သံယောဇဉ် ငွေကြေးဥစ္စာ ရာထူး ဂုဏ်သိက္ခာ စသဖြင့်ကိုယ်တန်ဖိုးထားတဲ့ အဆုံးရှုံးမခံနိုင်တဲ့အရာတွေအတွက် ဆုံးရှုံးမှာကြောက်တဲ့စိတ်နဲ့ဆုပ်ကိုင်ထားမိတာတွေဘယ်လောက်တောင်မှများပြားနေခဲ့ပြိလဲ။ လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်ကြတယ်ဆိုတဲ့အတိုင်းလိုချင်တာလေးရလာဖို့ ကိုယ်ဖြစ်ချင်တာလေးဖြစ်လာဖို့ကိုလည်းနည်းလမ်းမျိုးစုံနဲ့ကြိုးစားအားထုတ်ကြပါတယ်။ တနေ့တာရဲ့ ၂၄နာရီမှာမျှော်လင့်ချက်မရှိတဲ့အချိန်ဆိုတာမရှိသလောက်ကိုနဲပါးပါတယ်။ ညအိပ်ချိန်မှာတောင်အိပ်မက်ထဲထိဖြစ်ချင်တာလေးတွေထည့်မက်တတ်ကြပါသေးတယ်။
မျှော်လင့်သလိုလေးများဖြစ်မလာခဲ့ရင် ငါကံဆိုးလိုက်တာလို့လည်းတွေးမိတတ်ကြပါတယ်။
တကယ်တော့ ဖြတ်သန်းခဲ့တဲ့ဘ၀တလျှောက်ကိုပြန်ကြည့်ရင်ကျမတို့မျှော်လင့်သလို မျှော်လင့်တာထက်ပိုပြီး ရရှိခဲ့ဖူးတာတွေဘယ်လောက်များလဲပြန်တွေ့ရမှာပါ။ အဲဒီအချိန်တွေတုန်းက ငါကံကောင်းလိုက်တာလို့တွေးရမယ့်အစားနောက်ထပ်မျှော်လင့်ချက်တွေနောက်ကိုလိုက်ရင်းနဲ့ပဲဒါတွေကို ကျော်လွန်ဖြတ်သန်းခဲ့ကြတာလည်းအကြိမ်ကြိမ်ပါပဲ။ တကယ်တော့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတွေ ကံကောင်းခြင်းတွေကိုသေသေချာချာလေးအသိအမှတ်ပြုပေးဖို့လိုအပ်ပါတယ်။ ဘ၀မှာကောင်းတာတွေရလာတာကြာလာတော့ ရရှိထားတဲ့ကံကောင်းခြင်းနဲ့ပျော်ရွှင်ခြင်းတွေကိုကျမတို့တွေ မေ့နေတတ်ပါတယ်။
ကျမခုလိုအေးအေးဆေးဆေးလေးစာထိုင်ရေးခွင့်ရနေတာကလည်းကျမရဲ့ကံကောင်းခြင်းပါ။ စာရေးခြင်းကနေ တခြားသူတွေဆီကို ကိုယ်သိထားတဲ့အသိပညာတွေ ခံစားမိတဲ့အတွေးတွေ မျှဝေခွင့်ရတာကလည်းကျမရဲ့ကံကောင်းခြင်းပါ ။ မိဘတွေရဲ့ချစ်ခြင်းမေတ္တာကိုခံစားနေရတာလည်းကျမရဲ့ကံကောင်းခြင်းပါ။ အသေးအမွှားလေးဖြစ်စေ ကြီးကြီးမားမားဖြစ်စေ ဒါကို appreciate လုပ်ဖို့လိုပါတယ်။ တန်ဖိုးထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကံကောင်းခြင်းတွေ ပျော်ရွှင်ခြင်းတွေဆိုတာ အမြဲကူးစက်တတ်လို့ပါပဲ။ ကိုယ်ပျော်နေရင် ကိုယ့်ဘေးကလူပါပျော်ရွှင်လာစေပါတယ်။ စိတ်ချမ်းသာပြီးပျော်ရွှင်နေတဲ့အခါကံကောင်းခြင်းတွေလည်းမကြာခဏအလည်ရောက်လာတတ်ကြပါတယ်။
ဒီတော့ ဘ၀မှာဖြစ်ပျက်သမျှ တခြားသူတွေကိုလက်ညိုးထိုးဝေဖန်နေမယ့်အစားကိုယ့်ရဲ့ကံကောင်းခြင်းပျော်ရွှင်ခြင်းလေးတွေကိုအသိအမှတ်ပြုပြီး ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ကံကောင်းခြင်းနဲ့အပျော်တွေကူးစက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်ပါရစေရှင်။။
Steemit Myanmar အဖွဲ့သားများအားလုံးလည်း ကံကောင်းခြင်းပျော်ရွှင်ခြင်းတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။။
@zinzin
MSC-194
Good post ပါညီမလေး
ဟုတ်ကဲ့ အကို။ ကျေးဇူးတင်ပါရယ် :D
စစ်မက်ဘေကြာင့်ဒုက္ခရောက်နေသူတွေ၊ မိဘမကောင်းလို့ဘဝမျကာင်းသူတွေ၊ ကျောင်းမတက်ရသူတွေ ၊ထမင်းနပ်မှန်အောင်မစားနိုင်တွေ ထက်ကိုယ်ကအများကြီးကံကောင်းလှပါတကားလို့သိနားလည်ဖို့ထက် တိုက်ကြီးနဲ့မနေရလို့ ၊ ကားအကောင်စားကြီးမစီးရလို့ ကိုယ့်ကိုယ်ကိုယ် ကံဆိုးလှတယ်လို့ထင်နေကြသူတွေရှိကြတယ်၊ ဟုတ်တယ်
ဟုတ်ပါတယ် အူးမင်းရေ။ ကိုယ်ရရှိထားတဲ့ကံကောင်းခြင်းတွေ ပျော်ရွှင်ခြင်းတွေကို မေ့မနေဖို့သာအရေးကြီးဆုံးပါ :D
မဇင်ရေအရေးအသားတွေရောthinkingတွေရောအများကြီးတိုးတက်လာပြီ။
မအိမန့်လေးဖတ်ပီး အားရှိသွားပီ
ကောင်းပါတယ်ညီမလေးရေ
စိတ်ပျော်ရွှင်ဖို့ကအရေးကြီးဆုံးပဲနော်
ဟုတ်ပါတယ်။ တကယ်ဆိုလူသားအားလုံးသူ့နည်းသူ့ဟန်နဲ့ပျော်ရွှင်နေနိုင်ကြတာနော် မမို။
ဒီလိုမျိုးစိတ်ထားလေးရှိတာ အရမ်းကောင်းပါတယ်ဗျ . . . လူတိုင်းမှာလည်းရှိစေချင်ပါတယ်
ဟုတ် ကျေးဇူးတင်ပါတယ်ရှင့်။
တင်ပြတာအရမ်းကောင်းပါတယ်
ခုလိုလေး လာဖတ်ပြီးအားပေးတာ ကျေးဇူးတင်ပါတယ် ko kyaw hlaing ရေ
member အတူတူ ဖြစ်ခွင့်ရတာ ၀မ်းသာပါတယ်....SBD ဈေးတေ တက်ရင် သိပ်ကောင်းမယ် ဒါမှ SP များလာမှာ
တူတူပါပဲ ကိုရဲရေ။
စကားမစပ် ဆုတောင်းလည်းတူပါဒေလို့ :D
Good post.
thank you ma myo
ကောင်းတယ် အမ
ဟုတ် ကျေးဇူးပါ
မပျော်ရွှင်တတ်ခဲ့ပါဘူးး ပျော်ရွှင်တတ်ဖို့ကြိုးစာရဦစမယ် good postပါ ဗျာ
ခုလို စာလေးဖတ်ပြီး အတွေးအမြင်ချင်းဖလှယ်ရတာလဲ ပျော်ရွှင်စရာပါပဲလို့ :D
လူတိုင်း ဒလိုတွေးနိုင်ရင် ကောင်းမှာဘဲ
တွေးနိုင်ကြပါစေရှင့်
အရေးအသားမိုက်တယ် sis
thank you ပါ :D
ရေးထားတာကောင်းတယ်ဗျာ..စိတ်ကူးလေးကိုသဘောကျတယိ
အားပေးတာ ကျေးဇူးတင်ပါတယ် ကိုစောရေ
အရေးသားနှင့် အတွေးလေးတွေ အလွန်ကောင်း။
ကိုညီ လာဖတ်ပြီး အားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။
ပျော်ရွှင်ခြင်း ဆိုတဲ့ စိတ်ထားလေး အမြဲတမ်းထားနိုင်ရင် အကောင်းဆုံးပေါ့ဗျာ စိတ်မညစ်ရတော့ဘူး
ဟုတ်ပါတယ်ရှင်
ပျော်ပျော်ရွှင်နဲ့ နေရမှ ဘဝက နေပျော်တာပါ။
စိတ်ချမ်းသာဖို့ကြံဖန်ပြီးနေနိုင်ရင်အမြဲတမ်းပျော်နေရမှာပါ။
အမြဲနေပျော်ဖို့ ကိုယ်တိုင်ပဲကြိုးစားရတော့မှာ :D
ကောင်းတယ်ညီမ အားပေးပါတယ်
ကျေးဇူးတင်ပါရယ်