ပုရွက်ဆိပ်နှင့်နှံကောင် (အပိုင်း၁)
စတီးမစ်ဆိုသောရွာလေးတရွာမှာ မခင်စပါယ်ကြည်ဆိုသောအပျိုကြီးနှင့်သူ့၏မောင်လေးမောင်ငရှိုင်းဆိုသောမောင်နှစ်မနှစ်ယောက်ရှိလေ၏၊ စတီးမစ်ရွာတွင်အတော်အသင့်ပြည့်စုံသောမိဘနှစ်ပါးမှဖွားမြင်သဖြင့် စီးပွားရေးအခြေအနေအဆင်ပြေလေ၏၊မောက်နှစ်မနှစ်ယောက်၏မိခင်မှာမောင်ငရှိုင်းငယ်ရွယ်စဉ်ကပင်ဆုံးပါးသွားသဖြင့်မောင်ငရှိုင်းကိုအမကြီးအမိရာအရွယ်ကြီးသည်အထိမခင်စပယ်ကြည်မှပြုစုလာခဲ့ရလေ၏၊ယ္ခုအချိန်တွင်ဖခင်ကြီးမှာ အတော်အသက်ကြီးနေသဖြင့်မခင်စပယ်ကြည်မှာတအိမ်လုံးစီးပွားရေးကိုဦးဆောင်လုပ်နေရလေသည်၊
ဦးဆောင်လုပ်နေရသော်လဲ မိဘအမွေအနှစ်အတော်အသင့်ရှိနေသဖြင့်ပင်ပင်ပန်းပန်းတော့မလုပ်ရပေ၊ယာမြေများသီးစားခချထားခြင်း၊ထန်ပင်များကိုလဲသီးစားခချ၍သုံးရက်တခါထန်းလျှက်များသွားသိမ်းရခြင်း၊ ရွာထဲမှလူငယ်များ မလေးရှား၊ထိုင်း။ဘရုနိုင်းစသည့်နိုင်ငံတို့မှာသွားရောက်အလုပ်လုပ်မည်ဆိုလျှင်ငွေများချေးပေးခြင်းစသည့်အလုပ်တို့ဖြင့်မိသားစုစီးပွားရေးလည်ပတ်နေလေသည်၊ မခင်စပယ်ကြည်သည်သူ့၏မောင်လေးမောင်ငရှိုင်းကို မိတဆိုးလေးမို့အတော်ချစ်ရှာ၏၊သူ၏မျက်နာကြောင့်မခင်စပယ်ကြည်မှာ အိမ်ထောင်မပြုဘဲအပျိုကြီးဖြစ်နေရရှာသည်၊ချစ်ပင်ချစ်သော်ညားလဲမောင်ငရှိုင်းကိုသူဘဝရှေးရေးအတွက်လက်မှူပညာတခုခု သင်စေခြင်၏၊စီးပွားရေးအလုပ်တခုခုကိုလုပ်စေခြင်၏။
သို့ပါသော်လဲ မောင်ငရှိုင်းမှာပြန်မပြောနားမထောင်အမျိုးအစားထဲကဖြစ်လေရာ အေးအေးဆေးဆေးပင်နေလေသည်မည်သည့်အလုပ်မျှမလုပ်ဘဲရွာထဲလျှောက်လည်အချိန်တန်အိမ်ပြန်စားအေးအေးလူလူပင်နေ၏၊သူအမကိုလဲ ပြန်လှန်ပြောဆိုချင်းလဲမပြု ရန်ဖြစ်ချင်းလဲမရှိ အသောက်အစားလောင်းကစားလဲမရှိ အပေါင်းအသင်းဆက်ဆံရေးကလဲကောင်းနေပြန်တော့ လူဆိုးလူမိုက်လို့ပြောလို့ကလဲမဖြစ်ပေ၊
သူ့ကို ကြည့်လျှင်လူရိုးလူအေးအသွင်ပုံသဏ္ဌာန်ပင်ဖြစ်နေလေတော့ မခင်စပယ်ကြည့်မှအလုပ်လုပ်ဖို့ရာပြောဆိုဆုံးမဖို့အတော်ပင်ခက်နေပေသည်၊တယောက်သောမောင်လေးမို့ရိုက်နက်ပြီးခိုင်းဖို့ကလဲ မရိုက်ရက်ပေ၊ထိုကြောင့်မခင်စပယ်ကြည်မှာသူရဲ့မောင်လေးကို ပုရွက်ဆိပ်နှင့်နှံကောင်ဥပမာပေး၍အလုပ်ကလေးတခုခုလုပ်ရန်နားချရတော့၏၊
"ဒီမှာငါ့မောင်ရဲ့ ရှေးတုံးကပုရွက်ဆိပ်နှင့်နံကောင်ဆိုပြီးသူငယ်ချင်းနှစ်ယောက်ရှိတယ်၊ပုရွက်ဆိတ်က အစာရေစာပေါတဲအချိန်မှာအစာရေစာရှာစုဆောင်းပြီးသူရဲ့တွင်းထဲမှာစုဆောင်းထားသတဲ့၊နှံကောင်ကတော့အစာရေစာပေါတဲ့အချိန်မှာမစုမဆောင်းဘဲ သူငယ်ချင်များနဲ့ပျော်ပျော်ပါပါးဆော့နေသတဲ့၊ဒီလိုနဲ့အစာရေစာရှားပါးချိန်ရောက်လာတဲ့အခါ ပုရွက်ဆိပ်ကတော့သူရဲ့တွင်းထဲမှာအေးအေးလူလူဘဲစုဆောင်းထားတာလေးစားပြီးနေသတဲ့၊နှံကောင်ကတော့စုဆောင်းထားတာမရှိသဖြင့်တောင်းရမ်ပြီးစားသောက်ရသတဲ့၊တချို့ကလဲမိမိတယောက်စာဘဲရှာထားတဲ့အတွက် သူ့ကိုအစာမပေးကြဘူးပေါ့၊တခါတလေနှံကောင်မှာအစာငတ်ခံနေရတယ်၊ဒါကြောင့်မောင်လေးလဲအချိန်ရှိတုန်းအလုပ်လုပ်ပါ၊တနေ့နေ့တချိန်ချိန်မောင်လေးမှာပိုက်ဆံမရှိရင်ဒုက္ခရောက်မယ် "လို့ပြောဆိုဆုံးမသွန်သင်ရသတဲ့၊မောင်ငရှိုင်းမှာ အမပြောစကားကိုစိမ့်နားထောင်ပြီးငေးငေးလေးဖြစ်နေတာပေါ့၊ဒါလဲမောင်ငရှိုင်းမှာအလုပ်မလုပ်ဘဲနဂိုအတိုင်းအပေါင်းအသင်းများနဲ့ပျော်ပျော်ပါပါးဘဲနေလေသတဲ့၊မခင်စပါယ်ကြည်လဲ ဒီပုရွက်ဆိပ်နဲ့နှံကောင်ပုံပြင်လေးကိုထပ်ခါတလဲလဲ သူ့နားပေါက်အောင်သတိယတိုင်းပြောပြောပေးနေရသတဲ့၊အမပြောတဲ့အခါတိုင်းမောင်ငရှိုင်းမှာ အမစကားကိုအေးအေးဆေးဆေးဘဲနားထောင်ပေးသတဲ့၊ ဒီလိုနဲ့သူတို့မောင်နှစ်မနှစ်ယောက်နေလာခဲ့ကြရာ ဖခင်ကြီးမှာလူကြီးရောဂါနဲ့ဆုံးပါးသွားပါတော့တယ်၊ ဖခင်ကြီးမရှိတော့တဲ့နောက်ပိုင်းမှာမခင်စပယ်ကြည်ကိုလဲ အရွယ်မလွန်ခင်သူ့ရဲ့ဦးလေးများကအိမ်ထောင်ပြုရန်နားချတော့တာပေါ့၊အိမ်ထောင်ပြုချင်သော်လဲသူ့မောင်လေးမျက်နာကြောင့်မပြုဘဲနေလာခဲ့ရာယခုတော့မပြုလို့မဖြစ်တော်ပေ၊အသက်အရွယ်ကလဲရလာတဲ့အခါအိမ်ထောင်ပြုနောက်မကျရန် အိမ်ထောင်ပြုလေ၏၊
မခင်စပယ်ကြည်အကြောက်ဆုံးမှာသူမောင်လေးနှင့် သူလင်တော်မောင်မတည့်မှာဘဲစိုးရိမ်နေလေ၏၊အစပထမတွင်မောင်ငရှိုင်းနှင့်လင်တော်မောင်တည့်တည့်ရှိရှိဖြစ်နေသော်လည်းတနှစ်ခန့်ကြာသောအခါ လင်တော်မောင်မှာအလုပ်မလုပ်သောမောင်ငရှိုင်းကိုအမြင်ကပ်လာ၏။အလုပ်လုပ်ရာတွင်လဲတွက်ကပ်လာ၏၊ ဒါကိုမခင်စပယ်ကြည်သိတော့ သူ့မောင်လေးကိုအလုပ်လုပ်ဖို့ ပုရွက်ဆိပ်နှင့်နံကောင်ပုံပြင်ပြောပြီးစည်းရုံးကြည့်ရတာပေါ့၊ဒါလဲမောင်ငရှိုင်းမှာပြောတုန်းနားထောင်ပြီးဒီအတိုင်းဘဲ သူငယ်ချင်းများနဲ့ပျော်ပျော်ပါပါးပဲနေပြန်ပါတယ် ဒီလိုနဲ့တရက်မှာ......ဆက်ရန်....
Post writer=@yuzana(shineshine)
MSC=146
ဆက်ဖတ်ပါမည်
ကျေးဇူးပါ
These are appealing and classic!!
what?
နိကလဲအေ ခင်စံပယ်လောက် လုက်ပါ နောက်ကကြည် မထည့်နဲ့😇😇
နိကလဲအေ နိနံမယ်တလုံးပါတာပါအေ့
တခြားနံမယ်နှစ်လုံးပါ ပါတယ်အေ့
နင်မဟုပ်ပါဘူးအေ့ ဟိ
ပုံပြင်လေးနှင့်နားဝင်အောင်ပြောပြတာနားမထောင်သေးဘူး.....ဆက်ရန်ဖတ်ဖို့စောင့်နေမယ်.....
ဒီလိုလူတွေလဲအပြင်မှာအများကြီး ရှိတယ်နော်
အော် ခင်စပယ်ကြည်တဲ့လား။ အပျိုကြီး အိမ်ထောင်ကျသွားတယ်ပေါ့။
ဟုပ်ပါတယ်ဗျာ
အိမ်ထောင်ပြုချင်တာလဲတပိုင်း
လူကြီးတွေစီစဉ်တာလဲ တပိုင်းပေါ့လေ
နှံကောင်လေးငရှိုင်း ဘယ်လို ဆက်ဖြစ်လေမလဲ
ပိတ်ကားပေါ်မှာဆက်လက်ရှူစားကြပါရန်
အော် မခင်စပယ်ကြည်နဲ့ ငရှိုင်း တဲ့လား
ဟုပ်ပါ့ တော်
စိတ်ဝင်စားတယ်ဗျာ
နောက်အပိုင်း မျှော်လင့်လျှက်ပါ
ဟုပ်ကဲ့ ဆက်လက် အားပေးပါ
အားပေးမူ ကိုကျေးဇူးတင်ပါတယ်ဗျာ
ယောက်ဖချင်း မတည့်တာတော့ ရှားမယ်နော့် ယောက်ျားချင်းဆိုတော့လေ သမီးယောင်းမတွေသာဟမတည့်ကျတာ များတယ်
အလုပ်မလုပ် ဘော်ကြော့ ဆိုရင် ရေရှေကြအလုပ်လုပ်သူကဘယ်တည့်တော့မလဲ့ အိမ်ခွဲနေရင်တော့ တမျိုးပေါ့
မခင်စပယ်ကြည်က
g 2 က မမကြည်လားဗျ
ဟီး
ငမ်း မတ်မတ်ဟုပါပု😎😎
အယ်...ဝင်းကို တိုးတိုးပြောတာ မဟုပ်ဖူးကြားကြားသွားပီ အဟိ
ဆက်ပါ ။အစ်မကြီးခင်စံပယ်ကြည် စကားပဲ အောင်မလား ၊ မောင်လေးကပဲ ပေကတ်နိုင်မလား စောင့်ဖတ်ပါမယ်လို့ ။
လူတွေကို ဆုံးမရတာမလွယ်ပါဘူး ဦးယုရာ အကြောင်းမတိုက်ဆိုင်သေးသမျှတော့ နားမ၀င်တတ်ပါဘူး ခုနောက်ပိုင်းတော့ သူများကို ဆုံးမဖို့ထက် ကိုယ့်ကိုယ်ကိုယ်ပဲ ဆုံးမမိတော့တယ်ဗျ
ဆက်လက်အားပေးနေလျက်ပါ
This post has received a 7.52% upvote from
For more information, click here!!!!
If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots. thanks to: @yuzana!!!