ကျွန်တော့်ရဲ့ အလောင်းကစားတစ်ခု၏ တစ်ဘဝ စာအမှားနဲ့နောင်တ
ကျွန်တော်ဟာ အလောင်းကစား အရမ်းဝါသနာပါသူ
တစ်ယောက်ပါဗျာ။ ကျွန်တော်ဟာ အလောင်းကစား
တွေထဲက ဖဲကစားခြင်းကို အရမ်းကို ခုံမင်ခဲ့တဲ့ သူပါဗျ
ဒါကြောင့်လည်း အခုကျွန်တော့်နောင်တကြီးစွာရနေပါပြီ
အကြောင်းက ကျွန်တော်အိမ်ထောင်မကျခင်က ဖဲကစားခြင်းကို ကျွန်တော်ဆော့ကစားတာဟာ ထမင်းမေ့
ဟင်းမေ့ပေါ့ဗျာ ကျွန်တော်က နှစ်လုံး သုံးလုံးကိုတော့
လုံးဝကိုဝါသနာ မပါလို့လုံးဝကို ထိုးလဲမထိုးဘူး
စိတ်လည်းမဝင်စားဘူး ဘောလုံးပွဲတော့ တစ်ခါတစ်လေ
လောင်းတယ်ဗျ။
တစ်နေ့ပေါ့ဗျာ ကျွန်တော်မနက်ထဲက အမေကပြောလို
" သား ဒီနေ ဖဲသွားမဆော့ပါနဲ့နော်သား မနေ့က
သားတို့ ဖဲဝိုင်းကို ရဲတွေလိုက်ဖမ်းလို့ ပြေးလာရတယ်မလား
ဒီနေသွားမဆော့နဲ့နော် သား အိမ်မှာပဲနေနော်"
အမေကတော့ ကျွန်တော့်ကို စိတ်ပူလို့ ပြောနေခြင်းဖြစ်သည်
" ဟုတ်ကဲ့ အမေ သားဒီနေ့ ဖဲဝိုင်းမသွားပါဘူး အမေ"
ကျွန်တော်လဲ အမေကို မသွားပါဘူးလို့  ဂတိပေးတော့
အမေလည်း ကျေနပ်သွာတယ်လေ ကျွန်တော့်အမေက
ကျွန်တော်ကို အရမ်းချစ်တာလေ အဖေကတော့မရဘူးဗျို
ဒီလို့ကျွန်တော်လည်း တစ်နေကုန် အိမ်ထဲမှာဘဲ အိပ်လိုက်
စားလိုက်နေနေတာ ညနေကြတော့ ကျွန်တော့သူငယ်ချင်းက ဖုန်းဆက်ပြီးခေါ်တော့တာဘဲဗျို့
" ဟက်လို "
"ဟေ့ရောင် အခြေအနေကတော့ တစ်နေလုံး ကောင်းတယ်ကွ ရဲတွေတစ်နေလုံး မတွေ့ဘူးကွ
ဒီမှာ ငါတို့တွေ လူစုနေကြပြီ မင်းလားမှာလာ"
ကျွန်တော်ကလဲ တစ်နေ့လုံး ဖဲကမဆော့ရတော့
တစ်မျိုးကြီး ဖြစ်နေတယ်လို့ ထင်နေတယ်ဗျ ဒါနဲ့ပဲ
" အေးငါလာခဲ့ မင်းတို့ အရင်နေရာပဲလား"
" မဟုက်ဘူးကွ ?????????? မင်းမြန်မြန်
လာခဲ့နော် ငါတို့တော့ ကစားနေကြပြီး"
ကျွန်တော်လဲ မြန်မြန်သွားမှပဲ ဆိုပြီး အမေ့ကိုပြောပြီး
အမြန်ဆုံး ရောက်ရှိသွားပါတယ်ဗျာ အမေ့ကတော့
"နင်တို့တွေက တစ်နေလောက်မဆော့ရရင် မနေနိုင်ကြ
ဘူးလား"
အမေ့က လှမ်းပြောနေတယ့် စကားတွေကိုလည်း
ကျွန်တော် မကြာချင်သလိုနဲ့ ထွက်ခဲ့ပါတယ်ဗျာ။
ကျွန်တော်လဲ ဖဲဝိုင်းရောက်ရောက်ခြင်း တစ်ပွဲတောင်
ုပြီးအောင်မဆော့လိုက်ရဘူးဗျာ ကျွန်တော့်ရဲ့ ကံမကောင်း
ခြင်းက စတော့တာပါဘဲ ။
"ဟေ့ကောင်တွေ တစ်ယောက်မှ မပြေးနဲ့"
ကျွန်တော်တို့ အားလုံးလုံးဝမတင်ထားတဲ့ နေရာမှာ
ဖဲကစားနေကြတာကို ဘယ်သူတွေက တိုင်လိုက်လဲ
မသိပါဘူးဗျာ ကျွန်တော်တို့ တစ်ဝိုင်းလုံး အဖမ်းခံလိုက်ရတယ်ဗျာ။ ကျွန်တော်ကတော့
အမေရေ သားမှားပါပြီ အမေရေ လို့ စိတ်ထဲမှာ
ရေရွှတ်နေမိတယ်ဗျာ ကျွန်တော်သာအမေ့စကားကို
နားထောင်ပြီး ဒီနေ့ဖဲဝိုင်းကို မလာဖြစ်ခဲ့ရင် အခုလို
အဖမ်းခံရမှာ မဟုတ်ဘူး အမေရေ ။
ဒီလို့နဲ့ ကျွန်တော်တို့ အားလုံးဟာ (?/??)ရဲစခန်းကို
ရောက်ခဲ့ရတယ်ပေါ့ဗျာ ကျွန်တော့အတွက်ပထမဆုံးသော
အဖမ်းခံရပြီး အချုပ်ထဲ ရောက်ခဲ့ရတယ့်နေ့လေး တစ်နေပေါ့ဗျာ။ စခန်းက ကျွန်တော်တို့ကိုမေးမြန်းပြီး
သက်ဆိုင်သူတွေကိုအသီးသီး ခေါ်လိုက်လို့ ကျွန်တော့်
အမေ မျက်ရည်လေးတစ်စမ်းစမ်းနဲ့ ရောက်လာခဲ့ပါတယ်။
" အမလေ သားလေးရယ် အမေ တားနေတဲ့ ကြားထဲက
အမေ့စကားကို သားနားမထောင်လို့ အခုတော့ အဖမ်းခံရပြီ
မဟုတ်လား"
ကျွန်တော်လည်း အခုမှတော်တော်ကို ကြောက်နေပြီလေ
" ဟုတ်ကဲ့ပါ အမေ သားမှားပါတယ် နောင်သားဖဲကို
လုံးဝမဆော့တော့ပါဘူးနော် အမေ သာကိုကယ်ပါဗျာ"
ကျွန်တော်လည်း အမေကိုတောင်ပန်ပြီး ကယ်ခိုင်းနေမိတာပေါ့ဗျာ ။ ဒီလိုနဲ့ အမေရယ်သက်ဆိုင်သူ
အသီးသီးတို့နဲ့ တာဝန်ကြရဲတွေတိုင်ပင်နေကြပြီး
ကျွန်တော်တို့အားလုံးကံကောင်းစွာနဲ့ အာမခံကြေးပေးပြီး
(??????)ရဲစခန်းကနေ အာမခံနဲ့ လွှတ်ခဲ့ကြပါတယ်ဗျာ။
ကျွန်တော်နဲ့ တူတူအဖမ်းခံရတယ့် လူတွေတော့ဘယ်လောက်ပျော်လဲမသိဘူး ကျွန်တော်ကတော့ ကြောက်လဲကြောက်နောင်တလဲရ
အမေ့ကိုလဲ ဘယ်လို့ကျေးဇူးတင်ရမှန်းမသိ ကျွန်တော်
အပျော်တွေလွင်ပြီး မျက်ရည်များပင် ကြနေခဲ့ပြီး
အမေ့ကို ပြေးဖက်ပြီး။
" အမေ့ သာအမေ့ကို ဂတိပေးပါတယ်ဗျာ သားဘယ်တော့
မှ ဖဲမကစားတော့ပါဘူး အမေရယ်"
ကျွန်တော်အမေကို ဂတိပေးပြီး ကျွန်တော်လည်း
အလောင်းကစားမှန်သမျှ ဘာဆိုဘားမှ မလုပ်ခဲ့တာဟာ
အခုစာကိုရေးနေသည့် အချိန်ထိပါဗျာ။
ဒီလိုနဲ့ နောက် ၈လလောက်ကြာတော့ ကျွန်တော်အရမ်ချစ်
ရတယ့် ကျွန်တော်ချစ်သူနဲ့ ကျွန်တော် အိမ်ထောင်ကြတယ်
ဘဝကို ရိုးရိုးသားသား ပျော်ပျော်ရွင်ရွင် ဖြတ်သန်းလာခဲတာ
ပေါ့ဗျာ နောက်ပြီးမိန်းမဘက်က အဖေက ရွှေရင်ကျော်ဆရာ
တစ်ယောက်ဖြစ်လို့ ကျွန်တော်လည်း ရွှေရင်ကျော်ပညာကို
၉ဆင့်လုံး လက်ခံရရှိပြီး ရွှေရင်ကျော်ပညာကို ထိန်းသိမ်း
လာတာကလဲ ယနေ အချိန်ထိပါဗျာ။ နောက်များမှ ကျွန်တော့်ရဲ့ ရွေရင်ကျော်ပညာအကြောင်းလေးတွေကိုလဲ
ရေးသားပြမှာပါ
ဒီလိုအေးအေးဆေးဆေးနေနေ့တဲ့ ကျွန်တော့ဘဝရဲ့
အရိပ်မဲကြီးလို့ ပြောလို့ရမယ့် ကျွန်တော်ရဲ့ နောင်တရစရာ
အကြောင်းက ဖန်လာပါတော့တယ်ခဗျာ အကြောင်းက
Photo facebook
နောက်နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်ခဗျာ
အခုလို ဖတ်ရှုပေးတဲ့ သူငယ်ချင်းများအားလုံးကို
ကျေးဇူးတင်ပါတယ်ဗျာ zawzawhtwe
@zzawzawhtwe
MSC_161
ရွှေရင်ကျော်ဆိုရင် အမဲသားရှောင်ရမယ်
ဟုတ် ပါပါတယ် အမဲသားရှောင်ရမယ်ဆိုတာ
ဟိုတနေ့က လောင်းကစားမှုဖြင့် တရားရင်ဆိုင်နေရတယ်ဟု
Messenger မှာ သိရ၊
ခုရေးတဲ့စာထဲမှာ လောင်းကစားမှုကြောင့် ရဲဖမ်းခံရပြီး
ခု စာရေးချိန်ထိ လောင်းကစားမလုပ်တော့ဟု ပါ
ရဲဖမ်းခံရပြီးနောက် ၈ လလောက်အကြာမှ မိန်းမရ
ဆိုတော့ကာ ...
ဟုတ်ပါတယ်အကို ကျွန်တော်နောက်နေမှ ဆက်လက်ပြီး
ရေးသားပြမှာပါ
ဟုတ်တယ် အဲအချက်မရှင်းဘူး
အလောင်းကစားမှန်ရင် ဘာမှမလုပ်တာ အကောင်းဆုံးပါ
ဟုတ်ပါတယ်
ရွှေရင်ကျော်ဆိုရင် အရက် အမဲသား ရှောင်ပြီး အထူးသဖြင့် ငါပါသီလ အနည်းဆုံးလုံရပါ့မယ် ။ ရွှေရင်ကျော် ဂိုဏ်းကို
ဝါသနာလည်း ပါတယ်ဗျား
သစ္စာ သုံးပါးကို အမြဲတမ်း ဆောက်ထိန်းနေရပါတယ်
တခါတလေတော့ ဖဲရိုက်တဲ့ဝါသနာတောရှိတယ်ဗျာ
အတတ်နိုင်ဆုံး မဆော့ဖြစ်အောင် လုပ်ပါ
လောင်းကစားကမကောင်းဘူး
ကိုယ့်တွေ ကြုံရလို ယုံကြည်မှုအပြည့်ပါ အကို
လောင်းကစာြးုပု ရင် စည်းစိမ်ဘယ်လောက်ရှိရှိ မခံပါဘူး
ဟုတ်ပါတယ်
စောစော နောင်တရတော့လဲ မြန်မြန်ပြင်လို့ရတာပေါ့ဗျာ
အခုကျွန်တော် တော်တော် နောင်တရနေပါပြီးဗျာ
အခုကောင်းကောင်းမွန်မွန်နေတဲ့ အချိန်ကြမှ
အမှုက ပြန်ပေါ်လာရတယ်လို့ဗျာ
ကျွန်တော်လဲအရင်က Max+ မှာ D2 item တွေလောင်းတယ်။အခုတော့မလုပ်တော့ပါ
ကောင်တယ်အကို
မှားမှန်းသိရင် အမှန်ပြင်လိုက်ပါဗျာ
ကျွန်တော်ပြင်လိုက်သာ ကြာပါပြီဗျာ
အခုတော့ လိမ္မာနေပြီပေါ့
တော်တော်လိမ္မာနေပြီဗျ
မှားမှန်သိနေတာကို ပြုပြင်လိုက်ရင် နောင်တရဲ့နောက်မှာ
လူတော်တစ်ယောက်ဖြစ်လာတတ်ပါတယ်အစ်ကိုရေ
ဟုတ်ကဲ့ပါ
အမှားကိုအမှားမှန်းသိရင်လူတော်
အမှန်ကိုပြင်နိုင်ရင်လူကောင်းပါ
အမှားကိုမြင်ပြီး
အမှန်တကယ် ပြင်နေပါတယ့်ဗျ
ကိုဇော်ထွေးရေ အမှားကတော့ နေရာတကာရှိပါတယ် ထပ်မမှားဖို့ လိုအပ်ပါတယ်
ဆက်ဖတ်ပါ့မယ်ဗျာ
ကျန်တော်ရွေရင်ကျော်ဆိုတာ ကြားဖူးတာကြာပြီ ဘာမှန်းတော့မသိဖူးဖြစ်နေတာ ရေးပါဦးဘဒို
ဟုတ်ကဲ့ပါ ကျွန်တော် ရေးသားပြမှာပါ
Good ဗျား