ဒီလိုနဲ့ အဖေက မင်းဖုန်းမကောင်းဘူးလား လို့
စကားစလာတော့ ကျွန်တော်ကလဲ
ပထမနည်းနည်းတော့ မူရတာပေါ့။
မကောင်းတာတော့ မဟုတ်ပါဘူးအဖေ။
တော်တော်လေးလာလို့ သုံးရင်းနဲ့ ဘာညာပေါ့။
အဖေ သားပထမတော့ steemitကရတာလေးနဲ့
သားဖုန်းအဟောင်းလေးရောင်းပြီး စိုက်ဝယ်မလို့ပဲ
ဒါပေမဲ့ မရတော့လို့လို့ပြောလိုက်ပါတယ်။
ဒါပေမဲ့ အဖေ့ကို ကျွန်တော်က laptopပူထားတာရှိတော့ ဖုန်းကို ၀ယ်မပေးစေချင်ပါဘူး။
အဖေကတော့ ပြန်ပြောပါတယ်။
"အေးဒါဆို မင်းကိုlaptop၀ယ်ပေးဖို့.စုထားတဲ့ဟာ
ထဲကနေ ၀ယ်လိုက်လေ ဖုန်းမကောင်းရင်
Laptopကမလိုသေးဘူးမလား"
အဲ့လိုပြန်ပြောပါတယ်။
ကျွန်တော့်မေဂျာသာ.ECဆိုရင် Second Yearမှာ
မရှိမဖြစ် laptopလိုနေပါပြီ ။
ဒါပေမဲ့ EPဆိုတော့ မရှိလည်းရသေးတာမလို့
ကျွန်တော်လဲ laptop ၀ယ်ပေးဖို့ ပိုက်ဆံထဲကနေ
ဖုန်းဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော်က ဘယ်လိုပြောကမလဲ
ငယ်ငယ်ကတည်းက အဖေနဲ့ သိပ်မရင်းနှီးဘူးဗျ။
လိုချင်တာရှိရင် အမေပဲ ပူတတ်တယ်။
အမေကနေမှ အဖေ့ကိုပြန်ပြောပေးတယ်။
ငယ်ငယ်ကတည်းက အဖေက ကျွန်တော်အဆင့်
ကောင်းကောင်းရဖို့ ဆိုပြီး မင်းအဆင့်
ဘယ်လောက်ရရင် ဘာဝယ်ပေးမယ်ဆိုပြီး
ဆွယ်စရာတစ်ခုခုနဲ့ အဆင့်ကောင်းအောင်
လုပ်ပေးတတ်ပါတယ်။
ကျွန်တော် မှတ်မှတ်ရရတစ်ခုဆိုရင် ကျွန်တော်
၈တန်းပေါ့ ဂိမ်းဆော့ချင်လို့ဆိုပြီး Laptopဆိုပြီး
အတင်းပူဆာခဲ့တယ်။
ခါတိုင်းလိုပဲ အဆင့်ဘယ်လောက်ရရင် ၀ယ်ပေး
မယ်ဆိုပြီး ပြောခဲ့တယ်။
အောင်စာရင်းထွက်ပြီး၂ရက်ကြာတာနဲ့ laptop
တစ်လုံးဝယ်ပေးခဲ့တယ်။
ခုတော့ အဲ့laptopဟာကျွန်တော့်ရဲ့အသုံးမကျမှု
ကြောင့် အားသွင်းရင်းကနေ မီးအားစောင့်တက်ပြီး
ပျက်သွားပါပြီ။
အခုမှ အဖေ့ရဲ့ ကျေးဇူးတွေသေချာသိမြင်
လာတယ်။
အရင်တုန်းကလို ကျွန်တော်တစ်ယောက်တည်းဆို
ရင် laptopရော phoneရောဝယ်ပေးပြီးနေလောက်ပါပြီ။
ကျွန်တော့်ညီမလေးအတွက်ကလည်း ရှိနေတော့
လုပ်မပေးနိုင်တာပါ။
ကျွန်တော် အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။
အမေ့ကိုလည်း ပြန်လာမယ်လည်းပြောလိုက်တယ်
ဒီလိုနဲ့ ပဲ သောကြာနေ့ မနက်ကျောင်းကိုသွားက
တည်းက လှိုင်သာယာ အဝေးပြေးမှာဆင်းပြီး
လက်မှတ်ဝယ်လိုက်တယ်။WYTUက အဝေးပြေး
အကျော်မှာလေ အဲ့ဒါကြောင့် လက်မှတ်ဝယ်ရတာ
ကျောင်းသွားတဲ့လမ်းမှာပဲမလို့ ပိုအဆင်ပြေသွားတယ်။
ပြည်ထောင်စုနေ့နဲ့ ဆက်ပြီး ၃ရက်ပိတ်တာမို့
အိမ်ပြန်တဲ့သူတော်တော်များကြတယ်။
ကျွန်တော် ခုံနံပတ် 35ပဲရတယ်နောက်ဆုံးနား။
ဒါနဲ့ပဲ လက်မှတ်ရ ကျောင်းသွား
ညနေကျတော့ ကိုယ့်အိမ်ကို ပြန်ရတော့မယ်ဆို
တော့ အတက်ကြွဆုံးခြေလှမ်းတွေနဲ့ အဆောင်
ကိုပြန် အ၀တ်ထုတ်ထည့် ။
ပြီးမှ ရေမြန်မြန်ချိုးပြီး လမ်းထဲမှာ ထမင်းစားပြီး
ကားဂိတ်ကို ထွက်လာခဲ့တယ်။
ကားက ည7နာရီခွဲထွက်ပါတယ်။
ည၁၂နာရီမှာ ရေနံသာကိုရောက်ပြီး.ထမင်းစားနာပါတယ်။
အဲ့ကနေမှ မြန်အောင်ကို မနက်၂နာရီကျော်လောက်မှာရောက်ပါတယ်။
စုစုပေါင်း၇နာရီလောက်စီးရပါတယ်။
အိမ်ကိုရောက် ကိုယ့်အတွက် အမေပြင်ပေးထားတဲ့ အိပ်ရာလေးမှာ အိပ်။
မနက်ကျမှ မစားရတာကြာပြီဖြစ်တဲ့ မု့န်ဟင်းခါး
လေးအ၀စားလိုက်တယ်။
ရန်ကုန်က မုန့်ဟင်းရည်ကို ကျွန်တော်မကြိုက်ဘူးဗျ။
ကျွန်တော်တို့ဘက်က ဟာနဲ့မတူဘူး။
ကျွန်တော့်အတွက် ပိတ်ရက်မှာတော့ အမေ့ရဲ့
ရှယ်လက်ရာတွေနဲ့ ဗိုက်ပြည့်အောင်စားရတာပေါ့။
YGNမှာ စားချင်တာဝယ်စားလို့ရတယ်ဆိုပေမဲ့
အမေ့ရဲ့လက်ရာထက်တော့ ဘယ်ဟာကမှ
မကောင်းပါဘူး။
ပြီးရင်တော့ ကျွန်တော့်ရဲ့အပျော်ဆုံးအပိုင်းလေး
ဖုန်းသွားဝယ်ရတာပေါ့။
အဖေက ပိုက်ဆံထုတ်ပေးပါတယ်။
ကိုယ့်ဟာကိုသာ ကြိုက်တာသွားဝယ်ဆိုပြီး ၂သိန်းခွဲထုတ်ပေးပါတယ်။
ကျွန်တော်လဲ ဒီ Redmi Not 5A primeလေး
ဝယ်လာပါတယ်။
Globalဆိုတော့ပိုအဆင်ပြေပါတယ်။
ဒီလိုနဲ့ ၃ရက်ဆိုတာ ဘာမှမဟုတ်သလိုနဲ့ ပြီးသွားခဲ့ပြန်တယ်။
YGNပြန်ရပါတော့မယ်။
ခဏခဏ ပြန်လိုက်သွားလိုက်နေပေမဲ့ ပြန်တဲ့အချိန်ဆိုရင်တော့ စိတ်ထဲမှာ တစ်မျိုးဝမ်းနည်သလိုခံစားရပါတယ်။
ဒါပေမဲ့လည်း မပြန်မဖြစ်မို့ပြန်ခဲ့ရပါတယ်။
အိမ်ကို ပြန်တိုင်း ကိုယ့်ကျောင်းတက်ဖို့
ပိုက်ဆံရှာနေရတဲ့ အဖေ့ကို မြင်ပြီး စာအာရုံစိုက်လုပ်ဖို့ အတွေး ပိုပိုပြီး ဖြစ်မိပါတယ်။
ဒါကတော့ ကျွန်တော့် ပိတ်ရက် ၃ ရက်အပြန်ခရီးလေးပါ။
MSCမိသားစုဝင်အားလုံးကျန်းမာချမ်းသာကြပါစေ။
Written By @yeyintkyaw
MSC-020
v100%$0.08 v n m .
အဖေဆိုတာ တိတ်ဆိတ်တဲ့မေတ္တာရှင် သူရဲကောင်းပါ. အားပေးနေမယ် bro
ဟုတ်တယ်အကို
ဖတ်ကောင်းတယ်...အိမ်ပြန်ခရီးအကြောင်း....good
ကျေးဇူးပါ
အစ်ကိုလဲ တစ်လတစ်ခ့တောင်မပြန်ဖြစ်ပါဘူး အလုပ်တွေ သားသမီးဝတ္တရာူတွေရှုပ်လာဘီကိုး
ပိတ်ရက်တေည့ပြန်ပေါ့အကို
ကောင်းပါ့ဗျာ ဖတ်လို့
ကျေးဇူးပါ
Good ကောင်းတယ် အစ်ကို 5A လေး ဈေးနုန်းလည်အဆင်ပြေတယ်..
ဟုတ်လားအကိုခုလဲသုံးနေတာမဆိုးဘူး
5A လေး 50000နဲ့ပြန်ရောင်းပေးပါ :P
ဘူးရောင်းမယ်၅သောင်းပဲပေး
အိမ်ပြန်ခရီးတိုင်း ချောမွေ့ပါစေဗျာ
မမနဲ့ သားနဲ့ တူတယ် မမက 4 64😍😍ကင်မရာအလန်းခွာ သားပိုလှလာတေ ခ်ခ်
3 32အမ
စာကြိုးစားပါညီရေ
ဟုတ်ကဲ့အကို
Good post လေးပါဗျာ့ 
ကျေးဇူးပါပဲ
ဖုန်းအသစ်ကလေးနဲ့ ပြန်လာပြီဆိုတော့ စာများများကျက်တော့မယ်ပေါ့
အရေးအသားတွေအရမ်းကောင်းလို့ ဖတ်ရတာ ကျေနပ်မှုရှိစေတဲ့စာမျိုးပါ@ye
မိသားစုဘဝလေး ..ချစ်စရာ
Redmi Note 5A လေးလည်းလှ ..
ကျေးဇူးပါ
ကိုယ့်ဇာတိကို ပြန်ရတာ ပျော် စရာပါ။
ဟုတ်တယ်အကို
v100%$0.08 v n m .
ကျောင်းပြီးအောင်အမြန်ကြိုးစား မောင်လေးရေ