လူတွေ အတော်များများ ပါးစပ်ဖျားမှာ..
ကဗျာဆရာ တွေ ကလောင်ဖျားမှာ...
ရေပန်းစား နေတဲ့ အကြောင်းအရာ...
ရေပန်းစား နေတယ်ဆိုလို့
ပျော်စရာတော့မဟုတ်ပါဘူး
မြန်မာ့ယဉ်ကျေးမှုနဲ့ မညီ
ဗုဒ္ဓ တရားတော်နဲ့ ဖီလာဆန့်ကျင်နေတဲ့
မုဒိမ်းမှု တွေပါ
အားလုံက သတိပေးကြ
ရှုံ့ချ ဆန့်ကျင်ကြ လုပ်နေကြပါတယ်
ကျူးလွန်သူတွေက အသက်အရွယ်အစုံ
ဖြစ်ပေမယ့်
ကျူးလွန်ခံရသူ အများစုက
သက်ငယ်ကလေးငယ်တွေဖြစ်နေတယ်
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး
တွေးမိတာကတော့
လူတွေရဲ့ အသိမှာ ဘာသာရေးအသိ
အခြေခံနည်းတာက အဓိက ဖြစ်မယ်လို့
ယူဆမိတယ်
ကလေးဘ၀ထဲက ဗုဒ္ဓဘာသာ
တရားတော်တွေကို
မိရိုးဖလာ အနေနဲ့ အပေါ်ယံမဟုတ်ဘဲ
အနှစ်သာရအထိ လေ့ကျက် သင်ကြား
နားလည်ခဲ့ရင်
ဖြစ်စရာ အကြောင်းမရှိဘူးလို့
ထင်တာပဲ
တစ်ခါ ကလေးလူကြီးမရွေး သုံးနေတဲ့
Fb တွေကလည်း စာရိတ္တမဏ္ဍိုင်ကို
အကြီးအကျယ် ပုတ်ချနေတယ်
အသက်အရွယ် မရွေး ၀င်ကြည့်လို့ရတဲ့
အပြာကားတွေ က fb ပေါ်မှာ
ပေါများလိုက်တာ
အဲဒီကနေ လက်တည့်စမ်းချင်ကြတဲ့
ကလေးတွေ အများကြီးဖြစ်လာရော
အခုချိန်မှာ
အားလုံးပူပန်နေကြရပြီ
သမီးမိန်းကလေးတွေရဲ့ မိခင်တွေမှာ
လသား အရွယ် သမီးငယ်တောင်
မျက်စိအောက်ကမခွာရဲဘူး
၁၀နှစ်မတိုင်ခင် သမီးလေးတွေကို
ဟိုနားသည်နား အနီးအနား အိမ်ဆိုင်တောင် ဈေးဝယ်မလွှတ်ရဲဘူး
အရွယ်ရောက် အလုပ်ခွင်နေတဲ့
သမီးလေး အိမ်ပြန်မရောက်မချင်း
မိဘက ပူနေရတယ်
လုပ်ငန်းခွင်ဝင်နေရတဲ့ မိခင်ဖခင်တွေရဲ့
သောက ကလည်း ဘယ်လောက်ကြီးနေမလဲ
ထို့အတူ သားရှင်တွေကလည်း
မိမိတို့သားလေးတွေ မတော်မတရား
စိတ်ဖောက်သွားမလား ပူနေရတယ်
သူတို့ အပေါင်းအသင်းတွေ၊
Fb ပေါ်မှာ သူတို့ like ပေးထားတဲ့
Page တွေ မကြာခဏ ယူစစ်နေရတယ်
အခုလို နွေ ပိတ်ရက်မှာ
မိဘတွေအနေနဲ့
ကလေးတွေကို ကျူရှင်တွေ ပို့မယ့်အစား
ဘာသာရေး စာပေတွေ လေ့လာခိုင်းတာ
ကောင်းမယ်ထင်ပါတယ်
လူငယ်တွေက ကျူရှင် ကျောင်း တို့ကို
အကြောင်းပြပြိီး
သူငယ်ချင်း အပေါင်းအသင်းနဲ့
ဟေးလားဝါးလားလုပ်နေကြတာများပါ
တယ်
နွေ ၃ လမှာ
သားတွေကို ကိုရင်ဝတ်ပေး၊
သမီးမိန်းကလေးတွေကို သီလရှင်ဝတ်ပေးပြီး
ဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရလေး သိအောင်သင်ပေးနိုင်ရင်
အရမ်းကောင်းမှာပဲ၊
သူများ ဘာသာတွေမှာ တနင်္ဂနွေ ဘုရားရှိခိုးကြတယ်
သောကြာ ဘုရားရှိခိုး ကြတယ်
ကိုယ်တို့က နွေ ၃လ သင်္ကန်း စည်းပြီး
သာသနာ အဆုံးအမခံယူမယ်ဆိုရင်
မိရိုးဖလာ မဟုတ်တဲ့
ဗုဒ္ဓဘာသာဝင်တွေ ပေါ်ထွက်လာမှာပဲ
ဒါမှသာ အသိတရားနဲ့ ထိန်းသိမ်းပြီး
အမှားရှောင်နိုင်မှာပါ
အဓိက မိဘတွေအပေါ်မှာ မူတည်နေပါတယ်။
ကဗျာဆရာ စာရေးဆရာ တွေလည်း
ပညာပေးနေကြတာ မနားမနေပါပဲ
နေရာပေါင်းစုံက ၀ိုင်းဝန်းလေ့လာ
အဖြေရှာသင့်နေပါပြီ
နောင်မျိုးဆက်သစ်တွေကို
အကောင်းဆုံး အဆုံးအမတွေနဲ့
ပြုပြင်ပုံသွင်းနိုင်မှသာ
အနာဂတ် က ကောင်းမွန်လာမှာပါ
အားလုံးဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြင့်
အနာဂတ်ကာလ လှပအောင်
ကြိုးစားကြပါစို့လား
.
@yemin
photo credit:google
Sort: Trending