Credit image
ဇာတ်သိမ်းပိုင်း
" ကွန်ကရက် ကျူလေးရှင်းပါ ယုယ။"
" သင့်ခ် ထင်မင်း"
ထင်မင်း ကြိုတင်ရောက်ရှိနေသည့် စားသောက်ဆိုင်၏ စားပွဲတွင် သူမ ဝင်ထိုင်လိုက်ရင်း ထင်မင်း၏ ဂုဏ်ပြု နှုတ်ဆက်ခြင်းကို ကြိုဆိုလိုက်သည်။
" အရင်နဲ့ လုံးဝ ခြားနားသွားတယ် ထင်မင်း "
သန့်ပြန့်နေတဲ့ ထင်မင်းက ပြုံးရင်း
" နင့်ကြောင့်ပေါ့ "လို့ တိုးတိုးလေး ပြောလေသည်။
ပြီးတော့ ဝိုင်တစ်ခွက်ကို သူမအတွက်ပါ နည်းနည်း ငှဲ့ပေးရင်း
" ငါလေ နင့်ကို သိပ်လေးစားသွားမိတယ် ယုယ။ငါ့ကြောင့် နင့်စိတ်ဓာတ်တွေ ပြိုလဲပြီး ဘဝတစ်ခုလုံးပါ ပြိုလဲလုလု အခြေအနေကနေ အခုဆို နင့်အိမ်မက်တွေအတိုင်း အနောက်နိုင်ငံရဲ့ပညာတော်သင်ဆုကနေ ဘွဲ့တစ်ခုကိုပါ ပိုင်ဆိုင်နိုင်တော့မယ်။ ငါလေ ငါ့အတ္တတွေအတွက် ငါ့ကိုယ်ငါ ရှက်မိပါတယ်။တကယ်တော့ ငါ့ဘဝမှာ အလွှမ်းမိုးနိုင်ဆုံး မိန်းကလေးကလည်း နင်ပဲရှိခဲ့တာပါ"
သူမ တည်ငြိမ်စွာ ပြုံးနေ၏..ထင်မင်းက သူမကို ငေးရီစွာ ကြည့်နေရင်း
" တကယ်လို့များ နင်လက်ခံနိုင်မယ်ဆို ငါ နင့်အတွက် ငါ အမြဲရှိနေမယ်ဆိုတာ ယုံကြည်ထားပေးပါ ယုယ။လက်ထပ်ခွင့်ပေးပါလို့တော့ ငါ မတောင်းဆိုရဲပါဘူး.."
ထင်မင်းကို ကြည့်ရင်း သူမသနားလာမိသည်။
" ငါ့အကြောင်းနဲ့ ငါ့ကံလို့ သတ်မှတ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့ ထင်မင်းရယ်။ ငါတို့ အတိတ်တွေမရှိခဲ့ဘူးလို့ပဲ ယူဆကြရအောင်လေ..."
သူမ ထင်မင်းထည့်ပေးထားသည့် ဝိုင်ကို သောက်ချလိုက်ရင်း လက်မှ နာရီကို ကြည့်ကာ
" ငါ သွားတော့မယ် ထင်မင်း။ နှုတ်ဆက်တယ်နော်"
သွက်လက်ပေါ့ပါးစွာ စားပွဲမှ ထရပ်လိုက်ပြီးမှာ ယုယ ထင်မင်းကို တစ်ခုခု ပြောဖို့ ပြန်ကြည့်ခြင်းသည် မေးခွန်းတစ်ခုမေးရန်ဖြစ်သော်လည်း သက်ပြင်းချကာ ခေါင်းကိုသာ အနည်းငယ် ခါယမ်းလိုက်ပြီး ထိုနေရာမှ ကျောခိုင်းထွက်ခွာသွားလေတော့သည်။
ထင်မင်း သိပါသည်။
Credit image
ယုယ မေးချင်နေတာ နေရောင့်အကြောင်းဆိုတာပေါ့။ အခုထိ အဆက်အသွယ် မရသေးသော နေရောင့်အကြောင်းကို သူကိုယ်တိုင်လည်း ဘာမှမသိသေးသလို ယုယကိုလည်း ဘာတစ်မှ အသိမပေးလိုက်မိခြင်းမှာ သူ နောင်တရချင်သလိုလို..
ယုယ၏ နေရောင့်အပေါ်ထားသည့် ခံစားချက်တို့သည် သူ့အတွက်မူ မျှော်လင့်ချက်တစ်ခု သက်သက်လောက်သာပင်။
နေရောင် အိမ်ကထွက်သွားသည့်နေ့သည် ယုယ ဆေးရုံကို သူလိုက်သွားသောနေ့တွင်ဖြစ်ပြီး ဦးဖုန်းဆက်သည်မှာ ကျွန်တော် ခရီးထွက်သွားတယ် အဖေ ဆိုတာလောက်ပဲတဲ့လေ။
ထိုဖုန်းလေး တစ်ခါ ဆက်သည်မှလွှဲ၍ နေရောင်သည် ယနေ့အထိ ပျောက်ကွယ်တိမ်မြှုပ်နေခဲ့လေသည်။
တစ်နေ့ ယုယဆီ သူအလည်ရောက်နေမှ သိလိုက်ရသည်။နေရောင်အိမ်မှ ထွက်ခွာသွားခြင်းသည် ယုယနှင့် တိုက်ရိုက်သက်ဆိုင်နေမှန်း။ ထိုနေ့က ယုယနဲ့ မသက် စကားပြောနေကြရင်း မသက်က ဆေးရုံကို လူတစ်ယောက်လာခဲ့သေးကြောင်း တံခါးနားကနေ လှည့်ပြန်သွားကြောင်း အခန်းမှားသွားတာဟု ပြေါသွားကြောင်းများကို ယုယကို ပြောပြလိုက်သည်။ယုယ၏ မျက်ဝန်းတို့သည် အရာင်တွေ တဖျက်ဖျက်လက်လာကြပြီးသူမ၏ ဖုန်းကို ကမန်းကတန်း လိုက်ရှာပြီး ဖုန်းကို ဖွင့်လိုက်တော့ ဘက်ထရီက ကျနေလေသည်။ ထင်မင်းတွေ့ခဲ့ဖူးသည့် တလျှောက် ယုယတစ်ယောက် ထိုမျှ ပျာယာခတ်နေသည်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်နေသည်။ သူမ၏ဖုန်းမရနိုင်မှန်းသိသောအခါ ထင်မင်း၏ဖုန်းကို ခဏဆိုပြီး ယူကာ နံပတ်တွေကို ကမန်းကတန်း နှိပ်ပြီး ဆက်လိုက်ပေမယ့် တစ်ဖက်မှ ဖုန်းမှာ ကိုင်သူမဲ့..ဘယ်လောက်ပဲ ဆက်ဆက် လူကြီးမင်းသည်သာ..
ထင်မင်းထံ ချိနှဲ့စွာ ဖုန်ကို ပြန်ထိုး ပေးလိုက်ရင်း သူမ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။
ထင်မင်း အမှတ်တမဲ့ပင် ဖုန်းနံပတ်ကို ကြည့်လိုက်မိတော့ ဟင် ခနဲ ဖြစ်သွားခဲ့လေသည်။
Content ထဲ ထည့်မထားသည့်တိုင် မှတ်မိလွယ်သည့် နေရောင်၏ ဖုန်းနံပါတ်။ ယုယကို အံ့သြတကြီးကြည့်ရင်းမှ ရှိုင်းနေရောင်ဆိုသည့် လူတစ်ယောက်သည် ထင်မင်းရယ် ယုယရယ် ကြားထဲမှာ ကွန်ယက်တစ်ခုလို ဆက်သွယ်နေခဲ့သည့်လူမှန်း သိကြရခြင်း ဖြစ်လေသည်...
ထိုနေ့ကတည်းက ယုယ၏ မျက်နှာပေါ်က ခံစားချက်တွေကို ထင်မင်း နားလည်နိုင်ခဲ့ပါသည်..။
ဒီနေ့အထိ သူ မျှော်လင့်နေခဲ့သည့်တိုင် ယခု အပြုအမူလေးသည် သူမ၏ ခံစားချက်တို့အား ဒုတိယမ္ပိ သူ့ကို နားလည်စေခဲ့နိုင်ပြန်လေသည်။
ငါလည်း ဝဋ်လည်ခြင်းကို ခံစားတတ်နေခဲ့ပြီ ယုယရယ်..
" ဟေး.....ယု"
" ဟာ...နဒီ မလာတော့ဘူး ထင်နေတာ.."
ကားဂိတ်မှာ သူမစီးရမယ့် ကားအလာကိုစောင့်ရင်း ယုယ ရပ်နေမိစဉ် နဒီ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
သူမ ဖုန်းဆက်စဉ် နဒီက ခရီးထွက်နေတာ ပြန်မရောက်သေးဘူးလို့ပဲ ဖြေခဲ့တာလေ။အခုတော့ သူမရှေ့မှာ နဒီက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့ပြီ မဟုတ်လား။
နှစ်ယောက်သား ပွေ့ဖက်နေရာမှာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်မိကြရင်း
" သိပ်လှလာတယ်.."
ဆိုသော စကားကို ပြိုင်တူပြောမိကြတော့ ရယ်မောမိကြပြန်သေးသည်။
" ဘယ်မလဲ ငါ့အတွက်လက်ဆောင ငါ့ဖို့ဘက်ဆောင်ယူလာမယ်ဆို။ငါက နင့်ဖို့ကိုတော့ နင်ပေးတဲ့လိပ်စာက အဆောင်မှာ သွားပေးထားလိုက်တယ်နော်။"
" အင်း ရတယ်ဟ..ငါ သိပ်ကြိုက်တယ်။ ငါ့လက်ဆောင်ကိုလည်း နင် ကြိုက်မှာပါ..ဒါနဲ့ နင်ဒီကနေ ဘယ်ကိုသွားမှာ နင့်ခရီးစဉ်တွေကို ပြန်ပြောပါအုံး"
နဒီက စကားလမ်းကြောင်းလွှဲလိုက်တာ သိပေမယ့် ယုယက ဘာမှမပြောပဲ သူမခရီးစဉ်တွေကိုသာ ပြောလေသည်။
" အခု ငါ့က ငါ့ကို ဖိုးဖြတ်ပေးပြီး စကောအတွက်ကူညီခဲ့တဲ့ ငါ့ကျေးဇူးရှင်တွေပေါ့လေ မသက်ရဲ့သူငယ်ချင်း မသီဆီကို သွားမယ်။သူလုပ်နေတဲ့ မူးယစ်ဖြတ်စခန်းမှာ နှစ်လလောက် အလုပ်တွေကူလုပ်ရင်း စာတမ်းအတွက် လုပ်ရမယ်။ ကျောင်းကိုလည်း ပြောပြီးပြီလေ။အဲ့ဒီစာတမ်း ပီးရင်တော့ အမေရိကကိုပဲသွားမယ်။ ဟိုမှာ ကျောင်းပြီးလို့ ဘွဲ့ရပြီးရင်တော့ ဟိုမှာပဲ အခြေချဖြစ်ရင်လည်း ဖြစ်မှာပေါ့.."
သူမ၏ နောက်ဆုံးစကားက အနည်းငယ်တော့ အားလျော့နေသလိုပါ။
နဒီက ပြုံးလိုက်ရင်း..
" ဒီကြားထဲ အခြားအနေအနေတွေလည်း.ဖြစ်နိုင်တယ်နော်.."
" ဟင် ဘာလဲ နားမလည်ဘူး "
" ဪ ဒီကြားထဲ မြန်မာပြည်သားနဲ့ပဲ အိမ်ထောင်ကျသွားရင်လို့ ပြောတာ "
" ဟား ဟား ငါ့အကြောင်း နင်အသိဆုံးပါ မိန်းမရယ်။ငါ နင့်ဆီပို့နေတဲ့ မေးလ်တိုင်းက အလိမ်အညာတွေမပါပါဘူး။ အိမ်ထောင်ရေကလည်း ငါကျောင်းပြီးမှ ဆက်လက်လုပ်ဆောင်ရမယ့် မရေမရာထဲပဲ ထည့်ထားလိုက်တယ်။"
" အေးပါဟယ်..ငါ့သူငယ်ချင်း လူတော်မလေးကို ငါက စတာပါ။ ကဲ ကားလာပြီ "
ကားရောက်လာခဲ့ပြီမို့ သူမ အိတ်ကို ကားပေါ်တက်လိုက်ရင်း နဒီ့ကိုလက်ပြနှုတ်ဆက်လိုက်မိသည်။ သူမ၏အိတ်ကိုတော့ ကားစပယ်ယာလေးက ယူသွားလေသည်။
နဒီက သူမကို ပြန်လည် နှုတ်ဆက်ရင်း ကားဘီးလှိမ့်သောအခါ အော်ပြောလိုက်လေသည်..
" ယုယရေ ကားပေါ်မှာ ငါယူလာတဲ့ လက်ဆောင် ထည့်ပေးလိုက်တယ်နော်။ နင်ကြိုက်မှာပါ.."
နဒီ့၏ ပေါတောတောအပြုအမူကို သူမ ရယ်မောလိုက်မိသည်။
ကားသည် တဖြည်းဖြည်းနှင့် သူမ ချစ်သော သူမကိုချစ်သော လူတွေနှင့် ဝေးရာဆီသို့..သို့မဟုတ် သူမ၏ အနာဂတ်ဆီသို့...
သူမ ဘာကိုမှ မခံစားချင်တော့တာမို့ အိပ်ပစ်လိုက်ဖို့ ကြိုးစားမိသည့်တိုင် တစ်စုံတစ်ယောက်ကိုတော့ သတိရနေမိဆဲပင်။
ထိုစဉ် သူမဘေးနားက ခုံမှာ ဧည့်သည်တစ်ယောက် ဝင်ထိုင်လိုက်သည်မှန်း သိလိုက်တာမို့ ဘေးဖက်သို့ ထပ်တိုးလိုက်တော့ တစ်ဖက်ကလည်း သူမ တိုးရာဖက်သို့ လိုက်တိုး၏။
Credit image
သူမအနည်းငယ် စိတ်တိုသွားပြီး မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သန့်စင်ကြည်လင်ချောမောသော လူရွယ်တစ်ယောက်သည် ရွှန်းမြသော အပြုံးတို့ဖြင့် သူမကို ကြည့်နေတာမို့ သူမ ဇဝေဇဝါ ဖြစ်သွားမိသည်။ ထိုစဉ်..
" တီ...တီ....တီ...."
သူမ အကြိမ်များစွာ ခေါ်ခဲ့ဖူးသော ဒီနှစ်အတွင်း မျှော်လင့်နေခဲ့ဖူးသော ဖုန်း call လေး..
သူမ ဖုန်းကိုင်လိုက်ဖို့ထက် ထိုဖုန်း callကေို ကြည့်ရင်း မျက်ရည်တွေပြည့်အိုင်လာခဲ့မိသည်။
ဖုန်းကို ကိုင်လိုက်ဖို့ မေ့လျော့နေခဲ့သလို ထိုဖုန်းနံပါတ်ကို ကြည့်နေရင်း သူမ ဝမ်းသာဝမ်းနည်း ငိုပစ်လိုက်မိသည်။
ထိုစဉ် ဘေးလူက
" ဖုန်းကိုင်လိုက်လေ.."
သူမ ထိုအသံကြောင့် အံ့သြတကြီး လှည့်ကြည့်လိုက်မိစဉ်..သူထောင်ပြနေသော သူ့ဖုန်းထဲမှာ ကိုယ့်ပုံလေးနဲ့ ကိုယ့်ဖုန်းနံပါတ်လေး....
" ဟင်...."
သူမ မျက်ရည်တွေကြားကနေပဲ ရယ်မောပစ်လိုက်ပြန်မိသည်။
" သိပ်ဆိုးတဲ့ နဒီ "
သူမ ရေရွတ်တော့ သူက ပြုံးလိုက်ပြီး..
" ဟင့်အင်း သိပ်ကျေးဇူးတင်ဖို့ ကောင်းတဲ့ နဒီပါကွာ"
သူက သူမကို ရင်ခွင်ထဲ ဆွဲမှီစေရင်း
" ကိုယ့်ရဲ့ ချစ်သူလေးက နွေရင့်ရင့် မှာ ပွင့်လန်းခဲ့တဲ့ နှင်းစက်လေးလိုပဲ။ အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီး အခုတော့ သိပ်လှပ လန်းဆန်းတဲ့ မိန်းကလေးဖြစ်နေတာ ကိုယ် သိပ်ဝမ်းသာတာပဲ.."
သူမ သူ့ကို ပြန်လည် ဖက်တွယ်ထားမိရင်း
" ယုယလေ.."
ဆိုတော့ သူက သူမ နှုတ်ခမ်လေးတွေကို လက်လေးနဲ့ ဖိပိတ်စေရင်း
" နောက်မှပြောကွာ ..ကိုယ်အခု အတိတ်ကိုလည်း မေ့ထားချင်တယ်။ အနာဂတ်ကိုလည်း မစီမံချင်သေးဘူး။ ပစ္စုပ္ပန်တည့်တည့်မှာပဲ ချစ်သူလေးနဲ့ ရှိနေချိန်လေးကို ခံစားနေတယ်။ကိုယ့်လိုနေ .."
သူက သူ့ရင်ခွင်ထဲမှ သူမကို ငုံ့ကြည့်ရင်း စကားဆိုတော့ သူမ သူ့ကို ရွှန်းစားတဲ့အကြည့်
တွေနဲ့ ပြန်လည် မော့ကြည့်ရင်း ပတ်ဝန်းကျင်ကိုလည်း မေ့ပစ်လိုက်ကာ ခေါင်းကို တအားပင် ညိတ်ပြလိုက်မိလေတော့သည်...
အေးမြသော လေညှင်းသည် ကားပြတင်းမှန်ကို ဖြတ်သန်း၍ သူမ၏ ဆံနွယ်တို့ကို ချော့မြူ ကစားသွားကြကုန်၏..
သို့သော် လုံခြုံသော ချစ်သူတစ်ယောက်၏ ရင်ခွင်ထဲတွင် မိန်းမလှလေးတစ်ယောက်က ချိုအီစွာပြုံးလျှက် အတိတ်မဲ့ အနာဂတ်မဲ့ ပစ္စုပ္ပန်တည့်တည့်လေးမှာ....
(ပြီးပါပြီ)
ရွှင်လန်းချမ်းမြေ့ကြပါစေ
Writter>>>>@yekungsatthone
Msc 213
good
သင့်ခ်
ပြီးသွားပီလား
ဟုတ်
ပစ္စုပ္ပန်တည့်တည့်မှာပဲ ချစ်သူတို့ ခရီးအတွက် တိုင်ပင်ရင်း
ရှေ့ ဆက်ကြသည် ဘာ ညာပေါ့
အယ့်လယ်
ဟုတ်ဗျ
ဇာတ်သိမ်းပြီပေါ့လေ
ဟုတ်
အခန်းဆက်ဝတ္ထုရေးသားနိုင်တာကောင်းပါတယ်👍
ဟုတ်ကဲ့ ကျနော်က ဒါပဲ အားသန်တာကိုး
အယ့် သိမ်းပီဗျား😊😊
ဟီး..ထပ်လာမယ် မကြိ
ဇာတ်သိမ်းဆိုတော့
လွမ်းစရာလေးတွေဖြစ်ကုန်ပြီ
နောက်တစ်ပုဒ်လာမယ်ဗျာ
ပစ္စုန်ပ္ပန် ထက်ပိုကောင်းတာ မရှိဘူး ....ဇာတ်သိမ်းသွားပြီပေါ့လေ
ဟီး..ဟုတ်ဗျ
ချစ်ခြင်းဖြင့် နွေးထွေးသော ရင်ခွင်ထက်မှာလေ အဟိ
အဟိ..
ရေးအားကော တွေးအားကော ကောင်းလွန်းပါတယ်။အားပေးနေပါတယ်ညီ။
ဟုတ်ကဲ့ bro ကျေးဇူးအထူးပါဗျာ
ဖွဲ့နွဲ့ချက်တွေ မိုက်တယ်
ကျေးဇူးပါ ခမ်
😊😊