တံခါးသည် တဖြည်းဖြည်း ပွင့်ဟသွား၏။ညှင်းသွဲ့တိုးလျသော ရှိုက်သံသည် သူ့ထံ ပျံ့လွှင့်လာလေသည်။
မြင်ကွင်းသည် တဖြည်းဖြည်းကျယ်ပြန့်လာသောအခါ..
" ဟင် "
သူ့နှလုံးခုန်သံသည် ယမ်းခါလျက် သူ့မျက်လုံးအိမ်သည် ဝေဝါးမှုတို့ဖြင့်။ သူ တံခါးကို အသာလေး ပြန်လှည့်ပိတ်လိုက်ပြီး ထိုအရှေ့မှ လှည့်ထွက်လိုက်ပြီး မျက်ရည်တွေကို သုတ်ပစ်လိုက်မိသည်။
" ဟေး..ဟေး...."
ခေါ်သံကြောင့် သူလှည့်ကြည့်လိုက်မိတော့ အမျိုးသမီးတစ်ယောက် ရေသန့်ဘူးနဲ့ အထုပ်အချို့ကို ဆွဲလျက် သူ့ကိုခေါ်နေခြင်း ဖြစ်သည်။သူရပ်ကြည့်နေစဉ် သူ့အနားသို့ ရောက်လာခဲ့ပြီး
" အခန်းနံပါတ် (.....)ကိုလာတာ မဟုတ်လား.."
သူပြုံးယောင်သန်းပြီး ခေါင်းခါပြလိုက်မိသည်။ပြီးနောက် သူ့ခြေလှမ်းတို့သည်..
ထိုနေရာမှ ...ဝေးသထက်....ဝေးရာဆီသို့...
တစ်နှစ်ဆိုသော အချိန်တို့ လွန်မြောက်ပြီးချိန်..
" နင်...နင်....ရှိုင်း မဟုတ်လား.."
ပုဂံမြေရဲ့ ဆည်းဆာချိန်မှာ နားရွက်ထောက်နေသည့် ဆံပင်တို့ကို သိမ်းလှန်ဖြီးလျက် နေကာမျက်မှန်နက်ကို တပ်ထားသည့်တိုင် မေ့ပျောက်ရန်ခက်ခဲသော ရုပ်ရည်ပိုင်ရှင် ရှိုင်းအား နဒီ ကောင်းကောင်း မှတ်မိနိုင်ပါသည်..။
ပါးစပ်တို့ ပွင့်ဟသွားသည့် ထိုသူသည် မျက်ဝန်းတို့ကို မမြင်နိုင်သည့် အဖြစ်ကို အကာအကွယ်ယူရင်း..အံ့သြစိတ်ကို ဖုံးကွယ်ပစ်လိုက်ရင်း ချွတ်မလို ဖြစ်သွားသည့် မျက်မှန်းကို ပြန်လည်ပင့်တင်လိုက်ရင်း..
"မစ္စ လူမှားနေပါပြီ.."
လှည့်ထွက်သွားသည့် ခြေလှမ်းတို့သည် တစ်ခုခုကို ဖုံးကွယ်ထားမှန်း နဒီ သိလိုက်သည်။
အခြေအနေတစ်ခုကို ရင်ဆိုင်ဖို့ထက် ရှောင်တိမ်းတတ်သော လူမျိုးကို နဒီမုန်းသည်။တစ်ချိန်က သူမ သဘောကျခဲ့ဖူးသော ရှိုင်းဆိုသည့်လူသည် ထိုသို့သော လူမျိုး ဖြစ်နေသည့်အဖြစ်သည်..
နဒီ လက်ခံနိုင်ဖို့ ခက်ခဲစွာ ခြေလှမ်းတွေနောက် ပြေးလိုက်သွားပြီး ခြေလှမ်း နှစ်ဆယ်လောက် အကွာအဝေးမှ လူကို လူကြားသူကြားထဲမှာပင် နဒီ အော်ပြောပစ်လိုက်မိသည်..။
"ရှိုင်း...ရှင် ယုယကို မှတ်မိလား..."
အပြေးလှမ်းနေသော ခြေလှမ်းတို့သည် တဖြည်း ဖြည်း လေးပင်သွားပြီး နေရာမှာပင် ရပ်တန့်နေသည်။
နဒီပြေးသွားလိုက်ပြီး
" ရှင် ဘာလို့ ညာတာလဲ။ယုရဲ့အဖြစ်တွေကို ရှင်သိခဲ့လို့လား .."
Credit image
"ကျွန်တော် စိတ်မဝင်စားချင်တော့ဘူး မနဒီ..။ယုယနဲ့ကျွန်တော်လူချင်းမဆုံဖူးပေမယ့် ကျွန်တော် သူ့အပေါ်ထားတဲ့ သဘောထားကို မနဒီပိုသိခဲ့မှာပါ..တချို့အရာတွေက အမှန်တရားပေမယ့် ခါးသီးလွန်းတယ်။ကျွန်တော်က ရူးခဲ့သူ သက်သက်ပါ.."
သူ့စကားသံတို့တွင် သူ့ခံစားချက်တို့ စွန်းထင်းနေဆဲပင်။သူ ထိုမျှသာပြောပြီး နေရာမှ ဆက်ပြီး ခြေလှမ်းရွေ့သည်။နဒီတခဏမျှ မှင်တက်သလို ဖြစ်နေရာမှ တိုးလျသော်လည်း ရှင်းလင်းသည့် စကားအချို့ကို ကိုယ့်ကိုယ့်ကိုယ် ပြောသလိုပင် ပြောလိုက်မိသည်။
" ယုယ...ဖိုး စွဲခဲ့တယ်.."
သူ့ခြေလှမ်းတွေ ထပ်မံ ရပ်တန့်သွားပြီး မျက်မှန်ကို ဆက်ခနဲ ချွတ်ကာ နဒီ့ကို အံ့သြတကြီး လှည့်မေး၏..
" ဘာ....နံပါတ်ဖိုးကို....ယုယက.."
နဒီ ခေါင်းညိတ်ပြလိုက်လေသည်။
"အချစ်ဆိုတဲ့အရာအပေါ်မှာတော့ ယုယ ပြန်ပြီး မလွှမ်းမိုးနိုင်တော့ဘူး မသက်"
လျော့ရဲရဲပြုံးရင် တိုးလျလျဆိုမိတဲ့ စကားသံတွေကို သူမ မခံယူနိုင်စွာ ခေါင်းကို ငုံ့ချထားလိုက်သည်။
" ကိုယ်လိုချင်တဲ့ ဘဝတစ်ခုကို ပြန်ပြီး တည်ဆောက်နိုင်ခဲ့တာနဲ့တင် ယုက သိပ်တော်နေပါပြီကွယ်။ မသက်ဆို အခုထိ မူးယစ်ကျွန်ပဲလေ..ကြည့်စမ်း မသက်ညီမလေးကတော့ အခုဆို သိပ်ကို လှပနေတာပဲ.."
သူမ မသက်စကားကိုကြားမှ သိပ်ကို ဝမ်းနည်းသွားမိသည်။
ဝဲတက်လာသည့် မျက်ရည်တွေကို ပြန်ထိန်းရင်း မသက်ရင်ခွင်ထဲ တိုးဝင်လိုက်မိတော့ မသက်က သူမကို ခပ်ဖွဖွလေး ပြန်ဖက်ထားခဲ့လေသည်။
" ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရကြလို့ ဖြစ်လာသမျှအပေါ် အကောင်းဆုံးလက်ခံနိုင်ကြဖို့ ကြိုးစားကြရတဲ့ လူတွေထဲမှာ မသက်တို့လည်း ပါတယ်လေ ယုယရဲ့။ ကိုယ့်ဘဝကိုတောင် ကိုယ်စီမံခန့်ခွဲဖို့ခက်တာ သူတပါးရဲ့အချစ်ကိုတော့ ပိုဆိုးတာပေါ့ကွယ်..ဝေးခြင်းနီးခြင်းက အမှန်တကယ် ချစ်ခြင်း မဟုတ်ဘူးဆို"
မသက်စကားကြောင့် သူမ မျက်ရည်ကြားမှ ပြုံးမိပြန်သေးသည်။
သူမ ရှော့ခ်ဖြစ်သွားသည့်နေ့က ရှိုင်းရောက်လာခဲ့ကြောင်းကို သူမ ဆေးရုံကဆင်းမှ သိခွင့်ရခဲ့သော် နောက်ကျသွားခဲ့လေပြီ။
မျိုသိပ်ထားခဲ့သော စိတ်တို့ကို ပေါက်ထွက်ခွင့်ပေးလိုက်သောအခါ သူမသည်လည်း ရှိုင်းအပေါ်မှာ ယိမ်းညွှတ်နေစိတ်တို့၏ ထုထည်သည် အချစ်တစ်ခု ဖြစ်နေခဲ့ခြင်းကိုကား ကိုယ်တိုင်ပင် မသိခဲ့မိ။
သူမအပေါ် ရှိုင်းအထင်လွှဲမှားသွားခြင်းကို သူမ မခံရပ်နိုင်ပါ။
ရှိုင်းလာခဲ့ချိန်က သူမအနားမှာ ထင်မင်းလည်း ရောက်နေခဲ့လေသည်။သူမ၏ အခြေအနေဆိုးအတွက် မသက်က လုပ်မိလုပ်ရာပင် သူမ၏ ဖုန်းlistထဲမှ ဖုန်းနံပါတ်တွေကို တစ်လုံးပြီး တစ်လုံး ခေါ်ဆိုလိုက်ခြင်းကြောင့်ပင်။
ထင်မင်းက စောစီးစွာပင် ပေါက်ချလာပြီး သူမ၏ ဖြစ်အင်ကို မြင်တွေ့တော့မှ မယုံကြည်နိုင်စွာ အံ့သြမှင်တက်နေခဲ့ခြင်း ဖြစ်သည်။
ကိုယ့်စိတ်ကို ခိုင်ကျည်ဟန်တင်းနေရသော မိန်းကလေးတစ်ယောက်ကို အားပြင်းပြင်းဖြင့် ထိုးနှက်လိုက်မှုသည် ထိုးမိန်းကလေး၏ ဘဝတစ်ခုလုံးစာပါ ယိုင်လဲသွားနိုင်ကြောင်း ထင်မင်း သဘောပေါက်ခဲ့လေသည်။ ထို့ကြောင့်လည်း သူမကို ထင်မင်း တစ်ယောက်အနူးအညွှတ်တောင်းပန်နေခဲ့ခြင်းပင်။
သူမ၏ လက်အစုံကို ထွေးဆုပ်ရင်း သူမဆီက လက်ထပ်ခွင့်ရဖို့ ထင်မင်းတစ်ယောက် တောင်းပန်နေချိန်တွင် ရှိုင်းရောက်လာခြင်း ဖြစ်လေသည်။
Credit image
အခုတော့ ထို နောက်ဆုတ်သွားမှုသည် ဝေးကွားခြင်းတို့ဖြင့် ပြီးဆုံးခဲ့ရလေပြီ။
" ယု ကားမမီပဲ နေအုံးမယ်နော်။ သီသီ့ဆီလည်း သွားအုံးမှာ မဟုတ်လား"
"အင်းပါ မသက်ရဲ့။ မသီဆီကိုက စာတမ်းအတွက်ပါ နှစ်လလောက်သွားနေရမှာ။အဲ့ဒါကြောင့်မို့ ကျောင်းကို လှမ်းအကြောင်းကြားပြီး တစ်ခါထဲ နေလို့ရရင် နေလိုက်တော့မလို့လေ.."
"ဒါဆို ကောင်းတာပေါ့ ဒီကိုလည်း မကြာခဏ လာလို့ရပြီ.."
မသက်ရဲ့ ရွှင်မြူးသွားသည့်အသံကြောင့် သူမ ပြုံးလိုက်မိသည်။
အချစ်ကို ထာဝရမေ့ပျောက်နိုင်ရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ။
သို့သော်...သူမကိုယ်တိုင်...
ဇာတ်သိမ်းသို့
Writter>>>>@yekungsatthone
Msc>>>>>>231
ဇာတ်သိမ်းသို့စောင့်မျော်လျက်
😁😁😁..လာမှာပေါ့
ဇာတ်သိမ်းပိုင်းမှာ အကောင်းဆုံးချစ်ခြင်းတွေနဲ့ ဆုံကြတာပေါ့
စောင့်ကြည့်ပါအုံးဗျာ..😜
အချစ်ဆိုကလည်း အမြင်မှားမူ့လေးတွေကြောင့် အဝေးဆုံးမှာ လွမ်းနေရတတ်တယ်လေ 😌
ဟုတ်ကဲ့ပါ
ဝါး...ဇာတ်သိမ်းရောက်တော့မယ် good tal ဇာတ်လမ်းလေးက
ဟုတ်ဗျ ဆက်အားပေးအုံးနော်
ဇာတ်သိမ်းခန်းဖတ်ဖို.မျော်နေပါ့မယ်....
ဟုတ်ဗျ..ဆက်အားပေးအုံးနော်
နာ့နံမယ်ပါတယ် ခရစ်ပေး ဟွန်:
ငင့်
ဇာတ်သိမိးလေး စိတ်ဝင်စားမိတယ်
ဆက်ဖတ်ပါဗျ
ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ
ဟုတ်
ဇာတ်လမ်းကတော့ အရှိန်ကောင်းလာပီဗျာ။
ဟုတ်ဗျ
အခန်းဆက်ရေးနိုင်တာ တကယ်ချီးကျူးတယ်
လေးစားပါတယ်
ကေိးဇူးပါဗျာ
ဒိုင်ယာလော့တွေက ထိတယ်ဗျာ။
ကျေးဇူး bro
အယ် ဇာတ်သိမ်းပိုင်းလေးကို စောင့်မျော်လျက်ပါ
ဟုတ်ကဲ့ပါဗျ
အရမ်းတော်တာပဲ ရေးတတ်လိုက်တာ ဇာတ်သိမ်းပိုင် စောင့်ဖတ်မယ်နော်
ကျေးဇူးပါဗျာ..ထင်သလောက်လည်း မဟုတ်သေးပါဘူးဗျ