စိတ်ပူအောင် ကြောက်အောင်လန့်အောင် ပြောတာတော့ မဟုတ်ဘူး။
ငလျင်ရဲ့ ဖြစ်တတ်တဲ့သဘောကို သိသလောက်ပြောပြတာ။
လွန်ခဲ့တဲ့ရက်က ည၁၂နာရီ၅၇ မှာ ပဲခူးအနီးအနားက ဖြူးကို ဗဟိုပြုပြီး အင်အာ6း magnitudeရှိတဲ့
အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားတယ်။
နောက်ဆက်တွဲငလျင်လေးတွေလည်း ခဏခဏလှုပ်နေတယ်။
ဇန်နဝါရီ ၁ရက်နေ့ကနေ၁၂ရက်နေ့အထိ ငလျင်(၁၄)ကြိမ်လှုပ်ခဲ့ပြီး အဲ့ထဲက (၆)ကြိမ်ဟာ ဖြူးမြို့နယ် အနီးမှာ လှုပ်ခတ်ခဲ့တယ်လို့ ဖတ်ရပါတယ်။
ဒီနေ့ ၂နာရီ ၄၅ဝန်းကျင်မှာ လှုပ်သွားတဲ့ငလျင်ဟာလည်း
အတော်များများ သိလိုက်ကြတဲ့အထိ အင်အားရှိပါတယ်။
ငလျင်ကြီးတွေ မဖြစ်ခင်မှာ ငလျင်ငယ်တွေ မကြာခဏလှုပ်ခတ်တတ်လေ့ရှိပြီး
ငလျင်လှုပ်ပြီးရင်လည်း နောက်ဆက်တွဲငလျင်တွေ
လှုပ်ခတ်တတ်ကြောင်း ဖတ်ဖူးပါတယ်။
ငလျင်ကို လုံးဝကြိုတင်ခန့်မှန်း တွက်ချက်လို့မရပါဘူး။
အချိန်အတိအကျဆို ပိုဝေးပါသေးတယ်။
ငလျင်ကြောပေါ်မှာ တည်ရှိပြီး ငလျင်ဒဏ်အမြဲခံရတဲ့ ဂျပန်လိုနိုင်ငံမျိုးတောင် ဒေါ်လာသန်းပေါင်းများစွာသုံးပြီး ငလျင်ကြိုသိနိုင်မယ့်နည်းပညာကို ခုထိရှာမရသေးပါဘူး။
နောက်တစ်ခုကတော့ ဖြစ်နိုင်ချေတွေနဲ့ ကြိုတင်ပြင်ဆင်မှုပါ။
၁၉၃ဝ ခုနှစ် ပဲခူးငလျင်(ရစ်ခ်ျတာစကေး ၇ ဒသမ ၃)၊
၁၉၅၆ ခုနှစ် စစ်ကိုင်းငလျင်၊
၁၉၇၅ ခုနှစ် ပုဂံငလျင် (၆ ဒသမ ၈)
၂ဝဝ၁ ခုနှစ် တာလေငလျင် ( ၆.၈)၊
၂၀၀၂ ခုနှစ်တောင်တွင်းကြီး ငလျင် (၆ ဒသမ ၈)၊
၂ဝ၁၂ ခုနှစ်သပိတ်ကျင်းငလျင် (၆ ဒသမ ၈)၊
၂၀၁၆ခုနှစ် ပုဂံငလျင် (၆ဒသမ၈)
ပြတ်ရွေ့ကြောတွေဟာ မလှုပ်ရှားတာ ကြာလေ ကြောက်ရွံစရာကောင်းလေပါပဲ။
၂၀၁၂မှာဖြစ်ပွားသွားတဲ့ ရွှေဘိုရတနာသိင်္ဃတံတား ပြိုကျသွားတဲ့ငလျင်ဟာ ၁၉၅၆ခုနှစ် စစ်ကိုင်းငလျင်အပြီး နှစ်ပေါင်း ၆၀ကျော်အတွင်း ပြန်လှုပ်ခပ်ခဲ့တဲ့ငလျင်ပါ။
၁၉၃၀က လှုပ်ခပ်ခဲ့တဲ့ လူပေါင်း၅၀၀၀ကျော် သေဆုံးခဲ့တဲ့ ပဲခူးငလျင်ကြောဟာ ငြိမ်သက်နေခဲ့တာ နှစ်ပေါင်း၈၀ကျော်ပါပြီ။
၁၉၃၀ ပဲခူးငလျင်မှာ ရန်ကုန်က လူ၅၀ကျော် သေဆုံးခဲ့ပါတယ်။
အဲ့ဒီ့အချိန်က ရန်ကုန်လူဦးရေဟာ သိန်းဂဏန်းသာရှိပြီး အထပ်မြင့်အဆောက်အဦတွေ ရှားပါးချိန်ပါ။ အခုလို လူဦးရေသန်းချီ
အထပ်မြင့်အဆောက်အဦတွေ အရည်အသွေးနိမ့်အဆောက်အဦတွေ ဒင်းကြမ်းဖြစ်နေချိန်မှာ ပဲခူးငလျင်ကြောကြောင့်
ပြားပြားဝပ်အထိအခိုက်များမှာက ရန်ကုန်ဖြစ်နိုင်ချေအများကြီး ရှိပါတယ်။
ပဲခူးလို နေပြည်တော်လို ငလျင်ကြောပေါ်မှာ တည်ရှိမနေပေမယ့် ရန်ကုန်ဟာ ဘာလို့အန္တရာယ်အများဆုံးဖြစ်နေရသလဲဆိုတာ အဆောက်အဦတွေကြောင့်ပါ။
ငလျင်ဟာလူမသတ်ပါဘူး။
အဆောက်အဦတွေကသာ လူသတ်တာပါ။ ပြိုကျစရာမရှိရင် လူသေစရာတစ်ကွက်မှ မရှိပါဘူး။
အပေါ်ထပ်က ငရုပ်သီးထောင်းရင်တောင်
အောက်ထပ်ကို သဲမှုန်တွေတဖွားဖွားကျစေလောက်အောင် Qualityကောင်းတဲ့ အဆောက်အဦတွေ ပြည့်နှက်နေတဲ့ရန်ကုန်အတွက်
သဘာဝဘေးအန္တရာယ်အတွက် Plan တွေရှိသင့်ပါပြီ။
သတိရှိပါ။ သွေးရူးသွေးတန်း မပြေးပါနဲ့။
ညဘက်အတွက် လျှပ်စစ်ဓါတ်မီး(သို့မဟုတ်) ဖုန်းကို အနားထားပါ။
အထပ်မြင့်မှာ နေသူဖြစ်ရင် မိမိနေထိုင်နဲ့အထပ်နဲ့
အောက်ထပ်ထိရောက်ဖို့ အချိန်ကို တွက်ချက်ပါ။
အောက်ပြေးဆင်းဖို့ ကုန်မယ့်အချိန်တွင်းမှာ တိုက်ရဲ့သက်တမ်း ခံနိုင်ရည်ကို ထည့်တွက်ပါ။
ဥပမာ- ကိုယ်က ရှစ်လွှာမှာ နေတယ်ဆိုပါစို့
အောက်ထိပြေးဆင်းဖို့ ငါးမိနစ်ကြာမယ်ဆိုပါစို့။
ငလျင်ရဲ့ ပြင်းအားနဲ့ တိုက်ရဲ့ သက်တမ်းခံနိုင်ရည်နဲ့
ဆင်းဖို့ ကြာချိန်နဲ့ တွက်ချက်ပါ။
အကယ်၍ မတော်တဆ ပြိုကျခဲ့သော တိုက်ခန်းတွင်းမှာ အသက်ဘေးလွတ်နိုင်တဲ့ သက်ကယ်တြိဂံတွေ ရှိနိုင်ပါတယ်။
လှေကားမှာကျ အဆင့်ဆင့်ပိကျဖို့များပြီး လွတ်လမ်းနည်းပါတယ်။
ခုံအောက်ဝင်နေတာမျိုးထက် အိမ်ထဲမှာရှိတဲ့ အရာဝတ္ထုကြီးကြီးတွေဘေးမှာ ကွေးနေတာ အကောင်းဆုံးပါလို့ ဖတ်ဖူးပါတယ်။
မှီမယ်ဆိုရင်တော့ ဆင်းပြေးပါ။
ကိုယ်ကြုံဖူးသလောက်တော့ ဆင်းပြေးတိုင်း လှေကားမှာတင် ငလျင်က ပြီးသွားပြီး တစ်ခါမှ အောက်မရောက်လိုက်တာ များတယ်။
ဒီနေ့လည်း သတ္တိခဲမကြီး ဆင်းပြေးဖို့ ကြံတာ
တံခါးသော့ ချော်ထိုးပြီး တိုင်ပတ်နေတာရယ်။ 😂
ပဲခူးငလျင်ဖြစ်ပွားစေခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်မှာ
Quality မမှီတဲ့ အဆောက်အအုံတွေ ဒင်းကြမ်းနဲ့
ငုတ်တုတ်မေ့နေတာကတော့ ဟော့ဒီ့ရန်ကုန်မြို့ကြီးပါပဲ။
ဒါပေမယ့် မိုးပြိုမှာကြောက်ပြီး မိုးပေါ်ခြေထောက်ထောင်အိပ်ဖို့ မဖြစ်နိုင်ပါဘူး။
စိတ်ပူစိုးရွံတာတွေကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိတရားအဖြစ် ပြောင်းလဲအသုံးချအောင်။
စမီး ရွာပြန်ကောက်စိုက်တော့မယ် မေမေ။
Very nice
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://yuyalay.com/554