တနင်္လာနေ့ မနက်ခင်း
ကျွန်တော့ တစ်နေ့တာကတော့ အမှတ်ရဖွယ်တွေ တခမ်းတနားတွေမရှိလှပါဘူး။
မနက်ဆိုလျင် ကြယ်ရောင်တွေ မပျောက်တပျောက် အချိန်မှာပဲ ဖုန်းမှ နိုးစက်အသံနှင့်စတင်နိုးထပါတယ်။နိုးစက်ပေးထားတာကတော့ မနက်၅နာရီပါ။အိမ်ရာမှ ထလျင်ထချင်း ၅မိနစ်ခန့် တရားထိုင်ပါတယ်။ပြီးနောက် ခြင်ထောင်နဲ့စောင်ကို စနစ်တကျ သတ်မှတ်ပုံစံအတိုင်း ခေါက်ကာ အိပ်ယာအားသပ်ယပ်စွာပြင်ဆင်လိုက်ပါတယ်။ထိုစဉ်မှာပဲ ဒီနေ့တာဝန်ကျတဲ့ ကျောင်းသားတာဝန်ကျအရာရှိရဲ့ အိပ်ယာနိုးခရာကို ကြားလိုက်ရပါတယ်။ညကဝတ်ထားတဲ့ညအိပ်ဝတ်စုံကို ချွတ်လိုက်ပြီးနောက် မနက်ပိုင်းကြံ့ခိုင်ရေး ဆင်းဖို့အတွက် ကြံ့ခိုင်ရေးဝတ်စုံကို ခပ်မြန်မြန်လဲလိုက်ကာ ကုတင်ပေါ်ထိုင်၍ ခြေအိပ်နဲ့ဖိနပ်ကို စွပ်လိုက်ကာ ဖိနပ်ကြိုးကို ခပ်တင်းတင်းဆွဲချည်လိုက်ပါတယ်။ ထိုနောက် ရေချိုးခန်း ထဲဝင်ကာ မျက်နှာကို အကြမ်း မျှ ခပ်မြန်မြန်လေးသစ်ပြီး လက်မှ လက်ပတ်နာရီကိုကြည့်လိုက်တော့ ၅နာရီ မိနစ် ၂၀ခန့် ရှိနေပါပြီ။ တန်းစီကွင်းထဲကို ၅မိနစ်စောကြိုရောက်ရမည်ဖြစ်၍ အိပ်ဆောင်ကနေ ၅နာရီ ၂၂မိနစ်လောက်ထွက်ရင် လမ်းလျှောက်သွားရင် ၃မိနစ်ခန့်ကြာတာမို့ ကွင်းထဲကို ၅နာရီ ၂၅ဆိုရောက်တယ်။တန်းစီကွင်းထဲစရောက်တာနဲ့ တာဝန်ကျ ကျောင်းသားတာဝန်ကျအရာရှိက လူစုံလင်မှုရှိမရှိစစ်ဆေးပါတယ်။ကျွန်တော်တို့သင်တန်းမှာသင်တန်းသားက အယောက်၁၀၇ယောက်ပါ။ ကျောင်းသားအရာရှိက လူစစ်ပြီးနောက် ကြံခိုင်ရေးတာဝန်ကျ အရာရှိထံ တန်းစီဇယားနှင့်တကွ တန်းအပ်သည်။ ထိုနောက် ဒီနေ့ တနင်္လာ နေ့ဖြစ်သဖြင့် အပြေးတက်လေ့ကျင့်ခန်းမရှိကြောင်းနဲ့ မြန်မာ့သိုင်းသင်ခန်းစာ ဖြစ်ကြောင်း ကြံ့ခိုင်ရေး အရာရှိက ပြောကြားပြီးနောက် ၄င်း၏စစ်မိန့်သံနှင့် အတူ အတန်းချဲကာ မြန့်မာ့သိုင်း အခြေခံ စတင်သင်ကြားပါတယ်။ယိစ်ကျား..ယိစ်ကျားဖြင့် မိနစ်၄၀ပြည့်ပြီးတဲ့နောက်မှာတော့ ကြံ့ခိုင်ရေး ချိန်ပြီပြီဖြစ်တဲ့အတွက် တန်းဖြုတ်ပေးလိုက်ပါတယ်။
တန်းဖြုတ်ပြီးနောက်မှာတော့ အိပ်ဆောင်ကို ခပ်မြန်မြန် အပြေးတက်နဲ့ပြန်လာပြီးနောက် ဇွန်းခရင်းယူပြီး စားရိပ်သာသို့ သွက်သွက်လေး သွားရပါသည်။ဘာလို့လဲဆိုတော့ ၀၇နာရီ၁၅မိနစ်မှာတန်းစီမှာကိုး။
စားရိပ်သာရောက်တော့ ထမင်းကြော်ရယ် ကြက်ဥကြော်ရယ် လက်ဘက်ရည်ရယ်ကို ၅မိနစ်ခန့်နဲ့ပြီးအောင် အမြန်စားပြီး အိပ်ဆောင်ပြန်လာ။ အိပ်ဆောင်ရောက်တာနဲ့ ညက ဆေးတင်ထားတဲ့ စစ်ဖိနပ်ကြီးကို နိုင်လွန်ခြေအိပ်ဟောင်းနဲ့ ပြောင်နေအောင်ပွတ်ရင်းညက ကျက်လက်စနဲ့စာကြည့်စားပွဲပေါ်က ဖွင့်လျက်သားဖြစ်နေတဲ့စာအုပ်ထဲကစာအချို့ကို ဖိနပ်တိုက်နေရင်းနဲ့ပဲ ပြန်မှတ်မိအောင် ကျက်လိုက်သည်။ ဖိနပ်ပြောင်သွားတော့ အခန်းထဲ ကြမ်းတိုက်တံနဲ့ ကြမ်းကိုခပ်မြန်မြန်ပဲတိုက်လိုက်ကာ အခန်းမှန်မှာ ရှိနေတဲ့ဖုန်မှုန့် တွေကိုပြောင်စင်သွားအောင် တဘက်အဟောင်းနဲ့ ပွတ်။ပြီးတာနဲ့အခန်းရှေ့ ကော်ရတာပါတံမျက်စည်းလှဲ။ပြီးတာနဲ့ ကြံ့ခိုင်ရေး ဝတ်စုံကိုချွတ်၍ ရေချိုးခန်း ထဲ ဝင် ရေချိုးပြီးနောက် ညကတည်းကပြင်ထားတဲ့ တနင်္လာ နေ့ရုံးတက်ဝတ်စုံကို ဝတ်လိုက်သည်။ ခါးပတ်ကတော့ ညထဲက ပြောင်အောင်တိုက်ထားပြီးသားဖြစ်သည်။ဝတ်စုံလဲပြီးနာရီကြည့်လိုက်တော့ ၇နာရီထိုးရန် ၁၀မိနစ်ခန့်အလို၊စားပွဲပေါ်မှစာရွက်စာတမ်းများကို အိတ်ထဲထည့်ပြီးနောက် အခန်းထဲ သတ်မှတ်ထားတဲ့အတိုင်းခင်းကျင်းထားမှုကိုတစ်ချက်ပြန်စစ်ဆေးလိုက်သည်။ ပြီးနောက် ဖိနပ်စီးပြီး အဆောင်မှ တန်းစီကွင်းထဲသို့ ထွက်လာခဲ့လိုက်သည်။
ဒီနေ့ တနင်္လာ နေ့ဖြစ်သဖြင့် မနက်တန်းစီချိန်တွင် ဝတ်စားဆင်ယင်မှုစစ်ဆေးခြင်း၊ အိပ်ဆောင်စစ်ဆေးခြင်းနှင့် အပတ်စဉ် စာမေးပွဲကလည်းရှိနေသေးသည်မို့အလွန်မှ အလုပ်ရှုပ်လှသောရက်တစ်ရက်ဖြစ်ပေတော့သည်။
MSC-126
@zinminhtet
ကျန်မာရေး အတွက် မနက်စောစောထပြေးမှထင်တယ် အယ်တာလဲ မဖြစ်သေးပါဘူး ကောင်မလေးတွေ မှောင်မှောင် နဲ့ လိုက်ဆွဲ နေရင် ခက်မယ်
ခလုတ်တိုက်လဲမယ် မှောင်မှောင်နဲ့
Good,bro
Goooooood👍
😄
အချိန်ကိုပြည့်နေတာပဲနော်။မအားတဲ့ကြားထဲကစာရေးနိုင်တာချီးကျူးပါတယ်ရှင်။Good post;bro.
အိပ်ချိန်ထဲက ဖဲ့ပေးရတာပါပဲ 😊
အလေ့ကျင့်မရှိသူဆိုရင် မလွယ်ဘူးဗျ အချိန်မှီပြီးဖို့က
ဟုတ်တယ် bro တစ်နေ့တစ်နေ့ဘယ်လိုအချိန်ကုန်သွားမှန်းကိုမသိလိုက်ဘူး
ရေးတာကောင်းတယ် bro
ချွေးတောင်ပျံတယ် 😄
သိုင်းပြန်သင်ပေးစမ်းပါကွာ ကောင်မလေးတွေ လိုက်ဆွဲနေလို့
ဟဲဟဲ ပြန်လာရင် သင်ပေးမယ်
Fighting
ဖိုက်တင်း :-)
good
ကျေးဇူး
သွားလဲမတိုက်ဖူး ဘာလား
သွားက ပြန်လာ မှရေခိုျးရင်းတိုက်မှာ 😁
fighting
ကျေးဇူး bro
ယိစ်ကျား ယိစ်ကျား :p
ယိစ်ကျားဖြင့် တိုင်ပတ်နေတယ် 😄
အားပေးနေမယ် bro
ကေျးဇူး bro 😊
ကောင်းပါတယ် အစ်ကို
တနင်္လာဆို ပျင်းတာအရမ်းဘဲ