မင်္ဂလာပါ steemit ညီအစ်ကိုများ ....
- တရံရောအခါက နည်းပညာများအမျိုးမျိုး အရှိန်တိုးလျှက် တိုးတက်နေသည့်အချိန်အခါ တွင် "ရှန်ကဲ၊မိုးသီး၊ဘရင်း" ဟူသောလူငယ်သေုးံဦး တောင်ကြီးမြို့တွင် နေခဲ့ကြသည်။ထိုလူငယ်လေးဦးလုးံမှာ ငယ်စဉ်ကပင် ကျောင်းတူတူနေခဲ့ရခြင်း အထက်တန်းကျောင်းပြီး တက္ကသိုလ်ပြီးသည်အထိအတူ နေခဲ့ရခြင်းများကြောင့် မည်သည့်အရာမျိုးမဆို တိုင်ပင်ပြီးသာလုပ်ခဲ့ကြသည်။ ထိုလူငယ်သုးံဦး၏ မတူညီသည့်အချက်များကာ မိဘများပင်ဖြစ်ကြသည်။"ရှန်ကဲ"၏မိဘနှစ်ဦးလုးံပင်ဖြစ်ပြီး ကျောင်းဆရာများဖြစ်ကြပြီး မိမိသားကို ပညာတတ်ဖြစ်စေရန် (ဝါ) ဘွဲ့ပညာမြင့်မှ အလုပ်ကောင်းရနိုင်၍ လခကောင်းရနိုင်စေရန် အလို့ငှာ သင်တန်းများ နှင့်အခြားအခြားသော နိုင်ငံခြားပညာသွားသင်ရန် အထောက်အကူဖြစ်စေသည့် course များသာသင်ရန် အမြဲအားပေးသည်။ ရှန်ကဲမိဘများဖြစ်စေချင်သည်မှာ မိမိသား နိုင်ငံခြားပညာသွားသက်ဘွဲ့ရပြီး company များသို့အလုပ်လုပ်ခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုရန်ဖြစ်သည်။ မိုးသီး၏မိဘများကတော့ ထိုသို့မဟုတ် မိဘများဈးရောင်းခြင်းနည်းတူ မိမိသားကိုလည်း ရောင်းစေချင်သဖြင့် ပညာရေးသိပ်အားမပေးကြပါ။ မိုးသီး မိဘများ၏ ခံယူချက်များမှာ မိမိသားကို ပညာဆက်မသင်စေပဲ မိမိကိုယ်ပိုင် တနိုင်တပိုင်အရောင်းအဝယ်လုပ်ရန်နှင့် အခြားသူများ အလုပ်မလုပ်ရန်သာ အစဉ်တိုက်တွန်းလျက်ရှိသည်။ ဘရင်း မိဘများကတော့ ရွာသူများဖြစ်ကြ၍ မည်သည့်ရည်ရွယ်ချက်မှမရှိ။ရိုးရိးရှင်းရှင်း ရှိရင်စားမည် မရှိရင်အငတ်နေမည်ဟူသည့် ပုံစံမျိုးနှင့် ရှင်သန်နေကြသူများ။ အထိုက်အလျောက်ငွေကြေးလေးနှင့် ရွာမှတောင်ကြီးမြို့တက်လာပြီး တပိုင်တနိုင်ဆိုင်ပြီးစားသောက်နေထိုင်ကြသူမျှသာ။ မတူညီသော သဘောထားများရှိသည့်မိဘများရဲ့ သားများဖြစ်ပါလျက်ျသ်ာငြားလည်း ထိုသုးံဦးမှာ စားတူတူသွားတူတူ ထြစ်နေကြသည်။ အထက်တန်းကျောင်းအောင် တက္ကသိုလ်ကျောင်းပြီးသည်နှင့် တပြိုင်နက် မိမိဘဝအတွက် လမ်းကြောင်းတခုတော့ရွေးရတော့မည်။ တနည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံမှ မည်သည့်ဘွဲ့ရသည်ဖြစ်စေ ဘဝအတွက်အာမခံချက် မည်သို့မျှမပေးနိုင်ကြောင်း သိရှိပြီးနှင့်ပြီ မဟုတ်ပါလော။သို့နှင့် ကျောင်းပြီးသည်နှင့် ထိုလူငယ်သုးံဦးမှာ ဘာဆက်လုပ်ရမည်ကိုမသိ မိဘအလုပ်အကိုင်များလည်း ဆက်လုပ်၍တိုးတက်မည်မဟုတ်ဟုအတွေးရပြီး ကျောင်းဆရာများဖြစ်ကြသော "ရှန်ကဲ" မိဘများလမ်းညွှန်မှုဖြင့် နိုင်ငံခြားပညာဆက်သင်ရန်အလို့ငှာ အခြေခံမြန်မာနိုင်ငံတွင်းသင်ရမည်ဖြစ်သော သင်တန်းသို့ သွားတက်ရန်ဆုးံဖြတ်လိုက်ကြသည်။ ထို့နောက်တွင်တော့ ရန်ကုန်သို့ထွက်ခွာသွားကြသည်။ ရန်ကုန်မြို့တွင် သင်တန်းကာလမှာ ၂ နှစ်ကြာမည်ဖြစ်ပြီး၂ နှစ်ပြီးနောက် Singapore Malaysia England Australia စသည့်ထိုလေးနိုင်ငံသို့ဆက်တက်ရမည်ဖြစ်သည်။ ထိုသူငယ်ချင်းသုးံဦးတွင် "ရှန်ကဲ" မှလွဲပြီး ကျန်နှစ်ဦးမှာ သင်တန်းအတူတူ တက်နေကြသော်ငြားလည်း သင်တန်း၂ နှစ်ပြီးဆုးံပြီးလျှင် မည်သည့်နိုင်ငံသွားတက်မည်ဟူ၍ မဆုးံဖြတ်ထားကြပေ။ "ရှန်ကဲ" သည် Singapore ပညာဆက်သင်ရန်အတွက် အစစအရာရာ မိဘများအကူအညီဖြင့် စီစဉ်ပြီးလျက်ဖြစ်သည်။သို့ဖြင့်ရန်ကုန်မြို့၌နှစ်နှစ်ကြာ သင်တန်းတက်ပြီးသည့်နောက် "ရှန်ကဲ" တယောက်တော့ ပထမဆုးံ စင်္ကာပူသို့ထွက်ခွာသွားသည်။ "မိုးသီး""ဘရင်း" မှာတော့ ကုန်ကြငွေများမည်ဖြစ်သောကြောင့် မိဘများမှ ငွေကြေးစီစဉ်ရန် အလို့ငှာအချိန်ထပ်စောင့်နေရသည်။ငွေကြေးအဆင်ပြေမည့်အချိန်စောင့်ရင်းနှင့် နှစ်လကြာကြာသွားသာအခါ "မိုသီး" အဖေမှ နိုင်ငံခြားမသွားပဲ အိမ်သို့ပြန်လာပြီး လာရောက်လုပ်ကိုင်ရန် ပြောဆိုလာခြင်းကြောင့် တောင်ကြီးသို့ပြန်သွားသည်။ သို့နှင့် "ဘရန်း" တဦးတည်း ရန်ကုန်မြို့၌ ယောင်လည်လည် အိမ်မှငွေကြေးအဆင်ပြေမည့်အချိန်စောင့်ရင်း ကျန်ရှိခဲ့လေသည်။ သို့နှင့်စပ်မိစပ်ရာ အလုပ်များလျောက်ရင်း ရသမျှအလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင် အွန်လိုင်းစီးပွားရေး အွန်လိုင်းငွေရှာနည်းများ ခေတ်သားလျှက်ရှိပြီး "ဘရင်း" တယောက်အလုပ်လုပ်ရင်း အားသည့်အချိန် အွန်လိုင်းငွေရှာနည်းများ လေ့လာရှာဖွေရင်း steemit ဟုခေါ်သည့် ဝါသနာပါရာ စာပေဗဟုသုတ ရသ များရေးပြီးမျှခြင်းဖြင့် ဆုကြေးရရှိမည့် အွန်လိုင်းဆိုက်တခု ဖြင့်အဆက်အသွယ်ရရှိခဲ့ပါသည်။ သို့နှင့်ထို steemit တွင်ကြိုးကြိုးစားစား စားရေးမျှခြင်းဖြင့် သုးံလကြာသောအချိန်သို့ရောက်သောအခါတွင် "ဘရင်း" တဦးမိမိငွေနှင့် ရန်ကုန်မြို့၌ရပ်တည်လာနိုင်ခဲ့သည်။"မိုးသီး"တဦးမှာလည်း အိမ်၌ရှိအလုပ်ဝင်လုပ်ရင်း အဆင်ပြေနေသည်။ "ရှန်ကဲ" သည်လည်း Singapore တွင်ကျောင်းတက်အလုပ်လုပ်ရင်း အဆင်ပြေလျက်ရှိနေသည်။ မည်သို့ပင်ဆိုစေ "ဘရင်း" တယောက်မိမိသွားချင်သည့် ပညာသင်ချင်သည့် နိုင်ငံရပ်လြားသို့ မိဘအဆင်မပြေမှုများကြောင့် မသွားရခဲ့သော်လည်း ထို steemit မှကြိုးစားပြီး အဆင်ပြေလာပါက နိုင်ငံခြားထွက်သွားမည်ဟု တွေးလျက် steemit ဟုခေါ်ဆိုသည့် အွန်လိုင်းစာပေမျှရာ တွင်ဇောက်ချလုပ်ကိုက်ခဲ့သည်။ သို့နှင့် နှစ်နှစ်ကြာမျှလုပ်ဖြစ်ခဲ့ရာ မောင်"ဘရင်း"တယောက်မှာ ယခုတော့ ရန်ကုန်မြို့၌တိုက်ခန်း ကိုယ်ပိုင်ဝယ်ယူနိုက်ခဲ့ပြီ။ ထိုနောက် steemit မှရသောငွေအချို့အား ပြင်ဦးလွင်မြို့ရှိ မြေကွက်များဝယ်၍ ရင်းနှီးထားလိုက်လေသည်။
- ခြောက်နှစ်ခန့်ကြာသော်............
စင်္ကာပူ BY International steel company export company 3 နှစ်တာအောင်မြင်မှု အခမ်းအနား (Asian နိုင်ငံက အကျိုးတူ လုပ်ငန်းရှင်များလည်းဖိတ်ခေါ်ထားကြသည်)
ထိုသူများအမည်စားရင်းတွင် "ဘရင်း" သူငယ်ချင်းဖြစ်သော "မိုးသီး" သည်လည်းပါဝင်ကြောင်း ကို စင်္ကာပူနေ "ရှန်ကဲ" မှ “ဘရင်း" ထံသို့ အီးမေးလ်ဖြင့်
- သူငယ်ချင်း နေကောင်းကျန်မာလား ?အလုပ်အကိုင်အဆင်ပြေလား? ငါကတော့ဒီမှအဆင်ပြေပါတယ် အခုဆို ရာထူးတိုးပြီး တလ သိန်း ၆၀ ကျော်ရနေပြီ...မင်းတို့ရောမြန်မာနိုင်ငံမှာ အဆင်မပြေကြဘူးဆိုငါ့ဆီလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ မင်းတို့သာ အမှန်တကယ် ငါ့လိုကြိုးစားခဲ့ရင် ဒီအချိန်တလကို သိန်းခြောက်ဆယ်လောက် တော့အေးဆေး ရနေပြီ။ဘဝတိုးတက်ချင်တယ်ဆိုရင်တော့ စင်္ကာပူ ကို "မိုးသီး" နဲ့အတူလိုက်ခဲ့ပါ။သူလည်းအခုဆို company ပစ္စည်းမြန်မာနိုင်ငံမှာ ရောင်းနေဒါ အရောင်းရဆုးံ ကိုယ်စားလှယ်မို့ သူ့ကိုလည်းဖိတ်ထားတယ်။မင်းလည်းစင်္ကာပူ မရောက်ဖူးသေးဘူးဆိုတော့ "မိုးသီး" နဲ့ လိုက်ခဲ့ပါ။ ငါတော့ဒီမှာ တိုက်ခန်းရယ် ကားရယ်အပိုင်ဖြစ်နေပြီ မြန်မာမာနေလည်း ဘဝက အလကားပဲ တိုးတက်မှုမရှိ မင်းကိုတော့ ကိုယ်ချင်းစာပါတယ် အဆင်ပြေရင် အီးမေးလ်ပို့လာပါ ငါလမ်းစားရိတ်ထည့်ပေးပါမယ် မိုးသီး နဲ့လိုက်လာခဲ့ပေါ့။ သူလည်းနော်တော်အောင်မြင်နေပြီ သံပစ္စည်း စတီးရောင်းဒါ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ကြီးပဲ မင်းတယောက်ပဲဘဝမှာမရေရာမသေချာနဲ့ ဖိတ်ခေါ်ပါတယ် လာခဲ့ပါ။"
ဟု အီးမေးလ် ပို့ထားခဲ့လေသည်။ ထို့နောက်မိုးသီး သည် company မှ ဖိတ်ကြားချက်အရ ချန်ဂီလေဆိပ် အရောက် "ရှန်ကဲ" မှ စင်္ကာပူသားပီပီ လာရောက်ကြိုဆိုနေသည် ။ "ရှန်ကဲ" ရာထူးတိုးရခြင်းသည် "မိုးသီး" ကိုမြန်မာနိုင်ငံအတွက်မိတ်ဆက်ပေးပြီး "မိုးသီး" အောင်မြင်ခြင်းကြောင့် company မှ ရာထူးတိုးပေးခြင်းဖြစ်သည်။ ထို့နောက်မိုးသီးရောက်ရှိလာပြီး "ရှန်ကဲ" မှ - ကြိုဆိုပါတယ် သူငယ်ချင်း အခုလိုတွေ့ရဒါဝမ်းသာပါတယ် ငါတို့ company ကလည်း မင်းကိုကျေးဇူးအထူးတင်ကြောင်း နဲ့အတူ မင်းနဲ့ငါ့ကို သူဌေးကိုယ်တိုင် ဂုဏ်ပြုချင်နေဒါ အခု ငါတို့ သူဌေးက အာရှမှာ အကြီးဆုးံ company, အာရှမှာ အချမ်းသာဆုးံ ပုဂ္ဂိုလ်ပဲ ။ သူဌေးကိုယ်တိုင် ဂုဏ်ပြုချင်တာ ဆိုတော့ ငါတို့ကံကောင်းလို့ပဲ။ ငါတို့အခုလို company နဲ့လက်တွဲခွင့်ရဒါ ငါတို့ရှေးဘဝ ကုသိုလ်ပဲ။ "ဘရင်း" တယောက်တော့ ဘယ်ဆီနေမှန်းလည်းမသိ ငါ့လည်းမင်းနဲ့အတူလိုက်လာဖို့ပြောသေးတယ် မဆက်သွယ်လာဘူးလား ? "
ထိုမှ တဖန် "မိုးသီး" မှ သူလည်းသူ့ကံနဲ့မို့ပါ လွတ်ထားလိုက် ကိုယ့်ကိုယ်အောင်မြင်အောင် အရင်လုပ် ပြီးမှ အခြားသူက်ုဆွဲတင် ကိုယ်အောင်မြင်ဖို့က အဓိကပဲ မဟုတ်လား။
စကားမပြတ်ပြောနေတုန်း Marcedez Benz S500 model ကားအနက်တစီး ရောက်လာပြီး driver မှ " သူဌေးကြိုခိုင်းလိုက့်လို့ပါ" ဟုပြောဆိုရင်း နှစ်အုးံလုးံ ကားပေါ်လိုက်သွားသည်။
ထိုအခမ်းအနားသို့ စင်္ကာပူတွင် ကျောင်းပြီး၍အလုပ်ကိုင်နေသော " ရှန်ကဲ" တယောက်နှင့် "မိုးသီး"ထိုနေ့က အထူးဧည့်သည်စားရင်တွင် ပါဝင်သောကြောင့် VIP ဝင်ပေါက်တွင်ရပ်လျက်....(ထို BA company အတွက်ရှန်ကဲသည် exports imports ၌မန်နေဂျာအကြီးဆုးံဖြစ်လျက်နေသည်)
ထို့နောက် အခမ်းအနားရှိရှေ့ဆုးံ ခုံသို့ဝင်ထိုင်ကြပြီး အခမ်းနားမှူးမှ စတင်၍ အခမ်းအနားစတင်ကြောင်းကြေငြာပြီး ဒုတိယအစီအစဉ်အနေဖြင့် company သူဌေးမှ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ကြော်ငြာလေသည်။
ထိုသို့ကြော်ငြာအပြီးတွင် မိန့်ခွန်းပြောကြားရန် company သူဌေးမှ စင်ပေါ်သို့တက်သွားပြီး စတင်၍ " ယခုအခမ်းအနားမှ ကြိုဆိုပါ၏" ဟု ပြောလိုက်ပြီးပြီးခြင်း "မိုးသီး" "ရှန်ကဲ" မျက်လုးံအပြုးသား ဖြစ်နေပြီး သူဌေး ဆိုသူမှာ မိမိသူငယ်ချင်းဖြစ်သော " မောင်ဘရန်း" ဖြစ်နေခြင်း........
မေးခွန်းပေါင်းများစွာဖြစ် ထိုသူနှစ်ဦးကျန်ရစ်လျက်
Authour ကိုဗီး
MSC 222
တွေးစရာပါပဲ ကိုဗီး
ဟုတ် လာရောက်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကိုစော
ဘရင်းလို ဖြစ်ချင်တယ်ဗျာ ကိုဗီးလည်း ဖြစ်ပါစေ steemit လမ်းကြောင်းက ဘယ်အချိန်ဆုံးမယ်ဆိုတာ ပြောမရပေမဲ့ အဓိက ကိုယ်ရပ်မနေဖို့ ပဲ ဆက်လျှောက်ကြတာပေါ့ အချိန်က စကားပြောမယ်ထင်တယ်
ဟုတ် ဦးဇင်းအတွက်တော့ အောင်မြက်မှုက ဘေးနားကပ်ရပ်ပါ။ တပည့်တော်တို့တော်ကြိုစားဆဲပါ ဦးဇင်းအတွက်က သေချာပါပြီ။