အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ကျွန်တော့်နံမည်မှာ မောင်ဇော်မျိုးနိုင်ဖြစ်ပြီးတော့
steemit nameမှာ @zawmyo ဖြစ်ပါတယ်။MSC-061ဖြင့် Myanmar Steemit Communit(MSC)တွင် အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ facebook acc linkပါခင်ဗျာ။https://www.facebook.com/mgzaw.myonaing.96
ဝင်ရောက်လာပေးဖို့. ဖိတ်ခေါ်အပ်ပါတယ်။
ငယ်ရွယ်တောင်စဉ် ကလေးဘဝကတည်းက ရွာတွင် မူလတန်းမှစ၍ အလည်တန်းအထိ ပညာသင်ဆည်းပူးခဲ့သည်။
ထိုအချိန်က ဆရာ၊ ဆရာမများကိုလဲ မမေ့သေးပေ။ သေချာသင်ပြပေးခဲ့မှု့ကြောင့် လူကြီးအရွယ်အထိ လိမ္မာမှု့ဘွဲ့ကို ခံယူကာ ဘဝကို တည်ဆောက်နေကျ၏။
ထိုအချိန်က သင်ခဲ့ဖူးသော ဆရာ၊ဆရာမများ၏ ကျေးဇူးသည် အလွန်ကြီးမားလှပါဘိ။ တင်လို့မကုန် ဆပ်လို့မကုန်နိုင်ပေ။ ယခု အချိန်တွင်မူ ဆရာ၊ ဆရာမများသင်ကြားပေးခဲ့သော ကျွန်တော်တို့ တပည့်များလဲ အရွယ်ရောက်လို့ပေ။
ဆရာ၊ဆရာမများလဲ နယ်အသီးသီးတွင် ဆရာ့ကျင့်ဝတ်နဲ့အညီ စာသင်ကြားပေးလေ့ရှိသည်။ အဆက်အသွယ် ကား ရသည်ရှိသော်လည်း တစ်ချို့ ဆရာမတွေ၊ဆရာတွေနဲ့မှု အဆက်အသွယ်ပျက်တောက်လို့နေတယ်။
ကျောင်းနေအရွယ်တွင်လဲ ဆုံးမသြဝါဒများကို နားယူမှတ်သားမိသလို ယခုအချိန်အခါ ဝေးကွာနေလဲ ဆရာ၊ဆရာမများ၏ ဆုံးမသြဝါဒများကို နာခံလျက်ပါလေ။
ကျွန်တော်တို့နဲ့ အရင်အချိန်က သင်ကြားပေးဖူးတဲ့ ဆရာများနဲ့ Facebook ဆိုတဲ့ social media မှာ ဆုံဖြစ်ပါတယ်။ တနေ့ ကျွန်တော့်၏ ဆရာတစ်ဦးက ပိုစ့်တစ်ခုရေးသားလိုက်တယ်။
ထိုပိုစ့်တစ်ခုမှာ "time is golden"လို့ ရေးသားထားတယ်။
ကျွန်တော့်၏ဆရာ ဦးမြတ်သူထွန်းဖြစ်သူက ထိုပိုစ့်ကိုရေးသားထားပါတယ်။
ကျွန်တော် အလွန်အပင် သဘောကျသွားတယ်။ ဆရာ့ရဲ့ ပိုစ့်ကို အလေးအနက်နဲ့ ထားပြီး ဖတ်တယ် ၊ တွေးတောကြည့်တယ်။ တင်ခဲ့သည့်အချိန်ကာလတစ်ခုကိုတော့ မမှတ်မိခြေ။
"time is golden"တဲ့ "အချိန်ဟာ ရွှေပါ"တဲ့လို့ လဲ ရေးသားထားသေးတယ်။
တကယ်ပါ ဆရာ့ရဲ့ ရေးသားမှု့က မှတ်သားစရာပါ။ အာ့စာကြောင်းလေးကို အမြဲမှတ်သားထားပါတယ်။
.
ဒီနေ့တော့ steemitမှာ ချရေးပြမိလိုက်တာ။ အချိန်ဟာ ရွှေကဲ့သို့ အဖိုးတန်ပါတယ်။ တန်ဖိုးထားတတ်သူများကသာ အချိန်ဟာ ရွှေအဖြစ်နဲ့ ပြောင်းလဲ ရှိနေခဲ့တာပါ။ ဒါကတော့ ကြီးမားနက်ရှိုင်းတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ အချိန်ကို တန်ဖိုးထားသူအဖို့ကတော့ ရွှေဖြစ်နေမှာပါ။
ထိုစာကြောင်းလေးကို မှတ်သားပြီး အချိန်ကို ရွှေဖြစ်အောင် သွန်းလုပ်သင့်ပါတယ်။ ကျွန်တော်ကတော့ အချိန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားယူပြီး ရွှေအဖြစ် သွန်းလုပ်နေသူတစ်ဦးပါ။
ကဲ steemitမိသားစုဝင်ကြီးကောခင်ဗျာ ၊အချိန်ကို ရွှေအဖြစ်နဲ့ သွန်းမလုပ်ချင်ဘူးလား။သွန်းလုပ်မှသာ အချိန်တိုင်းက ရွှေဖြစ်နေမှာပါ။
ကဲဗျာ ဒီလောက်ပါပဲ ။ အခုလိုအချိန်တွေကြားက ပိုစ့်အားဖတ်ပေးလို့ အချိန်ကို ရွှေအဖြစ်နဲ့ သွန်းလုပ်နိုင်ပါစေလို့ ပိုစ့်အနေနဲ့ ဆော်သြ ပေးလိုက်ပါတယ်ခင်ဗျာ။
@zawmyo
MSC-061
ငယ်သူတွေ အချိန်တန်ဘိုးသိကြတာ
တိုးတက်ဖို့ အလားအလာ ကောင်းပေါ့ဗျာ
ဟုတ်ကဲ့ဦးရေကြိုးစားနေပါတယ်ခင်ဗျာ
စာသားလေးက တကယ်ကိုကောင်းပါတယ်ဗျာ 'Time is Golden 'စကားစုကတိုပေမဲ့ တန်ဖိုးမဖြတ်နိုင်တဲ့စကားစုလေးပါပဲ့
ဟုတ်ကဲ့ပါအကိုရေ
အရမ်းတန်ဖိုးရှိပါတယ် အစ်ကိုရေ .. အချိန်တိုင်းရွှေဖြစ်အောင် ကြိုးစားပါ့မယ်ဗျာ ..
ဟုတ်ကဲ့အခုလိုလာရောက်ဖတ်ကြားတဲ့အတွက်ကျေးဇူးပါခင်ဗျာ
အချိန်တိုင်းရွှေဖြစ်အောင် ကြိုးစားပါ့မယ်ဗျာ...အရမ်းတန်ဖိုးရှိပါတယ် ကိုဇော်ရေ တူတူကြိုးစားကြတာပေါ့ဗျာ။
ဟုတ်ကဲ့အကိုရေကျေးဇူးပါခင်ဗျာ
ကုန်ဆုံးသွားတဲ့ အချိန်တွေက အစားပြန်မရနိုင်တာမို့ လက်ရှိအချိန်လေးကို အကျိုးရှိအောင် အသုံးချသင့်ပါတယ်
ဟုတ်တာပေါ့အမရေ
ရွှေဆိုတာ ဖြုန်းပစ်ရင်တောင် ပြန်ရှာလို့ ရတယ်
အချိန်ဆိုတာကတော့ ဘယ်လိုမှ ပြန်ရှာလို့ မရပါဘူး
မှန်ပါ့ဘုရား
ရွှေကဲ့သို့တန်ဖိုးရှိသောအချိန်များကို အသုံးချပြီး
အောင်မြင်မှုများလည်းရရှိပါစေ....bro..
ပေးတဲ့ဆုနဲ့ပြည့်ပါစေ slကြီးရေ
good ပါ ဒါပေမယ့် msc member အသစ်လေး Intro
ဝင်တာ မှတ်နေတာ
ဟီးဟီးမန်းဘားအသစ်လေးပါဗျာ
တကယ်ကောင်းတဲ့ပို့စ်လေး အဘ
အချိန်ဟာ တန်းဖိုးဖြတ်လို့ကိုမရတာပါ
ဟုတ်ကဲ့အဘအောင်ရေကျေးဇူးပါ
ဟုတ်ကဲ့ပါ အဘ။ ကျနော်တို့ လူငယ်တွေ အချိန်ရဲ့တန်ဖိုးသိဖို့ လိုပါတယ် ။
ဟုတ်ကဲ့ဦးအင်းရေ😍😍
Good
ဟုတ်ကဲ့ ကျေးဇူးပါဗျာ
အရမ်းကောင်းတဲ့ postပါညီလေး။Time is golden ဆိုတဲ့အတိုင်း အချိန်ကို ရွှေအဖြစ်ပြောင်းလဲ နိုင်ပါစေဗျာ။
ဟုတ်ကဲ့ကိုမြင့်ရေကျေးဇူးပါအကိုရေ
ကြိုးစားနေသူအတွက် အချိန်တိုင်းဟာ ရွှေပါပဲညီ။
ဟုတ်ကဲ့အကိုရေ
မှန်တယ်