ဘဘုန်းကြီးပြောပြသော သြကာသ(၁)link
https://steemit.com/myanmar/@zarmanizawlinn/babaun-kieyapayapetha-thkath
ဒီနေ့ ကိုတိုင်းကျော်မြို့ကိုပြန်တော့မှာမိုလို့ ဘဘုန်းကြီးကို လာကန်တော့တယ်။
အော်ဒကာကြီးပြန်တော့မို့လား
တင်ပါ့ဘုရားအပြန်ဝင်ကန်တော့ရင်းနဲ့ဟိုနေ့ကအဆက်လေးထပ်မေးမို့လာခဲ့တာပါဘုရား။
ဘယ်ဟာထပ်သိချင်တုန်းဒကာကြီး
ဘုရားရှိခိုးတိုင်းဆုတောင်းတောင်းနေတဲ့ ဆုတောင်းရဲ့ အနက်အဓိပ္ပာယ်ကို သိချင်တာပါဘုရား။
သြော် ..ရှင်းပြမယ်ဒကာကြီး
ဘာရားရှိခိုးပြီးရင်ဆုတောင်းမှာပါတဲ့ စာပိုဒ်လေးက
" ကန်တော့ရသောအကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိ
တရားလေးပါး၊ ဗျသန တရားငါးပါး ၊ အနာမျိုး ကိုးဆယ့်ခြောက်ပါး ၊ မိစ္ဆာဒိဌိ ခြောက်ဆယ့်နှစ်ပါး တို့မှ အခါ
ခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ၊ ဖိုရ်တရား ၊ နိဗ္ဗာန် ချမ်းသာ တရားတော်မြတ်ကို ရပါလို၏
အရှင်ဘုရား"
လို့ပါတယ်ဒကာ..ဆိုသာဆိုနေကြတယ် အဓိပ္ပာယ်ကိုလူတိုင်းသိကြမယ် မထင်ဘူး..ဘုန်းကြီးရှင်းပြမယ်
တင်ပါ့ဘုရား တပည့်တော်သိပါရစေအရှင်ဘုရား..
အပါယ်လေးပါးဆိုတာ
အပါယ်က ကောင်းမှုကုသိုလ်တွေ လုပ်လို့မရတဲ့အရပ် ၊ စိတ်ချမ်းသာစွာမနေရတဲ့အရပ် ကိုခေါ်တယ် ။
လေးပါးကတော့ ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ဆိုတဲ့လေးပါး။
ကပ်သုံးပါးဆိုတာ
ဒုဗ္ဘိက္ခန္တရကပ် ၊ သတ္တန္တရကပ် ၊ ရောဂန္တရကပ် တွေဖြစ်တယ်။
ရပ်ပြစ်ရှစ်ပါးဆိုတာ
ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသညသတ်နှင့် အရူပဗြဟ္မာ ၊ ပစ္စန္တရစ်အရပ် ၊ မိစ္ဆာဒိဋ္ဌိ ၊ ဉာဏ်ပညာမဲ့သူ ၊ ဘုရားမပွင့်တဲ့နေရာ သာသနာမဲ့ရာနေရာအရပ် တွေကတော့ မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်လို့ရပ်ပြစ်ရှစ်ပါးလို့ ခေါ်တယ်ဒကာကြီး။
ရန်သူမျိုးငါးပါးဆိုတာ
ရေ ၊ မီး ၊ မင်း ၊ ခိုးသား ဓားပြ ၊ အမွေခံဆိုး တွေဖြစ်တယ်။
ဝိပတ္တိတရား ၄ ပါး ဆိုတာ
ဂတိဝိပတ္တိ ၊ ဥပဓိဝိပတ္တိ ၊ ကာလ၀ိပတ္တိ ၊ ပယောဂ၀ိပတ္တိ ဖြစ်တယ်။
ဗျသနတရား ၅ ပါးကတော့
ဉာတိဗျသန ၊ ဘောဂဗျသန ၊ ရောဂဗျသန ၊ ဒိဋ္ဌိဗျသန ၊ သီလဗျသန တွေဖြစ်တယ်
အနာမျိုး ၉၆ ပါး ဆိုတာ
သည်းခြေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး ၊ လေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး ၊ သလိပ်ကြောင့် ဖြစ်သော
ရောဂါ (၃၂)ပါး ကိုခေါ်တယ်။
မိစ္ဆာဒိဋ္ဌိ ၆၂ ပါး ကတော့
သဿတ ဒိဋ္ဌိဝါဒ (၄)ပါး ၊ ဧကစ္စ သဿတ ဒိဋ္ဌိဝါဒ (၄)ပါး ၊ အန္တာနန္တ ဒိဋ္ဌိဝါဒ (၄)ပါး ၊ အမရာ ၀ိက္ခေပ ဒိဋ္ဌိဝါဒ (၄)ပါး
အဓိစ္စသမုပ္ပန္န ဒိဋ္ဌိဝါဒ (၂)ပါး ၊ ဥဒ္ဒမာဃာတနသညီ ဒိဋ္ဌိဝါဒ (၁၆)ပါး ၊ ဥဒ္ဓမာဃာတနအသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥဒ္ဓမာဃာတနနေ၀သညီနာသညီ ဒိဋ္ဌိဝါဒ (၈)ပါး ၊ ဥစ္ဆေဒ ဒိဋ္ဌိဝါဒ (၇)ပါး ၊ ဒိဋ္ဌဓမ္မ နိဗ္ဗာန ဒိဋ္ဌိဝါဒ (၅)ပါး တွေဒကာ။
ဒီမိစ္ဆာဒိဋ္ဌိ ၆၂ ပါး ကိုတော့ တော်တော်များများထည့်မဆိုဖြစ်ကြတာတွေတွေ့ရတယ်။
နောက်ဆုံးတော့ အဲ့လိုမကောင်းတဲ့နေရာတွေကနေဝေးနိုင်တဲ့ မဂ် ဖိုလ် နိဗ္ဗာန် အရပ် ကိုရောက်ရပါလို၏လို့
ဆုတောင်းကြတယ် ဒကာ။
မဂ် ဖိုလ် နိဗ္ဗာန် ဆိုတာကတော့
မဂ် ဆိုတာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော တရားလမ်းကို မဂ် လို့ ခေါ်တယ်။
ဖိုလ် ဆိုတာ မဂ်၏ အကျိုးတရားကို ဖိုလ်ဟုခေါ်တယ်။
နိဗ္ဗာန် ဆိုတာ ရာဂ၊ ဒေါသ၊ မောဟ တို့၏ကင်းရာ ငြိမ်းအေးမှု ဓာတ်သဘောကို
နိဗ္ဗာန်လို့ခေါ်တယ်ဒကာကြီး။
"တင်ပါ့ဘုရား ခုမှပဲပြည့်ပြည့်စုံစုံသိခွင့်ရတော့တယ်အရှင်ဘုရား။ကျေးဇူးကြီးလှပါတယ်ဘုရား။"
လို့ ကိုတိုင်းကျော်ကြီးလဲ ဦးသုံးကြိမ်ချ..ဘဘုန်းကြီးကလဲ ဆုတွေပေး...ကျနော်လဲ ဆိုယ်ကယ်နဲ့
ကားဂိတ်ကိုလိုက်ပို့ရင်း....
ဆုတောင်းခြင်းရဲ့အဓိပ္ပာယ်လေးကိုသိရှိကြပါစေလို့ ရည်ရွယ်ရင်း
Photo credit-Google Image
ချစ်လှစွာဖြင့်
@zarmanizawlinn
ဗဟုသုတရပါတယ်
ဟုတ်ကဲ့အကို ကျေးဇူးပါခင်ဗျာ
မှတ်သားရပါတယ်ဗျ ကျေးဇူးပါ
ဟုတ်ကဲ့အကို ကျေးဇူးပါခင်ဗျာ
👍👍
Thanks
Good post.
ဟုတ်ကဲ့အစ်မ ကျေးဇူးတင်ပါတယ်
ကောင်းတ်ာဗျ..
ဟုတ်အကိုကျေးဇူးပါခင်ဗျာ
လူတော်တော်များများပေါ့လေကျွန်မအပါအဝင်တခြားဘုရားစာတော်တော်များများကိုရွတ်ဖတ်ပူဇော်နေပေမယ့်သြကာသကန်တော့ချိုးရဲ့အဓိပ္ပာယ်ကိုမေ့နေတတ်ကြတယ်။ကျေးဇူးပါရှင်။
ဟုတ်အစ်မ သိသွားတော့ပိုကောင်းတာပေါ့နော် ကျေးဇူးပါခင်ဗျာ ဖတ်ပေးတာ။