TV စက်ပြင်မှတ်တမ်း အပိုင်း(၁)
ဒီနေ့ရာသီဥတုသာယာတယ်ဗျာ့၊သာယာတော့ ကျွန်တော်လဲ ဆိုင်တံခါးပေါက်ကလေးဖွင့်ပြီး မျက်နာသစ်ပြီး၊ကော်ဖီတခွက်နဲ့ ပဲပလာတာတပွဲမှာစားလိုက်တယ်၊စာပြီးထိုင်ရုံရှိသေး တီဗွီတလုံးထမ်းပြီးလူတယောက်လာခဲ့တာဗျာ့ တီဗွီပြင်ချင်လို့တဲ့ရပါတယ်လို့ပြောလိုက်တယ် တီဗွီကြည့်လိုက်တော့ တရုပ်မစက်ပြားဗျာ့(စက်ပြင်သမားများလောကတရုပ်တီဗွီကိုတရုပ်မဟုချစ်စနိုးခေါ်ပါသည်)၊ဘယ်လိုဖြစ်ပြက်သွားတာလဲလို့မေးလိုက်တော့ အရင်ကြည့်နေတာအကောင်းဗျာ့ အဲ့နေညကဘာဖြစ်တယ်မသိဘူး ဖြောင်းဖြောင်းဆိုအထဲကမည်ပြီး မီးခိုးတွေထွက်မီးတွေအထဲကထတောက်နေတယ်တဲ့ ပြက်ထာကသုံးရက်လောက်ရှိပြီး မိုးတွေရွာလိုလာမပို့တာတဲ့ ၊
ကျွန်တော်လဲတီဗွီကိုစားပွဲပေါ်ချခိုင်းပြီး မီးထိုးစမ်းကြည့်မယ်နော်လို့ပိုင်ရှင်ကိုပြောလိုက်ပါတယ်၊ ဟုပ်တယ်ဗျာ့ပိုင်ရှင်ရှိနေတော့ခွင့်တောင်းရသေတာ မသကာကိုကမီးထိုးစမ်းမှ သူ့ရှေမှာ မီးခိုးတွေထွက် ဖိုးဖိုဖောင်းဖောင်းမည်ပြီးကွဲထွက်ကုန်မှ မူးကြောင်ရူးကြောင်နဲ့ခင်ဗျားလုပ်မှပိုလောင်ကုန်ပြီလို့တချို့ပိုင်ရှင်တွေကအပြစ်တင်ချင်သေးတာ၊ ကျွန်တော်လဲမီးပလပ်ထိုလိုက်တော့ မီးတွေဝပ်သွားပြီးတီဗွီထဲက ဖိုးဖောင်းဆိုပြီးလောင်မီးခိုးတွေထွက်လာပါတယ်၊ ပိုင်ရှင်လဲလန့်သွားပြီးပြင်လိုပါ့ရပါအုန်းမလားဗျာတဲ့၊ တရုပ်မကတော့ပြင်မရတာမရှိပါဘူး ဒါပေမဲ့ကုန်ကျစရိပ်ဘယ်လောက်ကျမယ်မသိဘူး အစကနေတဖြေးဖြေးပတ်စိတ်တိုက်ပြင်ပြီးဆင်သွားရမှာလို့ပြောလိုက်ပါတယ်၊ပြင်ခထိုက်သင့်သလောက်ဘဲကျမယ်ဆိုပြင်ထားလိုက်မယ်အသစ်နီးနီးသွားကျမှာဆိုမပြင်ဘူး ခင်ဗျာ့ပြောပြီးမှပြင်မယ်လို့ပြောလိုက်ပါတယ်၊ ဟုပ်တယ်တရုပ်တီဗွီကပြင်မရဘူးဆိုတာမရှိပါဘူ စပယ်ယာပစ္စည်းအားလုံးကဝယ်ရတာတွေကများတယ်လေ၊
ညနေလောက်တခေါက်လာကြည့်ပါလို့ပြောလိုက်ပါတယ်၊ပိုင်ရှင်ပြန်သွားတဲ့အခါ အဖုံးကိုဖွင့်လိုက်ပါတယ်၊ဟိုးးးးးအထဲမှာကြွက်တွေအသိုက်စလုပ်စဗျာ့
ကြိုးတွေလဲကိုက်ဖြတ်ထားတယ် မီးလုံးဂရောင်းကြိုးလဲပြတ်ပြီး စက်ပြားပေါ်ကျနေတယ်၊ ဒီတော့ရှောဖြစ်လောင်ပြီပေါ့ဗျာ ကြိုးပြတ်ရှော့ကျ တီဗွီကိုတခါမရွှေ့  ကြိုးကတနေရာရောက်ပါဝါဖွင့်ကြည့်တခါအဲ့နေရာမှာလောင်ရှော့ကျ တပြားလုံးလောင်သလိုဖြစ်နေတယ်၊
အဲဒါကြောင့်ဒီစက်ကိုပြင်တဲအကြောင်းရေးရင်တီဗွီပြင်နည်းသင်ခန်းစာကုန်လောက်တယ်လို့တွေထင်ပြီးရေးတာပါ၊ အဲ့တာနဲ့စပြင်ပြီဆိုပါတော့ဗျာ ပထမဆုံးTVစက်ပြင်တဲ့သူတိုင်းဘာပြက်ပြက် H out Tr ကိုဖြုပ်ပြီးပြင်ရတာပါ၊ဒါမှဟိုက်ဗို့ရိတ်မထွက်ဘဲလွပ်လွပ်လပ်လပ်ပြင်ရမှာပါ၊ H out Tr ကိုမီတာနဲ့တိုင်းကြည့်တော့ဂန့်နေပြီဗျ့ ရှောကျပြီဂန့်တမဟုပ် open ဖြစ်ပြီးဂန့်တာ၊ ရှိစေတော့၊သူ့ရဲကော်လက်တာ 110Vအဝင်လိုင်းနဲ့ဂရောင်းနဲ့ မီတာကို1အုန်းစကေးမှာထားတိုင်းကြည့်တယ် ရှော့ကရှိနေတယ်၊ ဒီရှော့ရှေ့ပိုင်းဖြစ်တာဆိုတော့ ဖလိုင်းဖက်ကလဲ ဖြစ်နိုင်တယ်၊အဲ့တာကြောင့်ဖလိုင်းဖက်အဝင် 110Vလိုင်းကRကိုဖြုပ်လိုက်ပါတယ်၊ဒါမှဖလိုင်းဖက်ရှော့ရှိမရှိတိုင်းလို့ရမှာလေ၊ ဖလိုင်းဖက်အဝင်110Vလိုင်းအဝင်နဲ့ ဂရောင်းနဲ့မီတာကို1အုန်းစကေးမှာထားတိုင်းလိုက်ပါတယ်၊ဖလိုင်းဖက်မှာရှော့မရှိပါ၊သို့အတွက်အကြမ်းဖြင်းအားဖြင့်ဖလိုင်းဖက်ကောင်းတယ်လို့သတ်မှတ်လို့ရပါတယ်၊နောက်ပြီး ပါဝါဆပ်ပလိုင်းအပိုင်းက ကွန်ဗာတာအထွက်110Vလိုင်းတိုင်းကြည့်လိုက်ပါတယ်ရှော့ကရှိနေတယ်ဗျာ့ အဲ့တာနဲ့ ဗာတီကယ်Icသွားတဲ့လမ်းကြောင်း၊အသံအိုင်စီဆီသွားတဲ့လမ်းကြောင်း၊မိန်းIC ကြီးဆီသွားတဲ့လမ်းကြောင်းအကုန်ဖြုတ်လိုက်ပါတယ်ရှော့ကရှိနေတုန်း အဲ့တာနဲ့ကွန်ဗာတာအထွက်ဒိုင်အုပ်ကိုတိုင်း ကြည့်တဲ့အခါတန်းရှော့ဖြစ်နေတယ်၊ဒီဒိုင်အုပ်ဘေးကစိုက်ထားတဲ့ပီအက်လို့ခေါ်တဲ့ဒစ်ကွန်ဒင်ဆာလေးရော့ရှောဖြစ်နေလို့ နှစ်ခုလုံးကိုလဲလိုပ်ပါတယ်၊လဲပြီး110Vဖလိုင်းဖက်ဆီသွားတဲ့လမ်းကြောင်ချန်ထားပြီးဗို့သေးလိုင်းတွေပြန်ဆက်လိုက်ပါတယ်၊၊
ဒီတီဗီကိုအခြေခံပြီး တီဗွီတလုံးရဲ ပြစ်ချက်များအကုန်ပါသွားမည်ဖြစ်သဖြင့်  နောက်အပိုင်းများစောင့်မျော်ဖတ်ရှူ ကြပါလို့ပြောကြာရင်း စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်၊......
Post writer=@yuzana(shineshine)
MSC=146
ကျေးဇူးပါတော်...😁
ကျေးဇူးတင်ပါတယ် အော့
Electronic ပညာတတ်တော့လည်း အလုပ် ဖြစ်တာပဲ
ဖြစ်ပါဘူးဗျာ ဝါသနာအရပါ
ဆရာကြီးဘဲဗျာ။
ဟုပ်ရဘာဘူးဗျာ့
shareပြီးအကိုယုရေ
ကျေးဇူးပါ
ဗ ဟုသုတတွေအများကြီးရပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်ဗျာ
သူ့ပညာနဲ့သူတော့ ဟုတ်နေတာဘဲ
ဟုပ်တယ်နော် လူတွေကကျွမ်းကျင်ရာလိမ္မာကြေတာ
ဗဟုသုတရစေပါတယ် အစ်ကိုရေ
ဗဟုသုတ အဖြစ်ပေါ့ဗျာ
အိမ်က တီဗီ တုံးကတော့ ကြွက်က သေးနဲ့ ပန်းလိုက် ကြောင် က သေးနဲ့ လာပန်းလိုက်နဲ့ ကြာတော့ မခံနိုင်တော့ဘူး ဦးယုရေ
အဲဒီသေးတွေက ဆိုးတယ်ဗျာ့
ဆားဓာတ်ပါတော့ ခနခနမိုစွေရင်အစိုပြန်ပြီး လောင်တယ်ဗျာ့
သူကိုပြင်ရင် စက် ပြားကိုဖူဂျီဆပ်ပြာမှူံ့ နဲ့အသေအ ခြာဆေး နေကိုခြောက်သွေ့အောင်လှမ်းပြီးမှ စက်ပြာပြင် အဲ့လိုမှအဆင်ပြေတာ
Tvထဲကြွက်ဝင်တယ်ပေါ့...အသိုက်တောင်ဆောက်နေပြီ.....အံ့သြဘ😁😁😁
ဟုပ် ပါ့ နောက်ဖက်မှာအပေါက်သေးလေးကိုက်ဖောက်ပြီး ဝင်တာ
CRT TV တွေ မတွေ့တာတောင်အတော်ကြာပီ
တော်တော်များများရှိကြသေးတယ် ဖလက်ပြားတွေက ပြက်ရင်ပြင်ခဈေးတအားအကျများကြလို့လေ သူကတခါသုံးနုတော့ အခြေခံလူတန်းစားတွေနဲ့ သိပ်မကိုက်ကြဘူးလေ
အရင်တုန်းက အိမ်က အဲ့လိုတီဗီကတော့ ဆေ့ကဒ်မခံဘဲ သုံးလို့ပျက်သွားဖူးတယ်။
သားက ဒီpost လေး စောင့်နာ 😁😁
ပညာတွေ လာသင်ရအုံးမယ်ဗျာ
ကျွှန်တော်တို့ စိတ်မရှည်တတ်ပုံနဲ့တော့ ကိုယ့်ဖာကိုယ် သိချင်လို့ဖြုတ်သမျှ ပြန်တပ်ပြီး မကောင်းတော့တာများတယ် ။
အိမ်က TV က old model ဖြစ်နေပြီမပျက်တော့အသစ်ဝယ်ချင်တာ မရဘူးဖြစ်နေ ဘယ်လိုဖျက်လို့ရမလဲ
ကျနော်သာဆို အာ့လိုမျိုးဖြစ်နေရင် ပလပ်တောင်မထိုးရဲဝူး😂
samsung ကို ပြင်နိုင်တာ စကာပါပဲ ဗျာ
အဲ ဆရာကျတယ် ဦးယုရေ
You got a 4.27% upvote from @upme thanks to @yuzana! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% from your share, daily payouts ( no commission ).
Quick delegation links: 25SP | 50SP | 100SP | 250SP | 500SP | 1000SP | 2000SP | 5000SP | Custom Amount
You got a 3.70% upvote from @postpromoter courtesy of @yuzana!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!