Myanamr steemit မိသားစုဝင်များအားလုံးမင်္ဂလာပါခင်ဗျာ။ ကျွန်တော် ဒီတစ်ပတ်အတွက် တွေးမိတာလေးတွေကို သင့်တင့်သလို ရေးသားဖော်ပြသွားမှာဖြစ်တဲ့အတွက် ခေါင်းစဉ် ကို အတွေးစုလေးများလို့ပဲပေးထားတာဖြစ်ပါတယ်။
ပထမဦးစွာ ကျွန်တော်စိတ်ထဲ ထင်ဟပ်လာတဲ့အကြောင်းအရာက ငယ်စဉ်အခါက ကျွန်တော့်ရဲ့ ကျေးဇူးရှင် အဖေရှိစဉ်အခါက အဖေကိုယ်တိုင်လက်ရေးနဲ့ရေးပြီး အိမ်ကနံရံမှာကပ်ထားတဲ့စာလေးကို မျက်လုံးထဲမြင်မိပါတယ်...အဖေရေးထာတဲ့စာလေးက "လိမ်မာရေးချားရှိမှ လူကိုလူလိုမြင်တတ်မှ ဖေဖေ့သား"တဲ့။ကျွန်တော်တို့က ညီအစ်ကိုသုံးယောက်ရှိတာဆိုတော့ အဖေက "သား"လို့ သုံးစွဲထားတာပါ။
လိမ်မာတယ်ဆိုတာကတော့ ငယ်ငယ်ထဲက ကျွန်တော် နားလည်ခဲ့ပါတယ်။မိဘ စကားကိုနားထောင်မယ်။ စာကြိုးစားမယ်။လူကြီးသူမကိုရိုသေရမယ် အစရှိသဖြင့်ငယ်စဉ်ထဲက နားလည်သဘောပေါက်ခဲ့ပါတယ်။
လူကိုလူလိုမြင်တတ်မှ ဆိုတာကိုတော့ ငယ်စဉ်ကကောင်းကောင်း သဘောမပေါက်ခဲ့မိဘူး။ကလေးဘဝဆိုတော့ ကောင်းစွာမတွေးခေါ်တတ်တာလဲပါပါတယ်။ခုချိန်မှာတော့ အသက်အရွယ် အတွေ့အကြုံလေးလဲ ရလာတဲ့အခါကျတော့ တွေးကြည့်မိတယ်။ ဟုတ်ပြီ ငါလူကိုလူလို ဘယ်လိုမြင်ရမလဲ?
ကျနော် ပထမဆုံးတွေးမိတာ "လူသားချင်းစာနာထောက်ထားတယ်ဆိုတဲ့ စိတ် "လူမျိုးဘာသာ ဆင်းရဲချမ်းသာ မရွေးဘဲ သူဟာ လူသားတစ်ယောက်ပါပဲလားဆိုတဲ့ ကိုယ်ချင်းစာစိတ်ပေါ့ဗျာ ။သူကတော့ ဆင်းရဲတဲ့သူမို့လို့ မတူမတန်ဆက်ဆံမယ်။သူကတော့ ငါနဲ့ဘာသာခြင်းမတူလို့ ဖိနှိပ်လိုက်မယ်အစရှိသဖြင့်ပေါ့ဗျာ ခွဲခြားဆက်ဆံရန်မသင့်ဘူးလို့် မြင်မိပါတယ်။ ဒီကမ္ဘာပေါ် မှာ ရှိတဲ့ လူသားတိုင်းသာ လူကိုလူလိုမြင်တတ်မယ်ဆိုရင် ငြိမ်းချမ်းနေမှာပဲ လို့ကျနော်တွေးမိတယ်။
နောက်တစ်ခုဆက်စပ်ပြီးကျွန်တော်တွေးမိ သေးတယ်။လူတော်တော်များများက သူတို့တွေ တွေ့ကြုံရတဲ့ အဖြစ်အပျက် ကြုံတွေ့ခဲ့ ရတဲ့အကြောင်းအရာတွေပေါ်မှာ မူတည်ပြီး တော့ပဲ ကိစ္စတစ်ခုကို ဆုံးဖြတ်လေ့ရှိကျ တယ်။ပြောရမယ်ဆိုရင် ဘောင်ခတ်ကြည့် တယ်ပေါ့ဗျာ။အရာရာကို ဖြန့်ကျက်တွေး တတ်တဲ့ တွေးကြည့်တဲ့အလေ့အထအား နည်းတာကို တွေ့ရတယ်။ကိုသိထားသလောက်နဲ့ အမှန်ထင်ရင်လဲထင်တတ်ကျတယ် ။မသိခြင်းရဲ့အခြားတစ်ဖက်မှာ ဘာရှိလဲဆိုတာ လှစ်လျူရှုထားတတ်ကျတယ်။အရာရာကို ဘောင်ခတ်ကြည့်လိုက်တဲ့အခါမှာ အမြင်တွေဟာကျဉ်းမြောင်း သွားတတ်သလို တစ်ဖက်စောင်းနင်းလဲရောက်သွားတတ်ပါတယ်။ဥပမာတစ်ခုဗျာ..ကျနော်က ရပ်ကွက် ၁ မှာနေတဲ့လူဆိုပါတော့...ကျနော် ရပ်ကွက် ၂ မှာနေတဲ့ အောင်အောင် ဆိုတဲ့လူနဲ့ ခင်မင်ခဲ့ကျတယ်။လက်ဘက်ရည်ဆိုင်တွေဘာတွေ အတူတူထိုင်တယ်။တဖြေးဖြေးရင်းနှီးကျတယ်ပေါ့။တစ်နေ့ အောင်အောင်က ကျနော့်ဆီကပိုက်ဆံ တစ်သိန်းချေးတယ်။ကျနော်ကလဲ ကိုယ်နဲ့ပတ်သတ်ရင်းနှီးနေတဲ့သူဆိုတော့ ယုံယုံ ကြည်ကြည်ချေးလိုက်တယ်ဆိုပါတော့။အဲ့နောက်ပိုင်းတော့ အောင်အောင်ဆိုတဲ့လူက ကတ္တိဖျက်လာတယ်။ကျနော်အကြွေးပြန်တောင်းတိုင်း စကားများရတယ်။မပေးချင်တဲ့ပုံပေါ်လာတယ်။နောက်တော့ ကျနော်နဲ့စ ကားများရန်ဖြစ်ကျတယ်ဆိုပါတော့.....
အဲ့အခါမှာ ကျနော် က "ရပ်ကွက် ၂က ကောင်တွေက ကလိမ်ကျစ် တွေပါကွာ ပိုက်ဆံချေးပြီးဘယ်တော့မှပြန်မဆပ်ဘူး"လို့ကျနော်တွေ့သမျှလူလိုက်ပြောတဲ့အခါ ကျန်တဲ့ ရပ်ကွက် ၂ မှာနေတဲ့ လူကြီးသူမတွေ နောက် ကောင်းကောင်းမွန်မွန်နေတတ်တဲ့လူတွေ အစရှိသည့်တို့ဟာကျနော့်ရဲ့ ကျဉ်းမြောင်းတဲ့အမြင်ကြောင့် ကလိမ်ကကျစ်တွေလို့ သိမ်းကျုံး ပြောမိသလိုဖြစ်မသွားပေဘူးလား။ဒီကိစ္စမှာကျနော်က အောင်အောင်တစ်ယောက်နဲ့သာ ဆက်ဆံမိပြီး ကျနော်ကြုံတွေ့ဖူးသလောက်သာ ကောက်ချက်ချလိုက်ခြင်းမျိုးဖြစ်ပါတယ်။စောနက ပြဿနာကိုပဲ ကျနော်တို့ ဖြန့်ကျက်ပြီးတွေးကြည့်ရအောင်..အောင်အောင်သည် လူဖြစ်သည် ရပ်ကွက်၂မဟုတ် ၊ထို့အတူ ရပ်ကွက် ၂သည်လည်းအောင်အောင် မဟုတ်။ လူကလူ ရပ်ကွက်က ရပ်ကွက်လို့ ခွဲခြားကြည့်ပါ.. မြင်အောင်ကြည့်ပါ..ဒါဆို ရပ်ကွက်၂ကမကောင်းဘူးလို့ကျနော်သုံးသပ်ပြောဆိုတာဟာ တရားပါသလား။လူကိုလူလို့ ခွဲခြားသိမြင်လာတဲ့အခါမှာ ရပ်ကွက် ၂မှာလဲ ကောင်းတဲ့လူရှိသလို ဆိုးတဲ့လူလဲရှိမှာပါလားလို့်  ဖြည့်တွေးတတ်လာပါလိမ့်မယ်။ လူသည်လူသာဖြစ်ပါတယ်။ဒီလောက်ဆို ကျနော် ဆိုလိုချင်တာကို မိတ်ဆွေတို့သဘောပေါက်မည်ထင်ပါသည်။ကျနော်တို့လူမျိုးအတော်တော်များများရဲ့ အဖွဲ့အစည်းတစ်ခုခုအပေါ်ကို တွေ့မြင်သုံးသပ်နေကျတာလေးတွေကို လွဲမှားမသွားစေချင်တဲ့စိတ်နဲ့ ကျနော်တွေးမိတာလေးတွေကိုရေးသားတင်ပြရခြင်းဖြစ်ပါတယ်။
ချစ်ခြင်းများစွာဖြင့် ...A13
MSC-126
@zinminhtet
good
👍👍👍
Thank
Like post bro
ကျေးဇူး bro
အတွေးတွေထဲမှာ
အတွေးတွေထဲမြော
Good
ဟုတ်ကဲ့
ကောင်းပါတယ်
ကျေးဇူး
Nice post Bro
ကောင်းတယ်ဗျ
သုံးသပ်ချက်လေးကကောင်းတယ်
ဟုတ်ကျေးဇူး
Good
Good
ဆိုလိုရင်းကို သဘောပေါက်ပါသည် အားပေးလျှက်ပါ
Good
img credz: pixabay.com
Nice, you got a 37.0% @ebargains christmas upgoat, thanks to @ptcmyanmar
Want a christmas boost? Minnowbooster's got your back!
okay
Okay
ဘာမှပြောတော့ဘူး
good
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလိုပေါ့