မေ စကားမပြောတော့ ပတ်ဝန်းကျင်က တခဏမျှ တိတ်ဆိတ်နေပြီးမှ မေက ဖြည်းလေးစွာ စကားဆက်ပြန်တယ်။
" မေ့ရဲ့ ငယ်ဘဝ အိမ်မက်က မေဟာ လူတကာတွေရဲ့ကြားမှာ ခေါင်းမော့ရင်ကော့နိုင်တဲ့ အောင်မြင်တဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဂုဏ်ယူ ဝင့်ကြွားနိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်ချင်ခဲ့တာ။အခက်အခဲပေါင်းများစွာကြားထဲကနေ စာကို ကြိုးစားခဲ့တာ..ခန့်တို့ မိသားစုတောင် မေ ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့အောင်တာကို မသိခဲ့ကြဘူး "
ထိုစကားကို ပြောနေချိန်မှာ မေမျက်နှာ ပေါ်က နာကြည်းရိပ်နဲ့ လွှင့်ခနဲပြုံးတဲ့မဲ့ပြုံးကို တွေ့လိုက်ရတယ်။
" မေ့ဘဝအတွက် တံခါး တစ်ချပ်ပွင့်ပြီလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မယ်မကြံသေးဘူး ကံအခွင့် ကြမ္မာက မေ့ကို ကံကောင်းခွင့်မပေးဘူး။ အစ်မက ကားတိုက်ခံရပြီး ခြေထောက်တွေ ကျိုးသွားတယ်။ တကယ့်ဒုက္ခိတ ပါပဲ။ အစ်မယောက်ျားက အစ်မကို ဖေးမသလိုနဲ့ မေ့အပေါ်မှာ မရိုးသားမှန်းသိတယ်။ဒါပေမဲ့ မေ ဂရုမစိုက်ပဲ စာကို ကြိုးစားခဲ့တယ်။ မေ့ကျောင်းစရိတ်နဲ့ အစ်မရဲ့ ဆေးဖိုးစရိတ် အိမ်စရိတ်တွေကို မေရှာဖွေခဲ့တယ်။မေရဲ့ ရုပ်ရည်က ပုံမှန်ထက် လှပတယ်လို့ လူတွေပြောကြပေမဲ့ မေဂရုမစိုက်ခဲ့ဘူး။မေက ရုပ်ရည်ကို အားမကိုးဘူး ပညာကို အားကိုးမယ်လို့ ခံယူခဲ့တာကိုး။ အဟွန့်...မေ့ရုပ်ရည်အရ မေ့အတွက် စပွန်ဆာတွေ မရှားခဲ့ဘူး။ အဲ့ဒီအန္တရာယ်တွေကြားကနေ မေ လိမ်မာပါးနပ်စွာ တိမ်းရှောင်နေခဲ့ပါသေးတယ်။
ကြိုးစားတဲ့အရာတိုင်းမှာ ဖြစ်ချင်သလို ဖြစ်လာကြလေ့မရှိဘူး..သိလား..ထက်မြက်။ မေ့ ဆေးကျောင်း ဒုတိယနှစ်မှာ ကျောင်းစရိတ်နဲ့ အိမ်စရိတ်နဲ့ ကျောင်းစာနဲ့ လုံးပန်းရတဲ့ ဖိအားဒဏ်ကို မေ မခံနိုင်တော့ပဲ ပုံလဲတော့တာပဲ။အဲ့ဒီနှစ်မှာ မေ စာမေးပွဲကျတယ်။မေ့ဘဝဟာ ဘယ်လောက်ပဲ ရုန်းကန်ပါစေ ပြန်ထခွင့်မရတဲ့ဘဝပဲ..ကံကြမ္မာကို မေ မုန်းတယ်။ မေ့ဘဝကို မေ မုန်းတယ်။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင်မရတဲ့ ဘဝမှာ ဖြစ်လာတဲ့အတိုင်းပဲ အားလုံးကို မေ လက်ခံပစ်လိုက်တယ်။ အဟင်း...ဟင်း....အဲ့ဒီလိုဆိုတော့လည်း ဘဝက လွယ်လွယ်လေး ဖြစ်သွားရောပေါ့.."
မေ့ စကားသံတွေ တိတ်ဆိတ်သွားတယ်။ဆေးခန်း မျက်နှာကျက်ကို မော့ကြည့်ပြီး မျက်ရည်တွေကို ကျမလာဖို့ သူမ ကြိုးစားနေမှန်း ကျွန်တော် နားလည် လိုက်တယ်။
သူမစကားတွေ ပြီးဆုံးသွားချိန်မှာ ကျွန်တော့်အတွက်လည်း စကားလုံးတွေ ပျောက်ဆုံးနေခဲ့တယ်။
ကျွန်တော့ လက်ထဲက ဆူးသက်ရဲ့ စာကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဘောင်းဘီအိတ်ထဲ ထည့်ထားလိုက်မိတယ်။သူမရဲ့ နာကျင် ရချိန်တွေ လျော့ပါးပါစေတော့လေ...။
...................................
" သား..စေတနာဆိုတာ လူတိုင်းကို ထားလို့ ထိုက်တန်ပါတယ် သား။ ဒါပေမဲ့ ပတ်ဝန်းကျင်ဆိုတာ အမေတို့ ရှင်သန်နေတိုင်း ကင်းကွာနေလို့မရဘူးနော်။အမေ့သားရဲ့ ဆုံးဖြတ်ချက်တိုင်းကို အမေယုံပါတယ်။..."
မေ တစ်ယောက် ကျွန်တော့်ဆီမှာ သောင်တင်နေခဲ့တာ အတော်လေးကြာပါပြီ။ကျွန်တော်က မပြောပေမယ့် မေ့အကြောင်းကို အမေသိနေခဲ့ပါတယ်။အမေမသိသေးတဲ့ ဆူးသက်ရဲ့အကြောင်းကိုတော့ ကျွန်တော်လည်းမပြောခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း ဆူးသက်ပို့လိုက်တဲ့ စာတစ်စောင်က လွှဲလို့ ဘယ်နေရာမှာမှ စုံစမ်းလို့မရခဲ့ပါဘူး။
ခန့်မင်းမရှိတဲ့နောက်မှာ ဆူးသက်ကို ကကျွန်တော့် ညီမလေးတစ်ယောက်လို စောင့်ရှောက်ဖို့ ကျွန်တော် တာဝန်မကင်းဘူးလို့ ယူဆတဲ့အတွက် ကျွန်တော် ဆူးသက်ကို နေရာ အနှံ့ လိုက်ရှာနေမိတယ်။
သတင်းတွေ လိုက်လံ စုံစမ်းနေမိတယ်။ ဒါပေမဲ့ အခုထိတော့ မတွေ့ရသေးပါဘူး။
" ဗိုလ်မှူးကလည်း ညံ့တယ်နော်။ကျွန်တော်တို့က လူတော်ပဲ ထင်ထားတာ။"
သူငယ်ချင်းတွေနဲ့ ဆုံရင် ပြောနေကျစကားတွေကို ကျွန်တော် ငြင်းဆန်ရလေ့ရှိပါတယ်။
" ကိုယ့်ကို အားကိုးတကြီး ခိုလှုံလာတဲ့ကို ကျွန်တာ် အခွင့်အရေး ယူဖို့ မသင့်ပါဘူး။ မေ့ကို ကျွန်တော် ညီမလေးလိုပဲ သဘောထားပါတယ်။ ပြီးတော့ သူ ပြဿနာအချို့ကို ရင်ဆိုင်ဖို့ မရဲသေးလို့ ကျွန်တော့်ဆီ ရောက်နေခဲ့တာပါ...."
မေ့ရဲ့ ဂုဏ်သိက္ခာအရ ကျွန်တော် အဲ့ဒီလိုလေးပဲြောဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မေ့ ဘဝအကြောင်းတွေကို သိပြီး သွားချိန်မှာ မေ့ကို မုန်းတီးစရာ လူတစ်ယောက်လို့ မမြင်တတိတော့ပဲ သနားစရာ လူတစ်ယောက်လို့ မြင်နေမိတာ ကြာပါပြီလေ။
ကျွန်တော်ဆီမှာတော့ သူမဟာ သာမန် လူတစ်ယောက်လို ပျော်ရွှင်နေတာကို မြင်ရတော့ ကျွန်တော် ဝမ်းသာရပြန်ပါတယ်။
တစ်ခုရှိတာက သူမက ဆူးသက်တို့သားအမိအကြောင်း ပြောတဲ့အခါ ကျွန်တော် သိပ်ကြောက်နေမိတာပါပဲ။
" ဒီတစ်ခါ အဒေါ်နဲ့တွေ့ရင်ဆူးသက်နဲ့လည်း တွေ့နိုင်ပြီသိလားထက်။ ဟိုတုန်းကဆို ခန့်နဲ့ မေက ဆူးသက်ကို အမြဲစပြီး ဆူးသက်ငိုရင် အဒေါ်က ဆူနဲ့ အခုပြန်တွေးလိုက်ရင် ပျော်စရာလည်းကောင်း လွမ်းစရာလည်း ကောင်းနဲ့..."
သူမ ထိုအချိန်တွေအကြောင်းကို ပြောတိုင်း မျက်နှာလေးက အေးမြစွာ ပြုံးနေလေ့ရှိတယ်။ဆူးသက်က ကျွန်တော့်အခန်းနဲ့ဘေးချင်းကပ်အခန်းလွတ်မှာ တပ်ရင်းမှူးကြီးရဲ့ခွင့်ပြုချက်နဲ့ မိန်းကလေးအဖော်တစ်ယောက်နဲ့ အတူနေတာပါ။
အတူနေတာဆိုပေမဲ့ ညအိပ်ချိန်တွေလောက်သာ ဖြစ်ပြီးတော့ ဆူးသက်က ကျွန်တော်အားလပ်ချိန်တွေတိုင်း ကျွန်တော်နဲ့သာ စကားပြောရင်း နေလေ့ရှိတာများပါတယ်။
တစ်နေ့မှာတော့ ကျွန်တော် တပ်ဆေးခန်းက တာဝန်ချိန်ပြီးလို့ အခန်းရှေ့ပြန်ရောက်လာချိန်မှာ ကျွန်တော် စိုးထိတ်ခြင်းက ကြိုလင့်လို့ နေခဲ့ပါပြီ...
အပိုင်း...၈...မျှော်
Written @yekungsatthone
Photo from google
Msc 213
လှပတဲ့ ကလောင်ချက် လေးတွေနဲ့ ဇာတ်အိမ်ဖွဲလာတဲ့ ဝတ္ထုလေးပါဘဲဗျာ
ကျေးဇူးအထူးတင်ပါတယ်ဗျာ...အားရှိရပါတယ်
ကောင်းတယ်ဗျာ ဝထ္ထုတပုဒ် ရေးနိုင်တဲ့အဆင့်ကမနဲ့ဘူး
ဟုတ်ကဲ့ဗျ..အခုလို အားပေးတာ တွန်းအားတွေဖြစ်ရပါတယ်ဗျ
MSC မဂ္ဂဇင်းမှာ bro ဝတ္ထု ပါမယ်လို့ယုံကြည်တယ်ဗျာ။ဇာတ်လမ်းလေးက ဆွဲဆောငှ်ု ရှိပါတယ်။
ပါမယ်ဆိုရင်တော့ ပိုကောင်းမှာပါဗျ
အရေးအသားကောင်းပြီးဖတ်ကောင်းတယ်....အပိုင်း၈ဆက်အားပေးမယ်နော့...
ဟုတ်ကဲ့ ဆက်လက်အားပေးပါဗျ
အပေါ်ပိုင်းတွေ ဖတ်ရပြီး အောက်ပိုင်းက ဖတ်မရ မမဖောင့်နဲ့တော့ ဒိုးခဖဲ အေ ဖောင့် မန်အောင် လုပ်ရအုံးမယ်😑
ဟုတ် မတြိ
စာရေးဆရာတစ်ယောက်ရဲ့အရည်သွေးမျိုးရှိပါတယ်
အောင်မြင်ပါစေ
ကျေးဇူးပါဗျ
ကောင့်းပဗျာ
ကျေးဇူးဗျ
အခန်းဆက်လေးတွေတင်ပြတာ အရမ်းကောင်း
ဆက်လက်အားပေးပါဗျ
ကောင်းကောင်းလပြီအရေးအသားလေးတွေက ကေိာ်တို့လည်းသင်ပေးဦးလေ
အွမ်...အဲ့လိုတော့ တတ်ဘူးလေ
တစ်နေ့ထက်တစ်နေ့ထက် စိတ်ဝင်စားစရာတွေ ပိုပေးလာတယ်ဗျာ တကယ်တော်ပါတယ်ဗျ
ကျေးဇူးပါဗျ.ဆက်လက်အားပေးပါအုံးဗျ
ဝိုး ဇတ်လမ်းလေးကတော့ အရမ်းကောင်း မျက်စိထဲမြင်အောင်ရေးနိင်တယ်ဗျာ😄😄
ကျေးဇူးပါဗျာ
အရေးအသားကအတုယူဖွယ်ကောင်းတယ်ဗျာကျနော်တော့ယူပီနော်
မခံယူဝံ့ပါဘူးဗျာ...☺☺
အလွမ်းသမ အတွက်
အကို့ ဇာတ်လမ်းက လွမ်းနာထက်ကျရအုံးမှာပေါ့ဂျာ
နောက်ပို့စ်နဲ့ထပ်ဖီးပရစေ
မျှော်နေပါတယ်
ကျေးဇူးပါဗျ အားရှိရပါတယ်..ဆက်လက်အားပေးပါအုံးဗျ
bro ဝတ္ထုအပိုင်းဆက်တွေရေးတာ တစ်ကယ်ကောင်းပါတယ်ဗျ ဆရာကျပါတယ်
ကျေးဇူးပါ အားပေးပါအုံးဗျ
စာအုပ်ထုတ်လို့ရပြီ အရမ်းကောင်း
ကျေးဇူးပါဗျ..ဆက်လက်အားပေးပါအုံးဗျ
တဖြည်းဖြည်းနဲ့ဇါတ်လမ်းလေးက ဇါတ်ရှိန်တက်လာပြီဝေ့
ဟုတ်ဗျ..ဆက်လက်အားပေးပါဗျ