အလောင်းတော်ကသဖကအပြန်ခရီးလမ်းမှာတော့
တောင်ပတ်လမ်းတွေမှာ ဒေသခံကလေးတွေက ဘုရားဖူး ကားတွေကို လက်ပြ နှုတ်ဆက်နဲ့ ဘုရားဖူးကားပေါ် က ကိုယ်တွေ ဧည့်သည်တွေကလည်း မုန့်တို့ သကြားလုံး တို့ ပိုက်ဆံတို့ ပစ်ချပေးနဲ့ ပျော်စရာ ကောင်းလှပါတယ်အလာတုန်းက မှောင်နေတော့ သေချာမမြင်လိုက်ရတဲ့ ချောင်းလမ်းကိုဖြတ်တာလည်း အပြန်ခရီးလမ်းမှာ မြင်တွေ့ခဲ့ရပြီး အလှူ ခံမဏ္ဍပ် တွေကလည်း ကားကိုရပ်စေပြီး ဒေသခံမုန့်တွေကျွေး ဘုရားဖူးဧည့်သည်တွေကပြန်လှူနဲ့ တနေရာပြီးတနေရာ မုန့်မျိုးစုံလည်း စားရပါတယ် ဒီလိုနဲ့ ဘုရားဖူးကားကြီးဟာ ရွှေဘတောင်သို့ ဆက်လက်ခရီးဆက်နေပါတယ်
ရွှေဘတောင်ကိုရောက်တဲ့အချိန်မှာ တော့ ၁၂လပိုင်းဖြစ်ပေမဲ့ မိုးဖွဲလေးတွေကျနေပါတယ်
ကိုယ်တွေကလည်း မျောက်စာ ဗန်းတွေကိုင်လို့
အဲက ဈေးသည်အန်တီကြီးတွေကလည်း မျောက်တွေကို အသံပေးပြီးခေါ်ပေးပါတယ် ဒါပေမဲ့ကိုရွှေမျောက်တွေက မိုးအေးလို့ထင်တယ် ပေါ်မလာပါဘူး ကျွန်မတို့လည်း မျောက်စာတွေ ကို အဲမှာရှိတဲ့ခွေးလေးတွေကိုပဲကျွေးလိုက်တော့တယ်
တည်းခိုခန်းပြန်ရောက်တော့ ရေချိုး ပစ္စည်းတွေနေရာချ နဲ့ ဝယ်လာတဲ့ ပစ္စည်းတွေတစုတစည်းထဲထည့် မနက်အတွက် အဆင်သင့်ဖြစ်ရန် ပြင်ဆင်ခဲ့တယ် ည၇နာရီအချိန်မှာတော့ ညစာစားရန် လာခေါ်လို့ သွားစားပြီး စားသောက်ပြီး လမ်းခနလျှောက်ဖြစ်ခဲ့တယ် အဲအချိန်တုန်းက တည်းတဲ့တည်းခိုခန်းနောက်လမ်းမှာ ညဈေးတန်းလေးရှိတာနဲ့ လမ်းလျှောက်ရင်း ထန်းမြစ် ပြောင်းဖူး ပြုတ် တွန်းလှည်းသည်တွေ နဲ့ ညဈေးတန်းကလည်းစည်ကားနေတယ် အခန်းကိုပြန်ရောက်တဲ့အချိန်မှာတော့ ဘုရားဖူးကားရဲ့ ဧည့်လမ်းညွှန်လေးက အမတို့ ဒီည new year ညနော်တဲ့ ၁၂တိတိကျ အားလုံးကို လိုက်နှိုးပြီး အော်ကြမယ်တဲ့ ကိုယ်တွေအဖွဲ့ကတော့ ပင်ပန်းလို့ နိုးမယ်မထင်ဘူး လို့ပြောလိုက်တယ် တနေ့လုံးကားစီးထားရတော့ အလောင်းတော်ကသဖကိုသွားတဲ့လမ်းကလည်းကြမ်းတော့
လူကတော်တော်ကို ခရီးပန်းနေပြီ ဘုရားဖူးမိတ်ဆွေတွေကလည်း လူကြီးတွေများတော့ အားလုံးက ပင်ပန်းနေကြတယ် မထနိုင်ဘူးပေါ့ အဲဒါနဲ့ပဲ ဘုရားဖူးကားရဲ့ လမ်းညွှန်ကောင်လေးလည်း အဲဒါဆို မနက်စာ breakfastကိုတော့ ကြာဇံကြော်နဲ့ အအေးပေးမယ်လို့ ပြောပြီး အစီအစဉ်ပြောင်းလိုက်ရတယ် ဟုတ်ပါတယ် တကယ်လည်း ကျွန်မတို့အဖွဲ့သားတွေ ည၁၂နာရီကိုဘယ်လို ကုန်သွားမှန်းကိုမသိပါ မနက် ၄နာရီမှသာနိုးပါတယ် ညကဆူညံ့နေတာပဲတဲ့ အမတို့ကြားလားတဲ့ တည်းခိုခန်းက ကောင်လေးတွေက ပြောပါတယ် ကျွန်မတို့လည်းခရီးပင်ပန်းတာနဲ့ တချိုးတည်းအိပ်ပျော်သွားတယ်လို့ မသိလိုက်ဘူးလို့ ပြန်ပြောလိုက်တယ်
နှစ်စဉ်နှစ်တိုင်း new yearညဆို အိပ်ပျော်ရင်တောင်အော်သံကြားရင် တရေးနိုးတတ်တဲ့ ကျွန်မဟာ ဒီနှစ် happy new yearမှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး ဘာမှကိုမသိလိုက်ပါဘူးမနက်ကျရင်လည်းစစ်ကိုင်းကိုခရီးဆက်ရအုံးမယ်မနက်၎နာရီထအထုတ်အပိုးပြင်ပြီး ကျွန်မတို့ဘုရားဖူးကားကြီးဟာ လူစုပြီး breakfastစားပြီးနောက် စစ်ကိုင်းသို့ စတင်ထွက်ခဲ့တယ် ဆက်ရန်
Photo credit by facebook image
MSC-232
ရာသီဥတုကအုံ့မှိုင်းမှိုင်းနဲ့ လွမ်းဆွတ်ဖွယ်ကောင်းလှပါတယ်()ရွှေဘတောင်မှာ တော့ ဘုရား စေတီများနဲ့ ရှေးခတ် ဗိသုကာလက်ရာများမှာလည်း ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ် ဒေသခံအစားအစာများဖြစ်တဲ့ တို့ဖူးခြောက်ကြော်တွေ ယိုဗူးတွေဟာ ဈေးတန် လွန်းတယ် အဲဒီနောက်မှာတော့ ဖိုလ်ဝင်တောင်ကို ခရီးဆက်ခဲ့တယ် (
)ဖိုလ်ဝင်တောင်ကိုရောက်တော့ ဈေးသည် ကောင်မလေးက "အမတို့မျောက်စာလေးတွေ ဝယ်ပါအုံး"တဲ့ တောင်ပေါ်မှာ မျောက်လေးတွေ ရှိတယ်တဲ့ ကျွန်မတို့လည်း မျောက် စာကျွေးမယ်ဆိုပြီး ဝယ်လိုက်တာပေါ့ ဖြစ်ချင်တော့ ရာသီဥတုက မိုးရွာထားတော့ တောင်ပေါ်မှာ မျောက်တွေကိုမတွေ့ဘူး
ရှေးဟောင်းဘုရား စေတီများကိုဖူးမြော်ပြီး မုံရွာ သို့ ပြန်ခဲ့ပါတယ်
Writer by @yway
v100%$0.07v n c done.
စိတ်ဝင်စားစရာကောင်းတဲ့ခရီးပါ...ဆက်ဖတ်ပါ့မယ်
ဟုတ်ကျေးဇူးပါ
ကောင်းပါတယ်။အားပေးနေတယ်နော်
Thanks
good
Ok
သွားချင်တယ်
ပိတ်ရက်ကျသွား
ရောက်ဖူးချင်တယ် ..
Upvote!
ရောက်မှာပါ
ငယ်ငယ်တုန်းကတော့ရောက်ဖူးတယ်ဗျ
အခုကသွာ့းလို တော်တော်အဆင်ပြေနေပြီ
အပြန်ဝင်ခဲ့ပါဆို ဘါလို့မဝင်တာလဲ
ကျေးဇူးတင်ပါတယ်
မျောက်ကလေးတွေ မတွေ့ခဲ့ရဘူးပေါ့...။
ခေဲ့ဘူး
နောက်ခါလာရင် မမ လိုက်ပို့မေ😁😁လာခက်အုံး
ဟုတ်မ
အရေးအသားGood တယ်
ဘေးနားက ညီမလေးလည်း Gooတယ်
ပြောပေးမယ်လေ
ဘေးနားက သူဆိုတာ
ရွေး ကိုပြောတာ
ဟီး
သာဓု သာဓု သာဓု
ဟုတ်ကဲ့
ပျော်စရာခရီးလေးပေါ့နော် ကိုယယ်တိုင်မရောက်ဖူးလို့ ပုံတွေကြည့်ရတာ သွားချင်စရာကြီးဗျ
ဟုတ်တယ်ပျော်ကောင်းတယ်
ဗဟုသုတ အသိတွေ တိုးရပါတယ်
သာဓုပါဗျာ
ဟုတ်
v100%$0.08 v n c done.
Thanks
တစ်နေ့တော့ရောက်အောင်သွားမည်
အင်း
ဒီတစ်ခေါက် Mandalay လိုက်သွား
Mdyရောက်ပြီးပြီ
သွားချင်မိတယ်
အဲဒီလိုခရီးသွားရ ဘုရားဖူးရ ဓာတ်ပုံလေးတွေရိုက်ရတာ ၀ါသနာပါတယ် မသွားဖြစ်သေးဖူး