အရင်းမပါsteemရှာ
တစ်ချို့ကပြောကြတာရှိပါတယ်။
ပို့စ်တွေရေးရတာမလွယ်ဘူးတဲ့။
ပို့စ်တစ်ခုရေးဖို့ဆိုတာသိပ်ပြီးတော့အခက်ကြီးတော့မဟုတ်ပါဘူး။
သည်လိုမျိုးပြောလို့ လွယ်သလားဆိုတော့ အဲလိုလည်းမဟုတ်သေးဘူးဗျ။
လွယ်သလိုလိုမလွယ်သလိုလိုလားဆိုတော့လည်းမဟုတ်သေးဘူး။
တစ်ခါတစ်လေကြတော့လွယ်တယ်၊တစ်ခါတစ်လေကြတော့ စာတစ်လုံးထွက်ဖို့ကိုဘယ်ကစလို့စရမှန်းမသိဘူး။
အဲလိုမျိုးဖြစ်နေကြတဲ့သူတွေကများမယ်ထင်ပါတယ်။
ကျွန်တော်အပါအဝင် ပါ။
သူများတွေ တော့ဟုတ်ချင်မှဟုတ်မှာပေါ့လေ။
ဒါပေမယ့်စိတ်မညစ်ပါနဲ့။
ဒါဟာပုံမှန်ပါပဲ။
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ စက်တွေမဟုတ်လို့ပါပဲ။
ကျွန်တော်တို့ဟာလူတွေဖြစ်တဲ့အတွက်စက်တွေလိုအလုပ်မလုပ်နိုင်ပါဘူး။
ဥပမာ စာရိုက်တဲ့စက်တွေဆိုပါတော့ ။
ဒီနေရာမှာ စာရိုက်စက်ဆိုတာ လက်နှိပ်စက်ကိုပြောခြင်းမဟုတ်ပါဘူး။
စာတစ်ပုဒ်ကိုလူတွေလိုပဲအကြောင်းအရာတွေချိတ်ဆက်ပြီး ကိုယ်တိုင်တွေး၊ကိုယ်တိုင်ရေးနိုင်တဲ့စက်တွေကိုဆိုလိုတာပါ။
အဲလိုစက်မျိုး ရှိမယ်ဆိုရင်တောင် နေ့တိုင်း၊အချိန်တိုင်း မဖြစ်နိုင်ပါဘူး။
သူ့အတွက်ပြန်ပြီuးpgrade လုပ်ပေးရပါအုံးမယ်။
ပြင်ဆင်ချိန်တွေအတွက်အချိန်ယူရပါအုံးမယ်။
ဒါကြောင့်မို့ ကျွန်တော်တို့တစ်တွေဖြစ်နေကြတဲ့
ဘာရေးရမှန်းမသိဘူးဆိုတဲ့စိတ်ဖြစ်လာတာဟာပုံမှန်ပါပဲ။
Steemit ဆိုတဲ့ငွေရှာဆိုဒ်ဟာ တစ်ခြားငွေရှာဆိုဒ်တွေနဲ့လုံးဝကွဲပြားတယ်ဆိုတာအားလုံးသိကြတဲ့အတိုင်းပါပဲ။
သူကစာရေးပြီးမှပိုက်ဆံရတာဖြစ်တဲ့အတွက်မရေးလို့မဖြစ်ပါဘူး။
ပိုက်ဆံလိုချင်ရင်တော့ရေးကိုရေးရပါမယ်။
ငမ်းငမ်းတက်လိုချင်နေခြင်းကိုဆိုလိုခြင်းမဟုတ်ပါ။
ဒီplatform ပေါ်မှာလျှောက်နေကြတဲ့သူတွေဟာ crypto နဲ့တော့မစိမ်းကြပါဘူး။
တော်တော်များများကcryptoနဲ့နွှယ်နေတဲ့အတွက်ရောက်လာကြတဲ့သူတွေကများပါတယ်။
ဝါသနာလည်းပါတယ် ဆိုတဲ့သူတွေကအတော်ကိုရှားပါလိမ့်မယ်။
ဒါကြောင့်မို့လည်းပို့စ်တစ်ပုဒ်အတွက် မနည်းအားယူနေရတာပါ။
ဘာပဲဖြစ်ဖြစ်ဆိုခဲ့တဲ့အတိုင်း ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေရေးတော့ရေးနေရတာပါပဲ။
ဘာတွေရေးမလည်းဆိုတဲ့နေရာမှာမိမိနှစ်သက်ရာ၊အားသန်ရာကိုရေးလို့ရပါတယ်။
မိမိရဲ့နေ့စဉ်လုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့အကြောင်းတွေကိုရေးမယ်ဆိုရင် မကုန်နိုင်တဲ့ကုန်ကြမ်းတွေပါပဲ။
နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝရဲ့ အဖြစ်အပျက်တွေထဲက နေပြီးတော့လည်း ရေးလို့ရပါတယ်။
သူငယ်ချင်းတွေနဲ့ အမှတ်တရဘာတွေပြောကြတယ်၊ဘာတွေလုပ်ကြတယ်ဆိုရေးလည်းရတာပါပဲ။
ခရီးသွားပြီးအလုပ်လုပ်နေတဲ့သူတွေဆို ပိုပြီးတော့တောင်ရေးစရာပေါပါသေးတယ်။
တောတောင်အကြောင်းရေးမလား၊သဘာဝရှုခင်းတွေအကြောင်းရေးမလား။
ကိုယ့်နေရာကိုယ့်ဒေသရဲ့ရှုခင်းကကိုယ့်အတွက်တော့ မဆန်းပေမယ့်အခြားသူတွေအတွက်ကြတော့ တမူထူးခြားတဲ့ခံစားချက်ကိုပေးနိုင်ပါတယ်။
နည်းပညာနယ်ကလူတွေဆိုရင်လည်းနည်းပညာအကြောင်းကိုရေးမယ်ဆိုရေးလို့ရတာပါပဲ။
Online မှာ Trading လိုမျိုးလုပ်တဲ့သူတွေဆိုလည်းသူတို့ကျွမ်းကျင်ရာကိုရေးနေကြတာတွေ့ဖူးကြမှာပါပဲ။
နောက်ရှိသေးတ်ာဗျ။
ဘယ်တော့မှမကုန်နိုင်တဲ့ကုန်ကြမ်း။
အချစ်၊အလွမ်း၊အဆွေးကြောင်းတွေပေါ့ဗျာ။
သူကတော့ ဘယ်တော့မှ ကုန်မှာမဟုတ်တော့ပါဘူး။
ဒါပေမယ့်အဲဒီလိုရေးတတ်ဖို့ဆိုတာကြတော့တော်ရုံအလွမ်းဓာတ်ခံရှိရုံနဲ့မရဘူးဗျ။
နောက်ပြီးတော့ဝတ္ထုလိုင်း။
အဲဒီလိုင်းကတော့တော်ရုံလူနဲ့မဖြစ်ပါဘူး။သူတို့အတွက်ကပိုပြီးတော့ရေးစရာများတယ်။
နောက်ဆောင်းပါး။ပညာပေးသုတ၊ရသဆောင်းပါးတွေလည်းရေးလို့ရတာပါပဲ။
နောက်ထပ်ရေးလို့ရတဲ့အကြောင်းအရာတွေလည်းအများကြီးကျန်ပါသေးတယ်။
ကျွန်တော်တို့တစ်တွေဟာ online ပေါ်မှာ Crypto ရှာကြတဲ့အခါ
တစ်ချို့ဆိုဒ်တွေကကြော်ငြာကြည့်ရတယ်၊တစ်ချို့က ငါးမိနစ်တစ်ခါ၊ဆယ်မိနစ်တစ်ခါ ဝင်ပြီးclaim ရတယ်။
အမျိုးမျိုးရှိကြပါတယ်။
တွေ့ဖူးကြမှာပါပဲ။
ဒါပေမယ့်သူတို့ဆီကရမယ့်ပမာဏဟာ refer မရှာနိုင်ရင် ဘေဖိုးတောင်မရှိပါဘူး။
နောက်တစ်မျိုးက invest တွေ ။သူတို့က ရရင်တော့ မျိုးမျိုးမြတ်မြတ်။
ပြေးပြီဆိုလည်း တစ်ရှိန်ထိုး။
ဘယ်ရောက်သွားကြမှန်းကိုမသိဘူး။
နောက် mining တို့ ဘာတို့။
ဒါ့အပြင်ကျွန်တော်မသိသေးတဲ့အရာတွေလည်းအများကြီးပါပဲ။
သူတို့မှာက ရင်းချင်ရင်း။မရင်းချင်Freeရှာပေါ့။
စောစောကပြောသလို Free ရှာတယ်ဆိုတာလည်းပြန်တွက်ရင်ဘေဖိုးတောင်မရပါဘူး။
Steemit မှာကြတော့ ရင်းစရာမလိုပဲလုပ်နိုင်တယ်။
ရင်းပြီးလုပ်မယ်ဆို ပိုတောင်ကောင်းပါသေးတယ်။
ခုချိန်ဈေးကျနေတုန်းpower ဝယ်ပြီuးp ထားနိုင်ရင်အကောင်းဆုံးပါပဲ။
ဝယ်ရင်းဖို့အဆင်မပြေတဲ့သူတွေကြတော့ စာရေးပြီးတော့ပဲ တဖြည်းဖြည်းစုကြတာပေါ့ဗျာ။
ဘာပဲဖြစ်ဖြစ် အရင်းမှမစိုက်ရတာဗျာ။
ရသလောက်အမြတ်ကျန်တာပဲကိုး။
စောစောကပြောခဲ့တဲ့ Free ရှာတဲ့ဆိုဒ်တွေထက်စာရင်တော့အများကြီးသာပါတယ်။
ဘေဖိုးမကတော့ပြန်ရပါတယ်။
အဲဒါကြောင့်မို့ မိမိတို့ရေးတတ်သလိုရေးကြပါလို့တိုက်တွန်းပါတယ်။
ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ၊
ကြိုးစားပြီးရေးဖို့ပဲ။
အဓိကကကူးမချပြီးတာပဲ။
ကျွန်တော်ကတော့ အဲလိုခံယူတယ်။
အရင်တုန်းကစမြန်မာစကားပုံရှိပါတယ်။
အရင်းမစိုက်လှေထိုးလိုက်တဲ့။
ခုလည်းဒီလိုမျိုးပါပဲ။
အရင်းမပါsteemရှာကြပါလို့။
Credit;google images
အားလုံးကျန်းမာချမ်းသာကြပါစေ
ရဲသီဟကျော်
Msc-093
15.3.2018,Thu
@yethihakyaw
ဈေးနည်းနည်းထက်ကျရင်တော့ ရင်းဖို့စဉ်းစားထားပါတယ်ဗျ . . အခုတော့ အရင်းမပါ steem ရှာပေါ့ . . SP တွေပဲ အသေအချာရအောင် စုလိုက် Power Up လိုက်နဲ့ပေါ့
ဈေးကျတာလည်းကောင်းပါတယ်လေ။
ဝယ်ပြီးတော့up မယ့်သူတွေအတွက်။
ကြွက်သေတစ်ခုအရင်းပြု၍ဆိုသည့်စကားအတိုင်းပဲပေါ့ရှင်။Good writing.
ဟုတ်ပါတယ်။အဲလိုမျိုးပဲ။
ဟုတ်ပါတယ်ဗျာ ကောင်းမွန်သောစကားလုံးလေးပါ
ကျေးဇူးတင်ပါတယ်။
ခုလိုအားပေးတဲ့အတွက်။
Goodအားပေးနေပါတယ်
ကျေးဇူးတင်ပါတယ်။
အားပေးနေပါတယ်
ကျေးဇူးပါဗျာ။
ဟုတ်ပါတယ်ဗျာ ကောင်းမွန်သောစကားလုံးလေးပါ
ကျေးဇူးတင်ပါတယ်။
Good တယ်ဗျာ
ကျေးဇူးပါဗျာ။
ဟုတ်ကဲ့။စာကြိုးစားရေးပြီး steemရှာနေပါတယ်။
ဟုတ်ကဲ့ကြိုးစားပါ။
ကြိုးစားပီးရေးနေတာပဲ
ရေးပါ။ဒါမှသူဌေးဖြစ်မှာ။
ကြိုးစားရေးသားနေဆဲပါအကိုရေ
ကြိုးစားပေါ့ဗျာ။
အမှန်ပါပဲဗျာ ခုလက်ရှိအခြေအနေနဲ့
ကျေးဇူးတင်ပါတယ်။
ခုလိုလာရောက်ဖတ်ရှုပေးတာကို ။
ဟုတ်ကဲ့ပါ
ကျေးဇူးပါဗျာ။
စာရေပြီး သေသေချာချာကို ရှာဖွေစုဆောင်းနေပါတယ်
စုထားတာကောင်းပါတယ်
ဟုတ်တယ်ဗျာ စာရေးတာက အစတစ်ခုရသွားလက်က ပါသွားတာ။တခါတလေ အတွေးလေးကောင်းနေတုန်း စကားများလာပြောရင် ပျောက်သွားပြန်ရော။
ဟုတ်တယ်။အကြောင်းအရာရှိရင်ပြီးရော။
ကျန်တာကချဲ့ရေးလိုက်လို့ရတယ်။
စုမယ်ဆောင်းမယ် တူတူကြီးပွားကြမယ်လေ
ဟားဟား
ဟုတ်တာပေါ့ဗျာ။
ဟုတ်တယ်ဗျ
ဖတ်လို့မရဘူးဗျိုး
Investment လုပ်ရင်လည်းမရှုံးဘူး၊ဈေးတက်တုန်းရောင်းတတ်ဖို့ပဲလိုတာ
မလုပ်တတ်သေးဘူးဆရာ
မှန်တယ်ဗျာ