ချစ်နေဆဲပါ အပိုင်း(၁) https://steemit.com/myanmar/@zawhtat/undefineds-ensaepa
ညကတော်တော်နှင့်အိပ်မပျော်သောကြာင့် မနက်ပိုင်းရောက်တော့ဝေယံတစ်ယောက်မထချင်သော်လဲ သူငယ်ချင်း၏မွေးနေ့ပွဲသွားရမည်ဖြစ်သောကြောင့်အိပ်ယာမှလူးလဲကာထလိုက်သည်။မျက်နှာသစ်ရေမိုးချိုးလိုက်သည်။ရေချိုးလိုက်တော့လူကလန်းဆန်းသွားသည် ဝေယံအဝတ်စားလဲကာမွေးနေ့ပွဲဆီကိုဦးတည်ကာသွားလိုက်သည်။
လမ်းတွင်ရှိသောစတိုးဆိုင်ကနေ စိုင်းထက်အတွက်ကချင်ပုဆိုးတစ်ထည်နှင့်မီးခိုးရောင်လည်ကတုံးလက်ရှည်တစ်ထည်ဝယ်လိုက်သည်။စိုင်းထက်အိမ်ရှေ့ရောက်တော့ ခြံတကားပိတ်ထားသဖြင့်လှမ်းအော်ခေါ်လိုက်သည်။စိုင်းထက်အမေလာဖွင့်ပေးသည်။သားဝေယံစောသားဘဲ သားသူငယ်ချင်းအိမ်ထဲမှာရှိတယ် ဝင်သွားလိုက်အန်တီ ဘုန်းကြီးဆွမ်းကပ်ဖို့ချက် လိုက်ဦးမေ။အိမ်ထဲရောက်တော့စိုင်းထက်တစ်ယောက်ဘုန်ကြီးဆွမ်းကပ်ရန်အတွက်လိုအပ်သည်များကိုခင်းကျင်းပြင်နေသည်။
သူငယ်ချင်းရေHappy Birthdayပါဟုနှုတ်ဆက်ဆက်လိုက်သည် ။ကျေးဇူးပါသူငယ်ချင်းရေ။မင်းရောက်လာတာအတော်ဘဲ ဆွမ်းကပ်ဖို့လိုအပ်တာလေးတွေ ဝိုင်းကူလုပ်ဦးကွာ။ဝေယံတစ်ယောက်စိုင်းထက်နှင့်အတူဘုန်းကြီးဆွမ်းကပ်ရန်အတွက်လိုအပ်သည်များကိုဝိုင်းဝန်းကူညီလုပ်ဆောင်ပေးသည်။ဘုန်းကြီးငါးပါးပင့် ၍နေ့ဆွမ်းကပ်သည်။ဆွမ်းကပ်တရားနာပြီးနောက် ဧည့်သည်များကိုထမင်းကျွေးသည်။
ဝေယံဝိုင်းကူလုပ်ပေးနေရင်းကောင်မလေးတစ်ယာက်ကိုတွေ့လိုက်သည်။သူမဝတ်ဆင်ထားသော နံ့သာရောင်အင်းကျီဝမ်းဆက်က ဝင်းဝါနေသောသူမ၏ အသားရည်နှင့် လိုက်ဖက်လွန်းလှစွာ ရွှေရောင်တောက်ပနေသည်။ထူထဲနက်မှောင်နေတဲ့ သူမရဲ့ဆံကေသာက ဖြောင့်ဆင်းပြီး ခါးထက်မှာတစ်ညီထဲဝဲနေသည်။သူမရဲ့မျက်နှာလေးကို ကြည့်လိုက်ပြန်တော့ ဖြူစင်ဝင်းပချော့မွတ်နေပြီး နက်မှောင်နေသာမျက်ခုံးများက ဇင်ယော်တောင်အလား ကွေးညွှတ်နေပြီး မျက်းလုံးများကလည်း ကြည်လင်တောက်ပနေသည့်အပြင် ပန်းနုရောင်နှုတ်ခမ်းတစ်စုံရဲ့ အပြုံးလှလှလေးနဲ့ ပေါင်းစပ်လိုက်သောအခါ သူမရဲ့အလှကကျွန်တော်ကို အသက်ရှုမှားစေသည်။သူမရဲ့အလှမှာ ကျွန်တော်စိတ်ကူးတို့လွင့်မြောနေရင်း အမှတ်မထင်သူမရဲ့မျက်ဝန်းအစုံနဲ့ အကြည့်ချင်းဆုံခိုက်မှာ ကျနော်သူမကိုပြုံးပြလိုက်တော့ သူမကရှက်ပြုံးလေးပြုံးပြီးခေါင်းကိုအောက်ငုံ့သွားသည်။ကျနော်ရင်ခုန်သံတေဟာလည်းစည်းချက်မကျတော့ဘဲပိုမြန်လာသည်။
မွေးနေ့ပွဲပြီးတော့သူမအကြောင်းကိုဝေယံတစ်ယောက်ထိုင်ကာစင်းစားနေတော့သည်။ သူမကကျနော်နှင့်အသက်သိပ်မကွာရွယ်လောက်ဘဲဖြစ်မည်ထင်သည်။ သူမ၏မျက်နှာလေးကို မျက်လုံးထဲမှာမြင်ရောင်တုန်း သူမရဲ့အကြောင်းကိုတွေမိတိုင်း ဘာ့ကြာင့်မှန်းရယ်မသိ တဒိုင်းဒိုင်းနဲ့ နှလုံးသားလေကရင်ခုန်သံစည်းချက်တေမြန်လာသည်။သေချာသည်မှာဝေယံတစ်ယောက်သူမကိုချစ်မိနေပေပြီ။ ဝေယံသူမအကြောင်းကိုစုံစမ်းရန်အတွက် စိုင်းထက်ဆီကိုထွက်လာခဲသည်။စိုင်းထက်ဆီသွားနေရင်း သူမအကြောင်းကိုဘယ်ကနေစမေးရမလဲစင်းစားနေမိသည်။
စိုင်းထက်အိမ်ရောက်တော့ စိုင်းထက်သူ့ထုံးစံအတိုင်းစာအုပ်ဖတ်နေသည်။ကျနော်ရောက်လာသည်ကိုသူသတိမထားမိဟန်မတူပါ။စာအုပ်ကိုဘဲသဲကြီးမြဲကီးဖတ်နေသည်။ကျနော်လည်းစိုင်းထက်ကိုစချင်တာနှင့်နာက်ကနေ အသာလေးအနားကပ်ကာ ဟေးရောင် ဟုအော်လိုက်သည်။ကျနော်အော်သံကြောင့် စိုင်းထက်လန့်သွားသည်။ကျနော်အားမကျေမချမ်းနှင့်ဘုကြည့်ကြည့်ကာ မောင်မင်းကြီးသာထူးထူဆန်းအိမ်ကိုဘာလာလုပ်တာလဲဟုမေးသည်။သူပြောလဲပြောချင်စရာပါ ကျနော်ကသူဆီကိုသိပ်မသွားပါ။တစ်ခါတစ်လေကိစ္စရှိမှသာစိုင်းထက်ဆီကိုရောက်သည်။ဘာမှမလုပါပူးကွာမင်းဆီအလယ်လာတာ တို့သူငယ်ချင်းနှစ်ယောက်စကားမပြောဖြစ်တာကြာပြီလေကွာ။
ဆက်ပါဦးမည်............
MSC249
@zawhtat
မွေးနေ့ပွဲပြီးတော့သူမအကြောင်းကိုဝေယံတစ်ယောက်ထိုင်ကာစင်းစားနေတော့သည်။စဉ်းစားပါအယ်ကိုရယ် မစင်းစားနဲ့ ကောင်မလေးအသားကနုနုလေးလေ သနားပါတယ်။အယ်ကိုက အဲ့လိုစင်းစားတဲ့အကြည့်ကြီးနဲ့ကြည့်တော့ ကောင်မလေးကလန့်တာပေါ့လို့။
ဟီးးးးးပြန်ပြင်လိုက်ဦးမေ။
အချစ်ရဲ့ စွမ်းအားတွေ
တော်တော်ကြီးတယ်နော်
မွေးနေ့ ပွဲမှာ မျက်ဝန်းတစ်စုံ ပ
အကြိမ်ကြိမ်ရင်ခုန်ရသောသူ့မျက်ဝန်း
ဒါဟာ အချစ်တဲ့လား...အဲ့ဒါအချစ်တဲ့လား.....
အချစ် အချစ် အချစ်
မျက်လုံးချင်းဆုံ ရင်တွေခုန် .ဟီး
မျက်လုံးချင်းဆုံရင်တေခုန်တော့ပီတိတွေဖြာ.....
အလဲ့ အချစ်အချစ်😂
အချစ်ဆိုတာက........
တော်သေးတာပေါ့ ရင်ခုန်တာ ရပ်မသွားလို့
ရပ်သွားလိုမျပူးယေ😂😂
သူသိအောင်ပြောပြရဦးမေ
တွေ့သွားပီပေါ့.....အယ့်လယ့်.. :P
တွေ့သွာပြီချည်းကပ်တော့မာ
Birthday က စတဲ့အချစ်လာတော့မယ်ထင်တယ်ဗျ
လပြီယေ
ကြွေနေပြီပေါ့ကောင်မလေးကို
ကြွေဝါးp
မင်္ဂလာပါ သား
အဆင်ပြေပါစေနော်
ဆက်လက်စောင့်စားနေပါမည်
ဟုတ်အန်တီ မင်္ဂလာပါ