Hello everyone.အားလုံးဘဲမင်္ဂလာပါဗျာ။
ကျွန်တော် ဒီတခေါက်ရေးသားချင်တာက ခောတ်တေဘယ်လိုဘဲပြောင်းပြောင်း မပြောင်းလဲသေးတဲ့ အကျင့်လေးအကြောင်းနဲ့ ပတ်သတ်ပြီး ရေးချင်တာပါ။
Steemit member များအားလုံးကိုလည်း အဆုံးထိဖတ်စေချင်ပါတယ်။ ဖတ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
ပထမဆုံးပြောချင်တဲ့ အကြောင်းအရာ ခေါင်းစဉ်ကတော့ " ကျူ ရှင်စနစ် ပြောင်းလဲသင့်ကြောင်း " နဲ့ပတ်သတ်ပြီး ကျွန်တော် ထင်မြင်ချက်လေးဖြင့် ရေးသားချင်ပါတယ်။ ကျူ ရှင်လို့ ပြောလိုက်တာနဲ့ ဆရာ၊ ဆရာမ တေကိုပြေးမြင်ပါလိမ့်မယ်။မှန်ပါတယ်။ ဘာကြောင့် ကျူ ရှင် ဆိုတာ ပေါ်ပေါက်လာသလဲ။အဖြေကတော့ ရှင်းပါတယ်။ ကျောင်းသား၊ကျောင်းသူတေ စာမလိုက်နိုင်လို့ဘဲ ဖြစ်ပါတယ်။ နောက်တနည်းအားဖြင့် ပြောရရင် ဆရာ၊ဆရာမ တေအတွက်လည်း အပိုဝင်ငွေရှာတာလည်းဖြစ်ပါတယ်။ဘာကြောင့် အပိုဝင်ငွေရှာရတာလဲဆိုရင်တော့ ရှင်းပါတယ်။သူတို့အတွက် ရတဲ့လစာက မိသားစုတေအတွက် ဘယ်လိုမှမလောက်ငှနိုင်။
သူတို့ခဗျာ ၀ါသနာ ပါလို့သင်နေရပေမဲ့ ၀င်ငွေကနည်းလွန်းတဲ့အတွက် ဘယ်လိုမှ မရပ်တည်နိုင်ပါ။ဒါကြောင့်လည်း ဆရာ၊ဆရာမတေက ကျူ ရှင်ပြကာ ၀င်ငွေရှာရပြန်တယ်။ကျောင်းသား၊ကျောင်းသူတေအတွက်လည်း ပိုအဆင်ပြေတာပေါ့။ကျောင်းမှာ စာလိုက်မလုပ်ပေမဲ့ ကျူ ရှင်မှာသင်ရင် ရတာဘဲလို့တချို့ကလေးတေက မြင်လာကြတယ်။ မိဘတေကလည်း ကိုယ့်သားသမီး စာမလုပ်တာမြင်ရင် ကျူ ရှင်ကြီးဘဲ လိမ့်ပို့နေကြတယ်။ မိဘတေကလည်း သူတို့လေးအတွက် စိုးရိမ်တာလည်းပါပါတယ်။ ကျွန်တော်အခု ပြောချင်တဲ့အကြောင်းအရာ က ကျူ ရှင် စနစ်ရဲ့မှားယွင်းတဲ့ အကြောင်းဖြစ်ပါတယ်။
ဘယ်ကဘယ်လို မှားယွင်းလာသလဲဆိုတော့ ဆရာ၊ဆရာမ တေကဘဲ စတယ်လို့ဘဲ ပြောရမလိုပင်။ အပေါ်မှာပြောခဲ့သလိုပါဘဲ သူတို့လည်းလစာနည်းတဲ့အတွက်ကြောင့် ကျူ ရှင် ကိုဖွင့်ကာ အပိုဝင်ငွေရှာကြတယ်။ သူတို့ဖွင့်တဲ့ကျူ ရှင်ကို ကလေးတေ လာတတ်ချင်အောင် တချို့ ဆရာ မတေက spot လေးတေပေးကြတယ်။ ကလေးတေကလည်း ဒါကိုမျော်ကိုးပြီး ကျူ ရှင်ကို လာတတ်ကြတဲ့ ကလေးတေလည်းရှိပါတယ်။တချို့တလေကတော့ တကယ်နားလည်ချင်လို့ တတ်တာလည်းရှိပါတယ်။ အဲ့ဒီကစလာတာ အခုထိဘဲဆိုပါစို့။ "ကျူ ရှင်ကိုဘာလို့တတ် spot လိုချင်လို့တတ် "လို့တောင် နောက်ပြောင်တတ်ကြတယ်။ တကယ်လည်းဟုတ်နေတားကိုး။ အဲ့အချိန်မှာ ကျောင်းပုံမှန်တတ်ပြီး စာလုပ်နေတဲ့ ကလေးတေ ထချို့ က စားမေးပွဲ စစ်ရင် roll က ကျလာပြီး ကျောင်းတောင်ပုံမှန်မလာ စာမလုပ်တဲ့ ကောင်တေအောက် ရောက်နေကြရရှာသည်။ စာဖတ်သူတို့လည်း စဉ်စားကြည့်ပါ။ ဘယ်လောက်ခံပြင်းဖို့ ကောင်းသလဲဆိုတာ။ မိမိ မှာ Exam အတွက် အသည်းအသန် ကြိုးစားဖြေရပေမယ့် ကျူ ရှင်တတ်တဲ့ ကောင်တေက သာသာယာယာ ဘဲဖြေပြီး roll ကောင်းနေကြတယ်။ ဒါက ဘယ်လို ပညာရေး စနစ်ကြီးလဲ။
တကယ့်ကို မှားယွင်းနေကြသည်။ ကျူ ရှင်ဆိုတာ ကလေးတေနား မလည်တာကို သေချာနားလည်လာအောင် ရှင်ပြရမယ်ဆို့တဲ့ အချက်နဲ့ ကျူ ရှင်ကို ဖွင့်ရတာ မဟုတ်ပါလား။ အမှန်တကယ် ဖြစ်သင့်တာက ကျူ ရှင်ဆိုတာ ကလေးတေကို သေချာ train ပေးပြီး ပိုကောင်းလာအောင် လေ့ကျင့်ပေးစေချင်ပါတယ်။ အခုဆိုရငိ ကလေးတေက တစ်တန်းပြီးတစ်တန်း အောင်လာပေမယ့် စာကိုတကယ်နားလည်တာမ ဟုတ်ဘဲ spot တေကြောင့်လည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။
ခောတ်တေဘယ်လိုဘဲပြောင်းလဲပါစေ အခုလို မှားယွင်းနေတဲ့ စနစ်ကြီး ကိုကျင့်သုံးနေကြဆဲပါ။အမှန်တကယ် ဆိုရင် ကျူ ရှင်က ကလေးတေနားမလည်တာကို သေချာပြန်လည် ရှင်းပြရမည့်နေရာဖြစ်သည် ။ အခုလို spot ပေးခြင်းက ကလေးတေရဲ့ ပျက်စီးခြင်းလမ်းစကိုဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် ခုလို မှားယွင်းတဲ့စနစ်ကို ပြန်ပြင်ဖို့ ဆရာ၊ဆရာမတေအပြင် ကျောင်းသား၊ကျောင်းသူတေ ပါပြင်ရန် လိုအပ်လှပါသည်။ spot ဆိုတာကြီးကိုပါ ပယ်ဖျောက်သင့်သည်။ဒါမှသာ ကျူ ရှင်မတတ်တဲ့ သူနဲ့ တတ်တဲ့လူတေရဲ့အဆင့်တာ မကွာတော့ပါ။ဆရာ ဆရာမတေကိုယ်တိုင်ကလည်း spot မပေးဘဲ Chapter တေကို နားလည်အောင်ဘဲ သင်စေချင်တယ်။ဆရာ၊ဆရာမ တေလည်းပြောင်းလဲချိန်တန်ပါပြီ။
နောက်ဆုံး ရေးသားချင်တာက ကျောင်းသား၊ကျောင်းသူတေ လည်းကျူ ရှင်ကို အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားစေချင်ပါတယ်။ အတန်းပုံမှန်တတ်ပြီး စာသေချာလုပ်ပါက ကျူ ရှင်ဆိုတာ မလိုအပ်တော့ပါ။ဆရာ၊ဆရာမ တေကလည်း အဖိုးခငွေ ယူပေမယ့်လည်း spot တေကိုယ်တော့ မပေးသင့်ပါ။" ကျူ ရှင်စနစ် ပပျောက်ရေး အားလုံးကူညီကြစို့လေး"ရိုးသားပါ၊ ကြိုးစားပါ၊ ကိုယ့်ကိုယ်ကို ယုံကြည်ပါ၊တနေ့အောင်မြင်ပါလိမ့်မယ်။ ကျွန်တော် အခုလို ရေးသားတာက ဆရာ၊ဆရာမ တေကို စော်ကားတာ မဟုတ်ပါ။ ပညာရေးစနစ်ရဲ့ ယိုယွင်းပုံလေးကို ပြောပြချင်တာပါ။ မည်သူတဦး တယောက်ကိုမှ ရည်၇ွယ်ရေးသားချင်းမဟုတ်ပါ။ပြောင်းလဲစေချင်ရုံလေးပါ။
အခုလိုမျိုးအဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဆက်လတ်အားပေးပါဦး.။ bye bye .
Author_ye linn oo
Msc _241@yelinn
ကျူရှင်တွေ မသင်ရတော့ဘူး လို့ လဲ ကြားဖူးတယ် ပြီးတော့လဲ ကျူရှင်သွားနေကြတာတွေလဲ တွေ့ နေပြန်တယ်။ မပြောင်းလဲနိုင်ကြသေးပါဘူးကွယ်။
ဟုတ်တယ် bro. ခုထိ မပြောင်းလဲသေးပါ
စာပိုဒ်အစလေးတွေမှာ spaceမခြားရင် စာတွေ အကုန်ဖတ်လို့ရတယ်
ပြန်ပြင်လိုက်ပါပြီ sis.အခုလို ဝေဖန်ပေးတဲ့အတွက် ကျေးကျေး.
မွေးကတည်းက ကျူရှင်
Hote tl sis yay.
ကျူ ရှင်စနစ်က ပပျောက်မယ်မထင်ပါဘူး
ဟုတ်ပါတယ်။ ပျောက်မလိုလိုနဲ့ မပပျောက်သေး
ကျူရှင်ဆိုတာမရှိရင်လည်း ဆရာ ဆရာမတွေ စားဝတ်နေရေးက ရတဲ့လစာနဲ့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးဗျ
ဒီတော့ ရှိနေအုံးမှာပါပဲ
အစိုးရကလည်း လစာလေးတော့ြှင်ပေစေချင်တယ်။
လစာလောက်ငှလည်း လောဘကြီးတဲ့ ဆရာ ဆရာ အချို့က သင်အုံးမယ် ထင်တာပဲ
အစ်ကိုရေ
ဟုတ်တယ် bro ရေ။ ဒါတေကိုလည်း ပြင်ခိုင်စေချင်တယ်
ပြောင်းလဲစရာတွေအများကြီးပါ
တဖြည်းဖြည်း နဲ့ပြောင်းလဲကြရင် ရပါတယ်
ခလေးတွေပဲ သနားပါတယ် ကျောင်းပြေးလိုက် ကျူရှင်ပြေးလိုက်နဲ့ ဗျာများနေရတယ်
မှန်ပါတယ် ဦးဇင်း။ကလေးတေအတွက်ဘဲ သနားပါတယ်
ပညာရေးစနစ်ကိုပြောင်းလဲဖို့လိုပါတယ်ဗျာ။
တဖြည်းဖြည်း နဲ့ပြောင်းလဲလာရင်ဘဲ ကျေနပ်မိပါတယ်
Ok vdo
Yep
ပညာရေးစနစ်ကပြောင်းသင့်တာကြာပြီပဲ။ဒါပေမယ့်ပညာရေးထက်ကျန်တာတွေကိုဦးစားပေးနေရသေးတယ်နိုင်ငံက ဆိုးချက်ပဲ။
ဆရာမ များအတွက် လစာလုံလောက်အောင်ပေး
စာသေသချာသင် ဘယ်တော့များမှပညာရေးက ပြင်နိုင်ကြပ
ပြောင်းလဲရန်ဝိုင်းဝန်ကြိုးစားရမယ်bro
ဟုတ်တယ် ကလေးတွေလဲကျောင်နဲ့ကျူရှင်ဆက်နေတာ
ကလေးတွေ နားချိန်တောင်မရှိ ကျောင်းနဲ့ကျူရှင်
ကလေးတေခင်ူဗျာ သနားဖို့ကောင်းတယ်
မိဘတွေ ဆရာတွေရှိနေသ၍ ကျူရှင်ဆိုတာရှိနေဦးမှာပါပဲလေ
ဟုတ်ပါတယ်လေ။but ပြောင်းလဲချိန်တန်ပါပြီ
ခေတ်ပြောင်းစနစ်ပြောင်း အားလုံးပြောင်းနေပေမဲ့ မပြောင်းတာက အကျင့်လေဗျာ
အဲ့အကျင့်ကို ပြင့်အချိန်တေတော်တော်လေပေးရမပေါ့