ကျနော့်မျက်နှာပေါ်က အမွှေးအမြင်တွေကိုအကုန်ဖယ်
ရှားပြီး ကျနော့ညီမလေးရဲ့ မင်္ဂလာပွဲအတွက် ကျကျနနပြင်ဆင်လိုက်မိတယ်။ ပြီးတော့ ကျနော့ ညီမလေးရဲ့မင်္ဂလာအတွက် ကျနော့ရဲ့ လက်ဖွဲ့အဖြစ် ကျနော်ကိုယ်တိုင် ရေးခြစ်ခဲ့တဲ့ သူမရဲ့ပုံတူခဲခြစ်ပန်ချီလေးကို သေသေချာချာ လေး ထုတ်ပိုးထားလိုက်တယ်။
ပြီးတော့ ကျနော် ကားပေါ်တက်မောင်းထွက်လိုက်ရင်း ညီမလေးဆီကို ဖုန်းခေါ်လိုက်မိတယ်..
ညီမလေးဆီက တုန့်ပြန်သံက လှိုဏ်ပြီး တုန်ခါနေခဲ့တယ်။ viberဖွင့်ကြည့်လိုက်ပါကိုကိုတဲ့..။
ကျနော် ကမန်းကတန်း viberကိုဖွင့်ကြည့်လိုက်တော့ ညီမလေးဆီက ဓာတ်ပုံပေါင်များစွာ စာပေါင်းများစွာက ကြည့်နေရင်း ကျနော့ မျက်လုံးတွေကို အမြင်တွေ ဝေဝါးစေလာတယ်။ ကျနော့ ပါးပြင်ထက်ကို မျက်ရည်စက်တွေ လိမ့်ကျကြွေဆင်းလာတာကို ကျနော် မသုတ်နိုင်အားဘူး..။
ကျနော် ကားကို တရကြမ်မောင်းထွက်ခဲ့လိုက်တယ်။ ညီမလေး အဲ့ဒီလိုမဖြစ်ရဘူးလို့ ကျနော့နှုတ်ကနေ တဖွဖွ အော်ဟစ်နေမိတယ်။
ကျနော့်ရဲ့အတိတ်နေ့စွဲတွေထဲက ယုယရဲ့ ရယ်သံတွေ ကျနော့နားထဲက မထွက်သေးဘူး။ ယုယရဲ့ ပြုံးရယ်နေတဲ့မျက်နှာလေးကို ကျနော် ကြည့်လို့မဝသေးဘူး..။ ကျနော့ရဲ့ တိမ်မြှုပ်နေခဲ့တဲ့နေ့စွဲတွေကို ကျနော် ပြန်ပြီး တူးဖော်ပေးရအုံးမယ်။
အားလုံးက ဝိုင်းပြီး ညာခဲ့ကြတယ်။ ကျနော့ကို အားလုံးက သိသိကြီးနဲ့ ညာရက်ခဲ့ကြတယ်။ ကျနော်တကယ်မမုန်းမှန်းသိရက်နဲ့ ယုယအကြောင်းတွေကို ထိန်ချန်ရက်ခဲ့ကြတယ်။
ယုယတကယ်ဖြစ်နေခဲ့တာ နှလုံးရောဂါ မဟုတ်ခဲ့ဘူးတဲ့။သွေးကင်ဆာတဲ့။ ငယ်ကတည်းက သူမရဲ့ဘဝကို စိတ်တိုင်းကျ တိုင်းတာကျေနပ်ဖို့ ကျနော့ဘေးနားမှာ သူမပျော်နေတတ်လို့ ဒီအတိုင်း ကြည့်နေခဲ့ကြတာတဲ့။ ကိုသန့်ဇင်က သူမရဲ့ ဆရာဝန်တဲ့..
ကျနော့ရဲ့ နှလုံးသားတစ်ခုလုံးဘာမှမရှိတော့သလိုမျိုး ကျနော့မျက်ရည်တွေကို တားဆီးဖို့မဖြစ်နိုင်ခဲ့ဘူး။
ကျနော်အချိန်မီရောက်မှ ဖြစ်မယ်။ ကျနော့ညီမလေးရဲ့ မျက်နှာကို ကျနော်နောက်ဆုံးအနေနဲ့ ဖြစ်ဖြစ် ကျနော် မြင်ခွင့်ရမှ ဖြစ်မယ်။ ကျနော့ကိုသိပ်ချစ်ခဲ့တဲ့ ကျနော့်ညီမလေးကို ကျနော် တောင်းပန်ဖို့ လိုအပ်တယ်။
ကျနော့်ကိုယ့်ကျနော်ခွင့်မလွှတ်နိုင်ရင်တောင် ညီမလေးရဲ့နောက်ဆုံးခရီးမှာ ကျနော် တောင်းပန်စကားပြောသွားချင်တယ်..။
ကျနော့မျက်ရည်တွေကို တားဆီးဖို့မနိုင်တော့ဘူး..။ဟော..ညီမလေးကို သဂြိုလ်ကြမဲ့လူတွေနဲ့ နီးလာပြီ..၊ကျနော်အမှတ်မထင် သဂြိုသ်စက်ရဲ့ မီးခိုးတိုင်ကို ကြည့်လိုက်မိတယ်..
ဟင်..မီးခိုးတွေ အူထွက်လာနေပြီ..
ကျနော် ညီမလေး လို့ ဟစ်အော်လိုက်ပေမဲ့ သူမမကြားနိုင်တော့..ကျနော့စိတ်တွေ ဆောက်တည်ရာမဲ့ ပြီး ကားကို ကွေ့ချလိုက်မိတယ်။ ကျနော့မျက်ရည်တွေနဲ့ ဘာကိုမှ မမြင်လိုက်နိုင်ဘူး။ ကျနော့ကားကို ကျနော် အရှိန်မထိန်းလိုက်နိုင်ဘူး...ရင်ထဲမှာ အေးခနဲ ဖြစ်သွားပြီးချိန်မှာ ကျနော် မျက်စိမှိတ်ပြီး ကျနော့ စိတ်ထဲက ပြောလိုက်မိတယ်။ .. ကိုကို့ကို ခွင့်လွှတ်ပါ ညီမလေး..
............................
နောက်
ဆူညံသွားတဲ့ လူတွေ
သချိင်္ိုင်းရဲ့အဝင်မှာ မှောက်သွားတဲ့ကားတစ်စီးထဲက လူတစ်ယောက်ကို လူတွေခက်ခက်ခဲခဲ သယ်ထုတ်ခဲ့ကြတယ်။သေဆုံးသူရဲ့ အင်္ကျီဖြူဖြူမှာ သွေးစွန်းတွေနဲ့..
ပြီးတော့ ကားထဲကနေ လွတ်လပ်ပေါ့ပါးတဲ့ အပြုံးတွေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံတူ ခဲခြစ်ပန်းချီကားလေးတစ်ချပ်ကိုသွေးစွန်းတွေနဲ့ပဲ ရရှိခဲ့ကြတယ်..
ပုံလေးရဲ့ နောက်ကျောမှာ စာတစ်ချို့ ရေးထားတယ်။
( နေ့စွဲတွေတိုင်းမှာ ပျော်ရွှင်ဖွယ်အချိန်တွေကို ပိုင်ဆိုင်သွားနိုင်ပါစေ ညီမလေး....
ညီမလေးရဲ့ကိုကို
ကြယ်စင်ခ...)တဲ့..။
ပြီးပါပြီ။
Msc 213
Photo crd google images
Writter @yekungsatthone
ကောင်းတယ်ဗျာ😁
ကျေးဇူး
ဇာတ်သိမ်းခန်း 😪
ဟုတ်ကဲ့ 😪
ကြေကွဲဖွယ်ရာ ဇာတ်သိမ်းလေးဖြစ်သွားပြီပေါ့ဗျာ
😪😪
ကောင်းပါတယ် bro။gp ထဲမှာလည်းအားရင် ရင်နှီးမူယူပါအစ်ကို။
ဟုတ် အကို
စာရေးတာကေယင်းသားနဲ့ အပျင်းသိပ်မဖက်နဲ့ပေါ့ညီရေ အဟိ
ဟုတ်ကဲ့ဗျ
ရေးသားချက် က ကောင်းပါ့ဗျာ။ဆွဲဆောငှ်ု ရှိပါတယ်။
ဟုတ်ကဲ့ဗျ ကျေးဇူးပါ
သနားပါတယ်😢😢😢
ဟုတ်
သနားပါတယ်😖😖
ဟီး😁😁
ဟုတ်😊
အားပေးသွားတယ်နော်အကို
ကျေးဇူးပါ
ဟာဗျာ ..... ဒါဆို နှစ်ယောက်လုံးသေတာပေါ့
ဟုတ်ကဲ့ဗျ
ရင်ကို ထိစေတယ်
👍 ဆက်လက်ကြိုးစားနေပါတယ်ဗျ
ရင်ကိုထိစေတဲ့ ဝတ္တုလေးပါဗျာ ကောင်းပါတယ်
ကျေးဇူးပါ
သနားစရာပါလားဗျာ
ဟုတ်ကဲ့ဗျ
မိုက်တယ်ဗျာ ဖတ်လို့ကောင်းတယ်
ကျေးဇူးပါ
ဖတ်ရတာကောင်းပါတယ်
ဟုတ်
ကျွန်တော်ဖတ်ခဲ့သမျှစာတွေထဲမှာ ဒီစာဟာအကောင်းဆုံးပါဘဲ။အရမ်းကြိုက်တယ်။ဖတ်နေရင် ဝမ်းနည်းမှုဖြစ်စေပါတယ်။votအများကြီးပေးချင်ပါတယ်။ဒီစာက အရမ်းကောင်းလို့ပါနော်
ဟုတ်
အဟင့် စိတ်မကောင်းဘူးခွယ် သူများယာခင်းတွေ ဝင်စားလို့ အလျော်ပေးရတော့မေ
😁😁😁😁😁😁😁
ရင်ကိုတကယ်ထိစေတဲ့ဇါတ်လမ်းလေးမို့ အရမ်းသဘောကျမိပါတယ်