Online crazy (5)အား ဆက်လက်ရေးသားပါအုံးမယ်။
Onlineသုံးလာတာကြာတာနဲ့အမျှ ဖုန်းဘေတွေလဲ ကုန်လာတယ်လေ။ myanmar က operatorတွေလဲ ကူညီရှာပါတယ်။ လိုင်းကောင်းလိုက် မကောင်းလိုက်နဲ့ ဘေစားတာလေး တစ်ခုပါပဲ။
ဒါကလဲ သူတို့ စီးပွားရေးလေ။ ကိုယ်ကမှ သူတို့လို အစွမ်းမဆောင်နိုင်တာကိုး အပြစ်ပြောလို့ ဘယ်ရပါ့မလဲပေါ့။
ထားပါတော့ ။ ဘေတွေ တအားကုန်တယ်။ လုပ်ခလစာနဲ့ internetကုန်တဲ့အဖိုးက မမျှဘူးဖြစ်နေတယ်။
ကဲ အာ့မှာ ကိုယ်ကလဲ ကြံအုံးမှ ဆိုပြီး fbမှာ ပတ်ရှာကြည့်တယ်။ အတွေးလေးတစ်ခု ရလာတာနဲ့ fb search boxမှာ online freeလို့ typing ခေါက်ကြည့်လိုက်တယ်။
အာ့မှာ စတွေ့တော့တာပဲ ။ Freenetဆိုတာက ပေါ်နေတာ ကြာပြီ။ ကိုယ်က အခုမှ enterဝင်ကြည့်မှ သိလိုက်ရတဲ့အဖြစ်။ ဘယ်ရမလဲ ကိုယ်ကလဲ freenetအကြောင်းတင်ထားတဲ့ pageတွေ gpတွေ လူတွေကို လိုက်အပ်တော့တာပဲ။
Freenetအကြောင်း ဝင်လေ့လာကြည့်တဲ့အခါမှာ ဘယ်sim-cardက ဘာနဲ့ချိတ် ဘယ်လိုဆိုတာက အစ သိခဲ့ပြီလေ။
သူတို့ပြောသမျှ ယုံကြည့်ဖို့ဆိုတာ တကယ်မလွယ်ဘူးလေ။
အဲ့ဒါနဲ့ freenetက accတစ်ခုလို ပြုလုပ်ထားတယ်။ user nameနဲ့ passwordပြုလုပ်ပေးထားတယ်။ ဘယ်နှစ်လ ဘယ်နှစ်ရက်ဆိုပြီးတော့လဲ အကန့်အသတ်နဲ့ လုပ်ပေးထားသေးတယ်။သိပ်စိတ်ဝင်စားမိသွားပြီပေါ့ဗျာ။
မထူးပါဘူးဆိုပြီး accလေးကို စမ်းသုံးချင်တာနဲ့ ဝယ်လိုက်မိတယ်။your-freedomဆိုတဲ့ အမည်ပေးထားတဲ့ freenetတစ်ခုပေါ့။ ကျွန်တော်သိမိသလောက်တော့ စစ်ကိုင်းအကို ကျော်မျိုးခိုင်ကိုပဲ လက်ညိုးထိုးပြချင်တယ်။
သူ့ဆီမှာ accတစ်ခုခဲ့တယ်။ သုံးလစာ free internetသုံးဖို့ ဆိုပြီးတော့ပေါ့။
8500kytsကို wavemoneyနဲ့ ပေးချေလိုက်တယ်။
အွန်း လက်ထဲရောက်လာတော့ သူပြောသလိုလိုက်လုပ်တယ်။settingတွေချိန်တယ်။ တကယ်သုံးလို့ရတယ်ဆို အံသြသွားတယ်။ လုံးဝ freeနော်။ ကြိုက်တဲ့နေရာမှာ internetသုံးသုံး ဘေမကုန်ဘူး။ ချွင်းချက်အနေနဲ့ ဘေသုညနဲ့မှ သုံးရတယ်လို့လဲ ဆိုထားတယ်။
အာ့မှာ your-freedomကို စိတ်ဝင်စားခဲ့တယ်။ your-freedomရဲ့ infoကိုလေ့လာကြည့်မိသေးတယ်။
Online crazy (6)တွင် ဆက်လက်ရေးသားပေးပါအုံးမည်။
@zawmyo
MSC-061
ဗဟုသုတရပါတယ် ဆက်ရေးပါ
ဟုတ်ကဲ့အကိုရေကျေးဇူးတင်ပါတယ်ခင်ဗျာခုလိုလာဖတ်ပေးတဲ့အတွက်
ဆက်ပါဦး bro
ဟီးဟီး နောက်ပါနဲ့အကိုရာအပျင်းပြေရေးစရာမရှိလို့ကြံဖန်ရေးလိုက်ရတာပါ😁😁
တို့လည်းကြံအုံးမှ
ကြံထားအမရေ အခုလိုယောင်လည်လည်နဲ့မျက်စိလည်လမ်းမှားပြီးpostလာဖတ်ပေးတဲ့အတွက်ကျေးဇူးပါဗျို့😁😁😁