လူမှုဆက်​ဆံ​ရေး(ဧည့်​ခံ​ကျွေး​မွေးခြင်း)

in #myanmar7 years ago

imageမိတ်​​ဆွေတို့ အ​တော်​များများဟာ စားပွဲ​သောက်​ပွဲ​တွေကြုံဖူးကျပါလိမ့်​မယ်​။ စီးပွား​ရေးလုပ်​ငန်းရှင်​ အချင်းချင်း အနာဂတ်​စီးပွား​ရေးလုပ်​ငန်း​တွေ အတွက်​ အကျိုးတူ​ပူး​ပေါင်းရန်​၊ နိုင်​ငံခြားမှ ဧည့်​သည်​များကို  ဧည့်​ဝတ်​ပြုရန်​ ၊မိတ်​​ဆွေအချင်းချင်းတစ်​ဦးနဲ့ တစ်​ဦး အပြန်​အလှန်​​ကျေးဇူးပြုရန်​၊ မိမိတို့၏ဝန်​ထမ်း​တွေကို စိတ်​ဓာတ်​မြှင့်​တင်​မှု နှင့်​ တက်​ကြွ မှုရှိ​စေရန်​စသည်​တို့်​အတွက်​ စားပွဲ​သောက်​ပွဲ​တွေ ပြုလုပ်​​လေ့ရှိပါတယ်​။ သင်​သာ စားပွဲတစ်​ခုကို စီစဉ်​သူ သို့မဟုတ်​ ကိုယ်​တိုင်​ဧည့်​ခံ​ကျွေး​မွေးရန်​အတွက်​ ဖိတ်​ကြားသူတစ်​​ယောက်​ဖြစ်​ခဲ့ပါက မည့်​ကဲ့သို့ စီမံသင့်​သည်​များကို အနဲငယ်​တင်​ပြလိုပါသည်​။ >>> သာမာန်​အားဖြင့်​ တယ်​လီဖုန်းနဲ့ဖြစ်​​စေ လူကိုယ်​တိုင်​ဖြစ်​​စေ ဖိတ်​ကြားနိုင်​ပါတယ်​။  vip ပုဂ္ဂိုလ်​များဖြစ်​ပါက ဖိတ်​စာနှင့်​ ဖိတ်​ကြားခြင်းဟာ သင့်​​တော်​ပါတယ်​။ ဖိတ်​စာမှာ နာမည်​ ရာထူးတို့ ပြည့်​ပြည့်​စုံစုံ ပါရှိပြီး ​နေ့ရက်​ အချိန်​နာရီ တိတိကျကျ ပါပါ​စေ ။  ဖိတ်​ကြားတဲ့အချိန်​ဟာ အများဆုံး ၇ရက်​ဖြစ်​လျင်​ ပို သင့်​​တော်​ပါတယ်​။

မိတ်​​ဆွေ ဖိတ်​ကြားမည့်​ ဧည့်​သည်​​တွေကို အစီစဉ်​တကျ ​ပြောဆိုပြီးပြီ ဆိုလျင်​​တော့ စား​သောက်​ဆိုင်​​တွင်​ ကြိုတင်​စာရင်း​ပေးပြီး မိမိ ​ကျွေး​မွေးဧည့်​ခံလိုသည့်​ အစားအစာများရှိမရှိစုံစမ်းပါ။  တက်​​ရောက်​မည့်​ လူဦး​ရေအတိအကျနှင့်​ အချိန်​နာရီ အတိအကျ​ပြောဆိုထားပါ။ လိုအပ်​လျင်​ စရံ တစ်​ဝက်​​ပေး​ချေ​ပေးပါ ​နောက်​ပြီး မိတ်​​ဆွေရဲ့ ဖုန်းနံပါတ်​ကို ဆိုင်​သို့​ပေးထားပါ လိုအပ်​လျင်​ ဆက်​သွယ်​​မေးမြန်းနိုင်​ရန်​ဖြစ်​ပါတယ်​။ ​ရွေးချယ်​ထားတဲ့စား​သောက်​ဆိုင်​ ယာဉ်​ အသွားအလာ ဆူညံ​သော​နေရာမဖြစ်​သင့်​​ပေ။

အကယ်​ ၍ အ​ကြောင်းတစုံတရာ​ကြောင့်​ စား​သောက်​ပွဲကို ဖျက်​ခဲ့ရသည်​ရှိ​သော်​ ဖိတ်​ကြားထား​သော ဧည့်​သည်​များနှင့်​ စား​သောက်​ဆိုင်​ကို အချိန်​မီ အမြန်​ဆုံးအ​ကြောင်းကြားပါ။ စား​သောက်​ပွဲ မကျင်းပမီ ဧည့်​ခံ​ကျွေး​မွေးမည့်​သူဟာ အနဲဆုံး ၁နာရီခန့်​ ​စော​ရောက်​သင့်​ပါတယ်​။ဆိုင်​သို့​ရောက်​ရှိပြီ ဆိုသည့်​နှင့်​ စားပွဲ​နေရာထိုင်​ခင်း စုံလင်​မှုရှိမရှိနဲ့ ​နေရာဆိတ်​ငြိမ်​မှုရှိမရှိ ပန်းကန်​ခွက်​​ရောက်​ သန့်​ရှင်း မှုရှိမရှိတို့ကို စစ်​​ဆေး​ ရမှာဖြစ်​ပါတယ်​။ ဧည့်​ခံ​ကျွေး​မွေးသည့်​အချိန်​တွင်​ ဖိတ်​ကြားထားသည့်​ ဧည့်​သည်​များစုံလင်​မှုရှိမရှိနဲ့ ​နောက်​ကျ​နေသူများအား ဘယ်​​နေရာ​ရောက်​​နေပြီလဲ ဘာအခက်​အခဲရှိပါသလဲ ဟု တယ်​လီဖုန်းနှင့်​ ဆက်​သွယ်​​မေးမြန်းပါ။

@zinminhtet
HFS-5
image
Photo credit google

Sort:  

အရမ်းကောင်းပါတယ်။

ဟုတ်​ ​ကျေးဇူး

This post has received a 2.02 % upvote from @boomerang thanks to: @zinminhtet

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

Good post for knowledge.
@shwebote
HFS -10

Good post

အရေးအသားကောင်းပါတယ်ဗျ