နူးညံ့ရီဝေစေတတ်သော ကျိန်စာ ၆
" စာရောက်ပါတယ် ဗိုလ်မှူး.."
ကျွန်တော် စာကို လက်ခံယူပြီး ကြည့်လိုက်တော့ ခန့်မင်းရဲ့ ညီမလေး ဆူးသက်ဆီက..
စာကို ဖတ်နေရင် ကျွန်တော့်လက်တွေ တုန်ယင်လာခဲ့တယ်။ မဖြစ်နိုင်ဘူးလို့ တီးတိုး ရေရွတ်နေမိပေမဲ့ ဒါဟာအမှန်ပဲဆိုတာ ကျွန်တော်သိနေခဲ့တယ်။ ဒါပေမဲ့ လက်မနိုင်နိုင်ဘူး..လက်မခံလိုဘူး လက်လည်း မခံရဲဘူး..
ဆူးသက်ရဲ့အမေဆုံးသွားပြီဆိုတဲ့ အကြောင်းနဲ့ သူမရဲ့ ဆွေမျိုးတွေရှိတဲ့ ဝန်းကျင်ရဲ့ လူမှုရေးအရှုပ်အထွေးတွေအကြောင်း တစေ့တစောင်းကို ရေးထားတာပါ။
ခန့်မင်းတို့အမေဟာ ကျွန်တော့အတွက် မိခင်တစ်ယောက်လို ဖြစ်ခဲ့တာပါ။ ပြီးတော့ ဆူးသက်ကလည်း ကျွန်တော့ ညီမလေးတစ်ယောက်လို ကျွန်တော် ခံယူ သတ်မှတ်ထားခဲ့တာပါ
ကျွန်တော် ရင်တစ်ခုလုံး ပွင့်ထွက်တော့မလို ဆောက်တည်ရာမဲ့နေခဲ့တယ်။
ဆည်းဆာချိန် တပ်ဆေးခန်းရှေ့က ခုံမှာ ကျွန်တော် အဓိပ္ပါယ်မဲ့ ထိုင်နေမိတယ်။ ကျွန်တော် ဝေခွဲဆုံးဖြတ်နိုင်စွမ်းတွေ လျော့နေတယ်။
အနောက်စွန်းက ဝင်လုဆဲဆဲ နေရောင်ြဲ့အတူ ကျွန်တော်ဘဝပါ မကြာခင်အမှောင်ကျတော့မလို ဖြစ်နေခဲ့တယ်။
ကျွန်တော် ဆူးသက်ကို ဘယ်လို ပြောရမလဲ။ ဘယ်လိုစကားလုံးတွေနဲ့ နှစ်သိမ့်ပေးရမှာလဲ။သူ့ဘဝလေးကို ဘယ်လို စီမံပေးရမှာလဲ ကျွန်တော် စဉ်းစားလို့မရဘူး ။ အားလုံးဟာ ရှုပ်ထွေးနောက်ကျိနေတယ်။
" ဗိုလ်မှူး လူနာ သတိရလာပြီ.."
"ဪ..အေး...အေး..."
ကျွန်တော့်မှာ လက်ရှိဖြေရှင်းရမယ့် ပြဿနာက မေသီရိ..။သူမရဲ့ မိုက်ရူးရဲလုပ်ရပ်က သူမရဲ့အသက်အန္တရာယ်အထိ ထိခိုက်သွားနိုင်ပေမယ့် ကံကောင်းထောက်မစွာ သူမကျိုးတာ ကန်းတာအထိတော့ဖြစ်မသွားဘူး။ အတွင်းဒဏ်ရာ အနည်းငယ်ရလိုက်ပေမဲ့ ပြင်းပြင်း ထန်ထန်ကြီးတော့ ဖြစ်မသွားခဲ့ဘူးလေ။
ကျွန်တော် သူမရှိရာကို ရောက်တော့ သူမ ရှိုက်ကြီး တငင်ငိုနေခဲ့တယ်။
ကျွန်တော် သူမကိုစကားတစ်ခွန်းမှ မပြောဖြစ်ပဲတိတ်တဆိတ်ပင် သူမအနားမှာ ရပ်နေလိုက်သည်။သူမ ငိုလို့ ဝသွားချိန်မှ တိတ်ဆိတ်ခြင်းတွေကို သူမဖက်က စတင်ဖြိုခွင်းလိုက်သည်..။
" မေ လုံးဝ မထင်ခဲ့ဘူး။ ခန့်က စိတ်ဓာတ်ခိုင်မာတဲ့ ယောက်ျားတစ်ယောက်အဖြစ် ဟိုးငယ်စဉ်ကတည်းက မေ့ ဘေးကနေ ရပ်တည်လာခဲ့တာ။မေ့ကို ပြောဆိုဆုံးမခဲ့တာ. သူက လူကြီးတစ်ယောက်လို ပြောလာတိုင်း သူ့ကိုကြည့်ပြီး မေ ရယ်ခဲ့မိတယ်။ လှောင်ခဲ့မိတယ်။ ဒါပေမဲ့ သူ့စေတနာတွေကိုတော့ မေသိပါတယ်။
မေက တစ်ကောင်ကြွက်သာသာပါလေ။ မိဘတွေမရှိကြဘူး..ရှိတဲ့ အစ်မတစ်ယောက်ဆီမှာလည်း အစ်မယောက်ျားရဲ့ သားကောင်တစ်ကောင်လိုပြုမူတဲ့ အပြုအမူတွေအောက်မှာ မေ့ဘဝက လုံခြုံခဲ့တယ်ရယ်လို့ မရှိခဲ့ဘူး...
မေ့အတွက် နွေးထွေးလုံခြုံမှုဆိုတာ ခန့်တို့ ဆီမှာပဲ ရှိခဲ့တာ မေ့ ငယ်စဉ်ကလေးဘဝရဲ့ပျော်ရွှင်မှုကို ခန့်တို့ကပဲ ပေးခဲ့တာ..မေ တကယ် မျှော်လင့်ခဲ့မိတဲ့ ဘဝအိမ်မက်က ကြီးကျယ်သလို ရိုးရှင်းပါတယ်..အညတြထက်တာင် နိမ့်ကျနေသေးတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ မေ့အိမ်မက်တွေက ကြီးကျယ်လွန်းခဲ့ပါတယ်။ဒါပေမဲ့ နွေးထွေးအေးချမ်းမှုတွေနဲ့ပဲ အဆုံးသတ်ချင်ခဲ့တဲ့ မေ့ဆန္ဒတွေကလည်း ရိုးစင်းပါတယ်။မေက ငယ်ကတည်းက မေတ္တာဆိုတာ ဘာမှန်းမသိခဲ့သူလေ..ခန့်တို့ဆီက မေတ္တာဆိုတာ ဝေမျှပေးခဲ့ပေမဲ့ မေနဲ့ ထိုက်တန်ပုံမရခဲ့ပါဘူးလေ...ဘာကြောင့်လဲဆိုတော့ မေတ္တာတရားကို နားလည်လာတတ်ချိန်မှာ မေတ္တာတရား မေနဲ့ ထပ်ပြီး ဝေးခဲ့ကြပြန်တာကိုး....."
နီရဲမို့အစ်နေတဲ့ မျက်လုံးတွေကို ငေးရီရင်း သူမရဲ့ စကားတွေကို ကျွန်တော် ငံ့လင့်နေမိတယ်။သူမက ဆေးခန်းနံရံဖက် မျက်နှာမူပြီး တိုးလျ အေးဆေးစွာ စကားကို ပြောနေခဲ့ပေမဲ့ နံရံတွေကို သူမမြင်နေပုံမရပါဘူး။ သူမရဲ့ အတိတ်တွေထဲက ရှားရှားပါးပါး ခံစားခဲ့ရဖူးတဲ့ အေးချမ်းမှုလေးတွေကိုပဲ မြတ်မြတ်နိုးနိုး မြင်နေပုံရပါတယ်။
အဲ့ဒီအချိန်မှာ ဆူးသက်ကို ကျွန်တော် သတိမရတော့သလို မေ့ကို မုန်းတီးစိတ်တွေလည်း ဝင်မနေခဲ့ဘူးဆိုတာ ကျွန်တော်ကိုယ်ကိုယ်တော် သေသေချာချာ သိနေခဲ့တယ်။
ပြောရမယ်ဆိုရင် ကျွန်တော်ပတ်ဝန်းကျင်မပြောနဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ပါ ပျောက်ဆုံးပြီး မေ့အတိတ်တွေထဲမှာ ကျင်လည်လွှင့်ပါးနေခဲ့သလိုပါပဲ။
==>>အပိုင်း ၇ မျှော်..
Written @yekungsatthone
Photo credit google
Msc 213
ဒီအရွယ်လေးနဲ့ ဒီလောက်ရေးတတ်တာ မမတော့ အံ့သြမိတယ် တော်ပါတယ်လေ ဆက်ဖတ်မယ်fighting☺
ထင်မှတ်မထားတာတွေ လာအုံမှာ မကြိ စောင့်ကြည့်
အရမ်းကို ROတယ်ဗျာ
ကေျးဇူးပါဗျာ
အရေးအသားနှင့်ဖတ်လို့ကောင်းပြီး...အပိုင်း၇ဆက်အားပေးပါ့မယ်...
ကျေးဇူးပါ ဆက်လက် အားပေးပါ
ဖက်ရတာလည်းကောင်းတယ်ပုံလေးတွေလည်းကြို့က်တယ်ဂျာ
ကျေးဇူးပါဗျ
အော်မေသီရိမသေသေးဘူးဘဲ ကျွန်တော်က သေပြီမှတ်တာဗျ မိန်းကလေး ၂ ယောက်ကြားမှာ ဗျာများတော့မယ်ထင်တယ်နော်
အပိုင်း၇မျှော်....😁
အချစ်ဇတ်လမ်းလေး ရမ်ြးုက်😅😅
ဆက်ပါအုံးဗျ
ဟုတ်ကဲ့
ဆက်လက်အားပေးပါမည် ဖတ်မဝဘူး
ဟုတ်ကဲ့ ဆက်လက်အားပေးပါဗျ
လွမ်းရမလို ဆွေးရမလို😢😢😢
စိတ်ကြိုက်ခံစားပါဗျ..😂
ဇာတ်လမ်းက မှန်းရခက်တုန်း။ရေးတက်ပါပေ့။
ဟုတ်ကဲ့ ဆက်ဖတ်ပေးပါဗျ
ဝထ္ထုလေးကကောင်းတယ်ဗျာ အပိုင်း၇ဆက်စောင့်ဖတ်မယ်
ကျေဇူးးပါ ဆက်ဖတ်ပေးပါ
အချစ်ဝတ္ထုတွေရေးတာ proဆန်တယ်ဗျာ
ကျေဇူးးတင်ပါတယ်ဗျာ
စောင့်မျှော်အားပေးပါ့မယ်ဗျ
ဆက်လက်အားပေးပါဗျ
အရေးအသားလေး ဂွတ်တယ်ဗျာ
ကျေဇူးးပါ