Credit image
အေးစက်စက်ကြည့်နေသော သူမ၏ အကြည့်တွေက သူ့ကင်မရာဆီသို့ရောက်နေတာမို့ သူ ကင်မရာရှိရာကို ငုံ့ကြည့်လိုက်တော့ ကင်မရာက. အိတ်အပြင်သို့ လျောထွက်ကျနေ၏..
သူစိတ်ထဲ ဟာခနဲ ဖြစ်သွားပြီး ကင်မရာကို ကဗျာကယာဖမ်းလိုက်ရာ သူ့ကိုယ်တိုင်ပါ ဟန်ချက်ပျက်ပြီး ရှေ့သို့ဟပ်ထိုး လဲကျလေတော့သည်။
သူ၏ ပစ္စလက္ခတ်နိုင်မှုသည် သူ့အရှေ့ရှိ သူမရှိရာသို့ တိုက်လဲသလို ဖြစ်သွားပြီး..
"ဟင်.."
"အား..."
သူကကင်မရာကို ဖမ်းမနေအားတော့ပဲ သူမလက်ကိုသာ အမိအရ ဖမ်းဆုပ်ပစ်လိုက်တော့ လက်ကောက်ဝတ်ကို မိမိရရ ဆုပ်ကိုင်မိလေသည်။
ပေနှစ်ဆယ်နီးပါး အမြင့်ရှိနိုင်သည့် ဆောက်နေဆဲကို ရပ်တန့်ထားသည့် တိုက်၏အစွန်းတွင် သူမသည် တွဲလောင်း ဖြစ်နေသလို သူသည်လည်း မှောက်လျက်သားမှ သံပင်တစ်ခုကို လက်တစ်ဖက်က မိမိရရ ဆုပ်ကိုင်ထားရလေသည်။
" ရှင် မလွှတ်လိုက်နဲ့နော်.."
သူမမျက်ဝန်းထဲမှ ထိတ်လန့်မှုများနည်းတူ သူနဖူးမှလည်း ချွေးစေးများ တပေါက်ပေါက် ကျလာနေလေပြီ..။
အံကြိတ်ထားရခြင်းက သွားများကိုပါ နာကျင်လာနေလေပြီ။
ကိုင်ဆွဲထားရသည် အချိန်အနည်းငယ်အတွင်းမှာ လက်တွေကပါ ချွေးစေးများထွက်လာပြီး တဖြည်းဖြည်း ချော်လာလေတော့သည်..သူ့စိတ်ထဲ ထိတ်လန့်လာပြီး အတင်းဖိဆုပ်ကိုင်ထားရင် ဘေးဘီဝန်းကျင်ကိုပါ ကဗျာကယာ လေ့လာရလေသည်။
သူမ၏ မျက်ဝန်းတို့ တဖြည်းဖြည်းအရောင်တွေ ဖျော့တော့လာပြီး မှိတ်ချလိုက်လေသည်..
သူက
" ဟေး..ဟေး...လွှတ်မချလိုက်နဲ့နော်။ကိုယ် ဟိုဖက် နည်းနည်းလွှဲလိုက်မယ်။ အဲ့ဒီပြတင်းပေါက်နေရာက အစွန်ကို မိအောင်နင်းနော်.."
သူမ သူ ညွှန်ပြရာသို့ တစ်ချက်ကြည့်ပြီး ကဗျာကယာ ခေါင်းညိတ်ပစ်လိုက်လေသည်။
သူ နောက်ဆုံး လက်ကျန်ခွန်အားကို အသုံးပြုလျက် လက်မောင်းရင်းတွေပြုတ်ထွက်တော့မလို နာကျင်နေသည့်ကြားက သူမကို ထိုပြတင်းပေါက်နားသို့ လွှဲယူလိုက်သည်..
သတိကြီးစွာဖြင့်ပင် သူမသည်လည်း ပြတင်းပေါက်ဘောင်ကို နင်းလိုက်နိုင်သလို ပြတင်းပေါက် ဘောင်ကိုလည်း ဆုပ်ကိုင်လိုက်နိုင်သွားလေသည်..
" ဟူး...."
ပြတင်းပေါက်အတွင်းဖက်သို့ ခုန်ဆင်းသွားသည့်သူမကိုကြည့်ပြီး သူ့တစ်ဘဝလုံးစာနှင့်ညီမျှသော အမောတို့ကို သက်ပြင်းချပစ်လိုက်မိသည်။
သူ မျက်လုံးတွေကိုမှိတ်ထားပြီး စိတ်အမောတွေကို ဖြေချနေမိရာမှ မျက်လုံးဖွင့်ကြည့်မိတော့ သူမကို အိမ်ရှေ့လမ်းမသို့ ရောက်နေပြီဖြစ်တာကို တွေ့လိုက်ရလေသည်..သူမျက်လုံးပြူးသွားပြီး ပါးစပ်ကလည်း အော်ဟစ်ရင်း လူကလည်း ကဗျာကယာ တိုက်အောက်သို့ ပြေးဆင်းပြီးသား ဖြစ်နေလေ၏..
" ဟာ...ဟေ့...ဟေ့ ခဏနေဦးလေ..ဟေး"
သူမက သူ့ကို တစ်ချက်လေးလှည့်ကြည့်ကာ ရှေ့သို့ဆက်သွားလေသည်။
သူက ခပ်သွက်သွက်ပြေးလိုက်တာမို့ ခြံပြင်လမ်းမသို့အရောက်တွင် သူမကို မီသွားလေသည်။
Credit image
" ဟေ့ မင်းက လူမှုရေးညံ့လှချည်လား။ ကျေးဇူးတင်စကားလေးတောင် ပြောမသွားဘူး"
သူမ တုန့်ခနဲရပ်ကာ သူ့ကို ခပ်ပေပေကြည့်လိုက်ရင်း..
" ဘယ်သူ့ကို ပြောရမှာလဲ.."
"ငါ့ကိုလေ "
သူမ သူ့ကိုမကျေမချမ်းကြည့်လိုက်ရင်း
" ရှင့်ရဲ့ နမော်နမဲ့ နိုင်မှုတွေက လူကို သေလုနီးပါး ဖြစ်စေခဲ့တာကို ကျေးဇူးတင်စကား ပြောနေရအုံးမှာလား.."
" ဟမ်..မင်းကို ငါကယ်တာလေ "
သူမ သူ့ကို စိတ်ကုန်စွာကြည့်လိုက်ရင်း
" ကျွန်မကလည်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေတာ မဟုတ်သလို ရှင်ထင်သလိုလည်း မဟုတ်ဘူး။ ရှင့်ကြောင့်သာ ကျွန်မက ပြုတ်ကျမလိုဖြစ်ခဲ့ရတာ.."
အရူးပဲ..
သူမ နောက်ဆုံးစကားကို တိုးတိတ်စွာသာ ရေရွတ်လိုက်ခြင်း ဖြစ်သည်။ပုံစံက သိပ်ပြီး အူချာချာပုံမဟုတ်ပဲနှင့် သူမရှေ့မှာတော့ တကယ့်ကို အူချာချာနှင့်ဖြစ်နေလေသည့် ထိုလူကို တစ်ချက်သာ ကြည့်ပြီး သူမ လှည့်ထွက်လိုက်တော့ သူက ပြုံးပြုံးရယ်ရယ်နှင့်ပင်..
" အဟဲ အဲ့လိုလား.ဆောရီး..ကိုယ် နမော်နမဲ့နိုင်သွားတယ်..ဒါပေမယ့် မင်းနဲ့တော့ ခင်မင်ရင်းနှီးလို့ရတယ် မဟုတ်လား "
"ဟင်း...ရှင်ဘာလို့ ကျမနောက်လိုက်နေရတာလဲ"
" ဟွန်..ဒီလမ်းက မင်းပိုင်လို့လား..."
သူ့စကားကြောင့် သူမ ပြုံးမိမလို ဖြစ်သွား၏။သူ့ကို လှည့်ကြည့်လိုက်တော့ သူက သူမကို စိတ်ဝင်တစား ကြည့်နေတာကို တွေရ၏..သို့သော်ချက်ချင်းပင် သူက ဟိုလိုလိုဒီလိုလိုနဲ့ တောင်ကြည့်မြောက်ကြည့်လုပ်နေပြန်သေးသည်။
သူမ ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ပြီး..
Credit image
" ဟိုးမှာတွေ့လား..ဟိုလမ်းထောင့်နားက ဆိုင်လေ .အဲ့ဒါ ကျွန်မရဲ့ ဆိုင် "
သူ လှမ်းကြည့်ပြီး မြင်လိုက်သည့် ဆိုင်နာမည်ကို ဖတ်ပြီး နှာခေါင်းရှုံ့လိုက်သည်..
" twilight ..ဟွန်..ဘာလို့ အဲ့လိုဖြစ်နေရတာလဲ..တကယ်ဆို Auroraဆိုတာကမှ ပိုပြီး အဓိပ္ပါယ်ရှိတာ"
"ကျွန်မရဲ့ ဆိုင်နာမည်ကို ကျွန်မကြိုက်ဖို့ပဲ လိုတယ်လေ..ကဲ သွားပြီ ဘိုင့်.."
"ဘိုင့်..နောက်တော့ လာလည်မယ် "
ပြုံးပြီးထွက်သွားသည့် သူမက အခုလိုဆိုတော့လည်း သွက်လက်ပေါ့ပါးနေပြန်လေသည်။
သူလှည့်ထွက်ဖို့ ပြင်လိုက်ပြီးမှ ကဗျာကယာနှင့်
" ဝေး...ခဏ "
သူမ ရပ်ပြီး သူ့ကိုကြည့်နေရာသို့ သူပြေးသွားလိုက်ပြီး
" ငါ့နာမည်က ထစ်ချုန်း"
သူလက်ကမ်းရာသို့ သူမတစ်ချက်ကြည့်ပြီး ပခုံးလေးကို ဟန်ပါပါ တစ်ချက်တွန့်လိုက်ပြီးမှ ပြန်လည် လက်ဆွဲလိုက်ရင်း..
" အလင်းမြတ်ပါ"
" အိုခေ နောက် ကိုယ်လာလည်မယ် "
သူမ ပခုံးလေးကို တစ်ချက်တွန့်လိုက်ပြီး နေရာမှ လှည့်မကြည့်တော့ပဲ ထွက်ခွာသွားလေသည်။
သူမ၏ နောက်ကျောပုံရိပ်လေး ကို ငေးကြည့်နေမိပြီးမှ သူ အားပါးတရ ပြုံးမိကာ ထိုနေရာမှ ထွက်လာခဲ့ လိုက်လေသည်။
အပိုင်း ၃ သို့
Writter>>>>>@yekungsatthone
Msc>>>>213
ကောင်းသည်ဆက်ဖတ်ပါမည်
ဟုတ်ဗျ
ဆက်လက်အားပေးနေပါတယ် ခင်ဗျ အရေးအသားGood
ကျေးဇူးတင်ပါတယ်ဗျာ
အခန်းဆက်တွေရေးနိုင်တော့ကောင်းတာပေါ့ဗျာ
ကျွန်တော်တို့ကတော့မရေးနိုင်ဘူး
ကျွန်တော်တတ်နိုင်တာလေးပါဗျာ
နောက် ဇာတ်ကောင် တစ်ယောက် ထည့်လိုက်ပြီပေါ့။အားပေးနေပါတယ်ညီ။
ဟုတ် bro အားရှိရပါတယ်
အပိုင်း၃ဆက်အားပေးပါ့မယ်.. ...
ဟုတ်ကဲ့ပါဗျ
နောက်ထပ်ဇာတ်ကောင် ပေါ်လာဖို့ရှိ မရှိ
စောင့်သာကြည့်ပါ
စောင့်နေမယ်ဗျာ 😊😊
ကျေးဇူးပါဗျာ
ဇာတ်လမ်းလေးက ချစ်စရာလေး
ပျင်းနေကြတော့မှာစိုးလို့ ဇာတ်မြူလေး
ဒီတစ်ခါလဲ အချစ်ဝတ္တုပဲလား😒 မပေါင်းရဘူး ကွဲရမျယ် ဒါဖဲ😁
သားက ချစ်တတ်သူမို့ အချစ်ဝတ္ထုပဲရေးပါတယ်ဗျ
ဝထ္ထုရှည်ဆိုတော့လဲ ခုလိုအပိုင်းအပိုင်းမှအဆင်ပြေတာ
ဖတ်ရတာတော့ နဲ့နဲဆန့်တငင့်ငင့်နေတာပေါ့
ဟုတ်ဗျ
ဇာတ်ကောင်နာမည်တွေကြိုက်တယ်
ဟုတ်..ကျေးဇူး
တစ်ဘဝလုံးစာ အမောပြေသွားလောက်တယ် အပြင်မှာအဲ့လို ကိုယ့်ကြောင့် လူတစ်ယောက်သေမလိုဖြစ်ရာက လွတ်လာရင်လေ။
To တာပေါ့ဗျာ
သိပ်ကောင်းပါတယ်