"ဘူးလိုက်ကြစို့သူငယ်ချင်း"
= = = = =
အချစ်ဆိုတာကိုလေ ကိုင်တွယ်လို့မျာရရင် ပေလမ်းမထက်မှာ အကြိမ်ကြိမ်အခါခါ အခါတရာလောက်ရိုက်ခွဲပြစ်လိုက်ချင်တယ်၊ ဘယ်နယ့်ဗျာ ငါးလေးတကောင်ကြော်ပါတယ် ငါးကြော်ကမကြက်သေး ညှော်နံကတရွာာလုံးမွှေးနေပြီ၊ သူ့ကိုခုမှစဖွင့်ပြောယုံရှိသေး သူနဲ့ကျနော်မနက်ဖြန်ဘဲယူတော့မလိုလို၊ သဘက်ခါဘဲမင်္ဂလာဆောင်တော့မလိုလို၊နဲ့
မေးလိုက်ကျတဲ့မင်္ဂလာသတင်း၊လူဆယ်ယောက်လောက်သတ်ထောင်ထဲသာဝင်ခြင်စိတ်ပေါက်တယ်၊
စဉ်းစားကြည့်ပေါ့ဗျာသူ့ဘက်ကလဲကျွန်တော့အပေါ်ရှက်ရှက်နဲ့ ချစ်မေတ္တာလမ်းခွဲဝမ်းနည်းပါတယ်ဆိုပြီးကျွန်တော့ဘဝအတွက်ပထမဆုံးတိုက်ပွဲကျရှူံးခဲ့တာပါဘဲ၊ အသဲတွေနာရင်ကွဲပက်လက်နဲ့ဘာတပ်နိင်မလဲ၊ဘောင်းဘီအိပ်ထဲလက်ကလေးနိုက်ပြီးလမ်းမထက်ရှောက်သွားနေလိုက်တာမိုးတိမ် မိုးရိပ်ကလေးတွေထလာမှသတိကလေးကရလာတယ်၊ "ဟိုက်..မိုးတွေရွာတော့မှာပါလား ... "
အပြေးအလွှားနဲ့ဘေးနာကလ္ဘက်ရည်ဆိုင်ထဲဝင်ထိုင်
ဆိုင်ထဲလဲရောက် ပြိုဆင်းလာတဲ့မိုးပေါက်တွေက သွပ်မိုးပေါ်မှာတဗြောင်းဗြောင်းနဲ့ ကိုယ်လိုဘဲ ဆိုင်ထဲမှာ ထီးမပါတဲ့သူများ ထိုင်တဲ့သူကထိုင် ထတဲ့သူကထ စည်းကားလို့နေလိုက်တာ ၊ကျွန်တော်လည်း အနီးအနားကခုံတခုံမှာထိုင် လ္ဘက်ရည်ကျကျ
စားပွဲထိုလေးကိုခေါ်ပြီး မှာသောက်လိုက်ရတယ်။ "အလား..လား...မိုက်တယ်ဟ၊"
(လ္ဘက်ရည်မဟုတ်ဘူးနော်)
ချစ်ချင်းအစမျက်လုံးကတဲ့၊ မျက်နာချင်းဆိုင်ခုံကမဒီကညာလေးတွေ့တော့ ကျွန်တော့ရဲ့မျက်လုံးတစုံက အသဲလေးတွေချာချာလည်၊မဆီမဆိုင်ရင်ထဲကအသဲစိုင်ကလည်း "ထ" က အဟပ် အဟပ် မိုးနတ်မင်းကြီးကိုတောင်ထိုင်ဦးချလိုက်ရတော့မလိုလို၊
မဒီလေးရဲ့ဘေးမျက်နာချင်းဆိုင်နှစ်ယောက်ကစကားတွေတွပ်ထိုးနေကြပေမဲ့၊မဒီလေးကတော့အိနြေ္ဒရသဗျ၊ကျောပေးနေတဲ့အမတယောက်ကဘယ်ညာလှည့်ခါ တခါတခါ စကားဝိုင်းထဲဝင်ပြောနေတာတွေ့ရတယ်၊ ဒီတော့ဒီတော့ပေါ့လေ သူနဲ့ကျွန်တော် အကြည့်ထဲမှာပျော်နေကြတာ၊သူနဲ့ကွန်တော်ရင်ခုံသံတွေထပ်တူကျသွားတာ ဘယ်သီအိုရီကြောင့်လဲဆိုတာကျွန်တော်မသိလိုက်၊
"ပြီးတော့ ပြီးတော့ ထို့နောင် ထို့နောင်ပါ"ဆိုတဲ့လွှမ်းမိုးသီချင်းတောင်သတိယမိတယ်ဗျ၊
သူမျက်ဝန်းအစုံကို ကိုယ့်ကစိုက်အကြည့် အဟိဆိုရှက်ပြီး ကျောပေးထားတဲ့အမနဲ့မသိမသာလေးကွယ်သွား၊ ကျွန်တော်လဲ မသိမသာဘေးဆီလွှဲကြည့်သလိုလိုသူ့ကိုခိုးကြည့်တော့ သူကလဲကိုယ့်ကိုခိုးကြည့်၊ နောက်အကြည့်ချင်းဆုံပြီးလူမိသွားသလို ဘာရမလဲ အမှောင်ညရေးရေး လကွေးကွေးလေးထဲမှာ သူနဲ့ကျွန်တော်အတူထိုင်ပြီးဒန်းစီးပြစ်လိုက်တယ်၊နှင်းမှူံတွေကျဲထားတဲ့ လမ်းမထက်မှာလည်းသူနဲ့ကျွန်တော်ပျော်ပျော်ကြီးကပြစ်လိုက်တယ်၊
ဟုပ်တယ်ဗျ ဒီပင်လယ်ကိုဖြတ်သမ်းချင်တာကြာပြီ၊ဒီတောင်တန်းကြီးတွေကိုလဲကျော်ဖြတ်ချင်တာကြာပြီ ၊ကွေ့ကောက်နေတဲ့မြစ်တွေကိုလည်းဆွဲဆန့်ချင်တာကြာပြီ၊ဒါပေမဲ့ရင်ထဲကအသဲနှစ်လုံးကအိပ်ငိုက်ပြီး လေးလံနေတော့ အားမတန်လို့မာန်ရှော့ထားတာ၊ အခုတော့ ထခုန်နေတဲ့နစ်လုံးသားလေးကြောင့် ကောင်းကင်ပေါ်မှာတစဆီကျဲ ပြန့်နေတဲ့ကျွန်တော့ရဲရည်ရွယ်ချက်တွေ အားလုံးကိုအင်နဲ့အားနဲ့စုစည်းပြီး မြင်မိုလ်တောင်ကိုလည်းဖြိုဖြက်ပြစ်တော့မယ်၊ ကွေ့ကောက်နေတဲ့မြစ်တွေကိုလဲ ဆွဲဆန့်ပြစ်တော့မယ်၊ပင်လယ်ကြီးကိုလဲဖြတ်သမ်းလိုက်တော့မယ်၊ အယ်...ဘယ်လောက်ကြာအောင်စိတ်ကူယဉ်နေသည်မသိ မိုးကလဲတိပ်သွားပြီ။
၊ မဒီလေးရဲ့ဘေးနားက တယောက်က"မိုးတိပ်ပြီပြန်ကြရအောင်တဲ့ "
သူမကသူဘေးနားကဂျိုင်းထောက်ကိုယူပြီးမဒီလေးကိုလှမ်းပေးလိုက်ပါတယ်၊ "ဟိုက် ...မဒီလေးကခြေထောက်တဖက်မပါဘူး.."မဒီလေးကဂျိုင်းထောက်ကလေးနဲ့နောက်ပြန်လှည့်ကာ လှောင်ပြုံးလေးလက်ပြနှူတ်ဆက်သွားလေရဲ့၊ဘာတပ်နိုင်မလဲကိုယ်ကလဲဘယ်ဘက်လက်နဲ့ညာဘက်လက်ကလေးကို ဖြေးဖြေးခြင်းမကာ ရှက်ရှက်နဲ့နှူတ်ဆက်လိုက်ရပါတော့တယ်ဗျာ...
ကောင်းကင်ပေါ်ထက်
တစစီကျဲ ပြန့်နေတဲ့
ကိုယ့်ရဲရည်ရွယ်ချက်တွေ
အားလုံးကိုစုစည်းပြီး
မြင့်မိုလ်တောင်ကိုဖြိုဖြက်ဖို့ကြိုးစာထားတာ
အခုတော့ ....
ရင်ထဲကအသဲနှလုံး
ပလုံဆိုပြီး
ရေထဲကိုပြုတ်ကျသွားတယ်
မဖြစ်ဖူး မဖြစ်ဖူး
သူမရှိရင်မဖြစ်ဖူး
အမြန်ပြန်ဆယ်ထားမှဖြစ်မယ်
နောက်တခါ "ဘူး" ဖို့မကျန်ဘဲနေမှ
အဲ့တာမှ ဒုက္ခ.....
ဘဝအမောတွေ ပြေပြောက်ကြပါစေ
အားလုံးကိုကျေးဇူးတင်ပါတယ်၊
Post writer=@yuzana(shineshine)
Photo=messenger stiker
MSC=146
https://steemit.com/companygarden/@amitsinghrwt/company-garden-mussoorie
ဝင်ကြည့်ပါလား အဟေး😁😁
Congratulations @yuzana! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
လကွေးကွေးမှာနှစ်ယောက်အတူထိုင်ဒန်းစီးပြစ်လိုက်သေးတယ်...😁
ကိုကိုစိတ်ကူးယဉ်....အဆီအငေါ်တွေမတည့်နိုင်.....
ဗေဒင်ဆရာများ....ဈေးတွေမြင့်လာပြီ...
တော်ပီ ဆိုတော့ဘူး
အိပ်နေတဲ့နှလုံးသားလေး အားနာစရာ။ ပြန် အိပ် ပြန် အိပ်။
အဟပ် အဟပ်...
ဘူးသာဘူး
ဘူးဘဲ ဘူးတော့မယ် ဂန်ဒူးတော့အဖြစ်မခံဘူး အဟီးးး
ဘူးလိုက်ကျစို့ဆိုပါလား
ဘူးရင်ဘူး မဘူးရင် ဂန်ဒူးဖြစ်မှာပေမို့
ဘူးလိုက်ကြစို့သူငယ်ချင်း...အောက်အီအီးးးးးး ....
ဟီး ဘူးရင်ကြည့်ဖူးဦးမှ
ကိုယ်တွေ့ 
ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ
ဟီးးဟီးးဟီးးးဟီးးဟီးးဟီးးးဟီးးဟီးးဟီးးးဟီးးဟီးးဟီးးး
ကောင်းပါလေ့ဗျာ အသစ်တောင်ပြန်စချင်လာသလိုလို ☺☺☺
တခါတလေလဲ ရင်ထဲကစကားလုံးတွေ
ပွင့်ထွက်လာတာပေါ့ဗျာ
တောက်ဝှေးအချင်းချင်း တွဲ လို့ ရတာပဲ ဘကြီးရယ်
ငှင့် တောင်ဝှေးအစား မှီရမလားလို့ပါဆို
အများဘူးတော့ ကိုယ်လည်းဘူးလိုက်ပါပြီဗျာ
အခုလို ဘူးတာ
ကျေးဇူးကမ္ဘာပါဗျာ
Woo အလန်း
လမ်းတာ သေခြာရဲ့လားကိုလွမ်း
မဘူးခင်လေ့လာပါ
တော်တော်roတယ်နော်
သဘာဝ သဘာဝ