နူးညံ့ရီဝေစေတတ်သော ကျိန်စာ (၃)
ကျွန်တော် မေကို မုန်းတီးပါတယ်လို့ ကိုယ့်ကိုယ်ကို ကြွေးကြော်နေရင်းနဲ့ပဲ သူမအနီးအပါးကို မကြာခဏ ရောက်ဖြစ်နေခဲ့မိတယ်။အတိအကျပြောရရင် သူမရဲ့အစ်မဆုံးပြီးချိန်က စလို့ပေါ့။သူမရဲ့ ရဲတင်းသွက်လက်တဲ့ ဟန်အမူအယာတွေကို မနှစ်မြို့ပေမဲ့ သူမရဲ့ ရိုးသားပွင့်လင်းမှုတွေထဲမှာတော့ ကျွန်တော် သူမကို နားလည်ပေးနိုင်သလိုပါပဲ။
" မေက အသည်းစားကဝေတဲ့။ဟင်း..ဟင်း..သိပ်ရယ်ရတာပဲ မေက အခုထိတော့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ မေ့ကို ချစ်ပါကြိုက်ပါလို့ မပြောဖူးဘူး။ ဘယ်သူ့ကိုမှ မာယာဆိုတာ သုံးပြီး မလှည့်စားခဲ့ဖူးဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် ခြယ်လှယ်ပြီးပဲနေတယ်။ ဒါတောင် မေ့ဘဝက အခုထိ ဒဏ်ရာတွေ ဗရပွနဲ့ပဲ.."
ကျွန်တော် တိတ်တဆိတ်ပဲ နားထောင်နေမိတယ်။
" ထက်မြက်ဝေလျှံဆိုတဲ့ နာမည်ကို ခန့်ရဲ့စာထဲမှာကတည်းက မေ သိကျွမ်းခွင့်ရခဲ့ပါတယ်။ ဖုန်းလိုင်းမမိတဲ့ဒေသလို့ သူ့စာထဲထည့်ရေးခဲ့တာမို့ မေလည်း စာပဲ ပြန်ဖြစ်ခဲ့တာ..။ဟင်းဟင်း...မေရဲ့ ဘဝတစ်လျှောက်မှာ ခန့်က ရင်းနှီးရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါပဲလေ.။ ဒါပေမဲ့ သူမျှော်လင့်သလို မေ့ဖက်က မဖြည့်ဆည်းပေးနိုင်ရုံမျှနဲ့တော့ မေက ဘီလူး တဘက် တစ်ကောင်လို ရက်စက်သူ ဖြစ်သွားရောလား ထက်မြက်.."
ခန့်မင်းနာမည်ပါလာတော့ ကျွန်တော် နည်းနည်း စိတ်ဆိုးသွားမိတယ်။
" လူတစ်ယောက်ကို မချစ်နိုင်ဘူးလို့ အစကတည်းက ယူဆထားပြီးရင် ခင်များဘာကြောင့် ခန့်မင်းကို ချစ်သူတစ်ယောက်လို မျှော်လင့်ချက်တွေ ပေးခဲ့တာလဲ။ ခင်များဘာကြောင့် ခန့်မင်းကို အရူးလုပ်ခဲ့တာလဲ.."
သူမ သက်ပြင်းချလိုက်ရင်း..
" မေပြောပါပြီကော ထက်မြက်ရယ်။ ခန့်မင်းဟာ မေ့ဘဝမှာ မေ့ကို နားလည်မှုအပေးခဲ့ဆုံးသူပါလို့။ မေ့မှာ သူ့ကိုမှ မတိုင်ပင်ရင် သူ့ကိုမှ ရင်ဖွင့်မပြောပြရင် ပြောပြစရာ လူမရှိဘူး။ ဒါပေမဲ့ သူ့ကို အဲ့ဒီလို သူငယ်ချင်းတစ်ယောက်အနေနဲ့ ရင်ဖွင့်ဆွေးနွေးလို့မရဘူးလား..
အဲ့ဒီလို ပြောပြလိုက်တော့ ချစ်တာလို့ အဓိပ္ပါယ်ကောက်လွှဲပြီး မေ့ကို နေရာတကာ ချုပ်ကိုင်ဖို့ ကြိုးစားလာတာက ဘယ်သူလဲ.."
သူမရဲ့ သွေးအေးတဲ့ စကားတွေက ကျွန်တော့်ဒေါသတွေကို ဆွပေးနေသလိုပါပဲ..
" ခင်များက လူတစ်ယောက်ရဲ့ ကြင်နာသနားမှုနဲ့ မထိုက်တန်တဲ့ မိန်းမပဲ မေသီရိ။ အထူးသဖြင့် ခန့်မင်းလိုလူရဲ့ အချစ်နဲ့ မထိုက်တန်တဲ့ မိန်းမပဲ..။ ခင်များယောက်ျားတကာတွေနဲ့ ပလူးပလဲ နေရတာကိုမှ သာယာတဲ့ မိန်းမတစ်ယောက်ပဲ"
" ရှင့်စွပ်စွဲချက်တွေက သိပ်ပြင်းထန်လွန်းပါတယ် ထက်မြက်။ မေက ယောက်ျားတကာကို လိုက်တွဲနေတာလား။ ယောက်ျားတကာက မေ့နောက်ကို လိုက်နေကြတာလား ရှင်သေချာစဉ်းစားသင့်တာပေါ့။ ပြီးတော့ မေ့အတွက်က အရာရာကို သွေးအေးအေးနဲ့ ဆုံးဖြတ်တတ်ဖို့ ဘဝက အထုံအကျင်ပါအောင် လေ့ကျင့်ပေးခဲ့တာလေ။လောကမှာ မေ့ဘာသာ ဖန်တီးလိုက်တဲ့အရာတွေ တစ်ခုမှမရခဲ့ဘူး..ကိုယ်လုပ်သလိုမဖြစ်တော့လည်း ဘဝပေးအတိုင်း စီးမျှောနေလိုက်တာက ပိုပြီး သက်တောင့်သက်တာ ဖြစ်တာပေါ့ ထက်မြက်ရယ်..ဟင်း..ဟင်း.."
သူမရဲ့ ရယ်သံလို့ခေါ်နိုင်တဲ့ ညည်းချင်းကို ကျွန်တော် မုန်းတီးမိတယ်။ကျွန်တော် ခန့်မင်းကို ပြန်လည် ပြောပြနိုင်ဖို့ ခက်ခဲတဲ့ အဖြစ်အပျက်တွေအတွက် ကျွန်တော့်ကို ကျွန်တော် မကျေမနပ်ဖြစ်ရင်းနဲ့ပဲ မေ့ကို ကျွန်တော် ဆက်ပြီး မုန်းမယ်..။
......................................
မေ့ဘဝက အက်ကြောင်းအထပ်ထပ်နဲ့ ငယ်းကတည်းက မိဘတွေဆုံးပြီး အမဖြစ်သူနဲ့နေရသော်လည်း ခဲအိုဖြစ်သူရဲ့ လက်သည်းဝှက်တဲ့ ကျားရဲအပြုံးတွေကို မေတစ်ယောက် ရှောင်ရင်း တိမ်းရင်းနဲ့ပဲ ပုရိသတို့ကို လှည့်ပတ်တတ်တဲ့ ပညာတွေကိုများ တတ်မြှောက်လာခဲ့လေသလား မပြောတတ်တော့။
အမြဲတစေ အေးစက်စက်ပြုံးတတ်တဲ့ မေ့ဘေးမှာ ယောက်ျားတကာတို့ကတော့ တစ်နေ့တစ်မျိုး မရိုးရအောင် မေ့ဘေးမှာ စီလို့တန်းလို့။
" မေက သိပ်သနားစရာကောင်းတာကွ သူ့ဘဝကို သူ့ဘာသာထိန်းကျောင်းရင်းနဲ့ပဲ သူ့ဘဝကို လုံခြုံအောင်နေရရှာတာ။ ရုပ်ရည်လှပတဲ့မိန်းကလေးတွေရဲ့ အန္တရာယ်ကလည်း အဲ့ဒီရုပ်ရည်ပဲ။ ငါ မေ့ကို စိတ်မချဖြစ်တာလည်း အဲ့ဒီ ရုပ်ရည်ကြောင့်ပဲ ဝေလျှံ..ဒါပေမဲ့ မေက စိတ်ဆတ်သလို ခေါင်းမာတယ်။ပြီးတော့ တဇွတ်ထိုးလုပ်တတ် စိတ်ထင်ရာ စိုင်းတတ်တာတွေက မေ့ရဲ့ အားနည်းချက်တွေပဲ."
ခန့်မင်းရဲ့ စကားသံတွေက မေ့အပေါ်ထားတဲ့ သူ့မေတ္တာတွေကို မြင်နိုင်စေပေမဲ့ မေ့စကားသံတွေကတော့
" ခန့်က သိပ် စိတ်ပျော့တာပဲ။ ပြီးတော့ မေ့ကို ချစ်တာတွေ မေတ္တာတွေပြပြီး ထိန်းချုပ်ဖို့ ကြိုးစားတာ မကောင်းဘူး။သူကအခွင့်အရေး ယူချင်လွန်းတယ်" တဲ့။
စေတနာမှန်နဲ့ မတန်တဲ့မိန်းမလို့ ကျွန်တော် သတ်မှတ်ပစ်လိုက်တယ် ။
ကျွန်တော် ခွင့်ရက်ပြည့်လို့ ပြန်မဲ့ရက်မှာ မေ့ကို နှုတ်ဆက်ဖို့ ကျွန်တော် ဖုန်းဆက်ချိန်းလိုက်ပေမဲ့ သူမရှိရာ လာခဲ့ပါတဲ့။ ကျွန်တော် ရောက်သွားချိန်မှာတော့ သူမက ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ရယ်လို့ မောလို့..
ကျွန်တော် ဆိုင်ထဲဝင်သွားရမလို မဝင်ရမလိုနဲ့ ချီတုံချတုံအဖြစ်မှာပဲ သူမ ကျွန်တော့်ကို တွေ့သွားပြီး ထလာခဲ့တယ်။
" ကျွန်တော် မနက်ဖြန်ပဲ ပြန်တော့မယ်။ ခင်များကို ကျွန်တော် လာနှုတ်ဆက်တာပါ။ "
သူမ တစ်ချက်တွေသွားပြီး
" အင်း ကောင်းတာပေါ့။ မလွတ်လပ်တဲ့ တာဝန်တွေနဲ့ လူသားတွေအစား မေ သိပ်မွှန်းကျပ်တာပဲ ဟင်း..ဟင်း..."
ကျွန်တော် တစ်ချက်အံကြိတ်လိုက်မိတယ်။
" မေရယ် ကိုယ့်ရင်ခွင်မှာတော့ မေ လွတ်လပ်အောင်နေလို့ရပါတယ်.."
ခုဏက သူမထလာခဲ့တဲ့ လူကြီးရဲ့ စကားသံတွေနဲ့ ဆွဲခေါ်သွားတဲ့နောက် သူမ ခိုးခိုးခစ်ခစ်နဲ့ .။
ကျွန်တော် တောက်တစ်ချက်ခေါက်ပြီး အံကြိတ်လိုက်မိတယ်။
ခန့်မင်းအတွက် သာကြောင်း မာကြောင်းလောက်တောင်မပြောတဲ့ သူမကို ကျွန်တော် စိတ်ထဲ ခံပြင်း နာကြည်းလိုက်တာ....
ဒါပေမဲ့ ကျွန်တော် ဆိုင်ထဲက ထွက်ခါနီးမှာ သူမအနီးပတ်ဝန်းကျင်က သားရဲတွေထဲက သူမကိုယ်သူမ သားကောင်လို့ ယူဆပုံမရတဲ့ မေ့ကို ကျွန်တော် ညီမလေးလို စာနာတဲ့ စိတ်လေး ဝင်လိုက်မိတယ်...
ဆက်လက် ဖော်ပြပါမည်.
Writter @yekungsatthone
Msc213
Photo from google
ခေါင်းစဉ်နဲ့လိုက်အောင်ရီဝေသွားစေပါတယ်ဗျာကောင်းတယ်အားပေးနေမယ်ဗျာ
ကျေးဇူးတင်ပါတယ်ဗျ
ဒီတစ်ခါရော ကွဲမာလား ယောက်ျားလေး ရေးတာ သိသာချက် သူတို့ဖက် ကောင်းတာလေးတွေ ပဲ ရေးတာ အံ့သြဘအေ😎😎
😁😁
ဟုပါဘူးဗျ😀
အရမ်းကောင်းတယ် အားပေးပါတယ်
ဟုတ်ကဲ့ကျေးဇူးပါဗျ
ဆက်အားပေးပါ့မယ်...Good
ဟုတ်ကဲ့ပါ ကြိုးစားနေပါတယ်ဗျ
ချစ်ဝတ္တုလေး ဆက်လက်အားပေးမည်
ဟုတ်ကဲ့ပါဗျ
ဝတ္ထုရေးဆရာ လက်သံဘဲဗျာ။Good အားပေးနေပါတယ်။၊
ကျေးဇူးပါဗျ
အဲ့လိုအချစ်ဇာလမ်းလေးတွေလဲ
ပါအုံးမှလေ
ဟုတ်ကဲ့ဗျ
ရီဝေဝေ လေးနဲ ကောင်းပါ့ဗျာ😍😍
ထန်းရည်လားဗျ😁😁 စတာပါ ကျေးဇူးပါဗျ
မေ နဲ့ မဆုံစည်းရတာ ..
ခန့်မင်း ကံကောင်းတယ် ဆိုရမလား ..
ဟုတ်အဲ့ဒါကတော့မကြာမှီလာမည်မျှော်ပါဗျ😁😁
ဆက်လက်အားပေးနေပါဦးမယ်ဗျာ ဇာတ်ရှိန်တော့တက်နေပြီဗျ
ကျေးဇူးပါဗျ
အရေးသားတွေကောင်းပါတယ်
နောက်postတွေကို မျော်နေပါ့မယ်
ကျေးဇူးတင်ပါတယ်ဗျ
ဇာတ်လမ်းင အရှိန်ကောင်းနေပြီ
ကျေးဇူးပါဗျာ
အဲ့အရေးအသားလေးတွေ ရေးတတ်ချင်တယ်ဗျာ
ဟုတ်😁
ဒါအမှန်တရားပါ အမှန်ရေးတာဘဲ နာလိုဖြစ်ပါနဲ့ မမ
ဒါနဲ့ ဒီအတိုင်းထားခဲ့တာလား
ဆက်လက်ဖော်ပြပါ့မယ်ဗျ😁
ဇါတ်လမ်းလေးကတော့ ဇါတ်ရှိန်တက်နေပြီဝေ့
ကျေးဇူးပါဗျာ
ကောင်းတယ်အားပေးနေမယ်
ဟုတ်ကဲ့ကြိုးစားနေပါတယ်ဗျ
စောင့်မျှော် အားပေးလျက်ပါ bro
ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျ
စောင့်မျှော်နေတယ်နော်
ကျေးဇူးပါဗျ