချလို့ မှီရင်း
Crd org source
" နင်သိလား နဒီ..မနေ့က ငါရုံးကအပြန် ထင်မင်းက လိုက်လာခဲ့တယ်။ငါ့ဘေးကနေ စကားတွေ လိုက်ပြောနေခဲ့တာ ..ငါ့ကို လက်ဖက်ရည်ဆိုင်တစ်ခုထဲကို အတင်းခေါ်နေခဲ့တာ..။ လူတွေအများကြီးကြားမှာ ငါ ရှက်လွန်းလိုက်တာဟာ.."
"ဘာ...နင်က လိုက်သွားတာလား ယုယ"
သူမမချိပြုံးပြုံးလိုက်ပြီး
" လမ်းမလယ်မှာ ဣနြေ္ဒစုတ်ပဲ့နေရတာရယ် ခြိမ်းခြောက်ခံရတဲ့ အခိုက်အတန့်ရယ်ဆိုရင် မိန်းကလေးတိုင်း ဆုံးဖြတ်မိမယ့် ဆုံးဖြတ်ချက်တစ်ခုပါပဲ နဒီ.."
" သူဘာတွေ ပြောလိုက်လဲ.."
" ထုံးစံအတိုင်း ငါ့ကိုနှောင့်ယှက်ဖို့ပဲဟာ အရေမရ မဖတ်မရပေါ့.."
သူမ ငေးရင်း ပြောနေခဲ့ပေမယ့် ထိုပုံရိပ်တွေက မေ့မရခဲ့ပါ။ထင်မင်းရဲ့ ပြုံးချိုနေတဲ့ မျက်နှာက သူမနဲ့ ဘာမှ မဖြစ်ကြတဲ့အတိုင်းထင်မင်းက မျက်နှာပြောင်တတ်လွန်းခဲ့သူလေ....
သူမ မနေ့က ကျခဲ့တဲ့မျက်ရည်တွေက သူမရဲ့ သိက္ခာတွေအတွက်သက်သက်ပဲ ရှိတော့တယ်ဆိုတာ သူမကိုယ် သူမသေချာ သိနေခဲ့ပါတယ်..။
လမင်းကတော့ ပုန်းလျှိုး ကွယ်လျှိုး ရှိနေဆဲ...
ပတ်ဝန်းကျင်ကလည်း သူမတို့နဲ့အပြိုင် တိတ်ဆိတ်နေဆဲပင်....
"ယုယ...."
"ဟင် "
အပိုင်း..၄ သို့
Writter @yekungsatthone
Msc 213
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.jcpenney.com/
အသာလုပ်ပါဗျာ
ကျနော်လဲ cheetah မိတာ ဝကြည့်တော့ 18+ နေရကြီး😣
ငင့်..အ့ာဆို ကြည့်တော့ဘူး..😜😜
ဆက်အားပေးပါ့မယ်...
ကျေဇူးပား
ဟ ဘယ်လိုဖြစ်တာလဲ။ဒီနေ့postတွေမှာ ချိတွေလမ်းမှားရောက်နေတယ်
😣😣😣
ဒီတပတ်တင်တာ g3က cheetah 3ယောက်တောင် လျောက်ပို့နာ @cheetah is bad robot😒
စိတ်ပျက်စရာ ချိတက်..
ရသမြောက်တဲ့ အခန်းဆက်လေးပါဗျာ 😊😊
ဟုတ်ဗျ
နောက်အပိုင်းဆက်မျော်နေပါ့မယ်
ဟုတ် အားပေးပါအုံးဗျ
မိန်းကလေးခမျာ သနားစရာ
ဟုတ်ဗျ
ချိတက်လာလည်တယ်တော့
အေးဆို