Mytelတို့အရှိန်အဝါကြီးချက်က
အောင်ဘာလေထီကတောင်
ဂဏန်းတူထွက်ပေးပြီးပရိုမိုးရှင်းဆင်းပေးရတယ်
ဒါတင် ဘယ်ကသေးမလဲ
Mytelလိုင်းအင်မတန်ကောင်းကြောင်းပြဖို့
ကျန်တဲ့လိုင်းတွေတောင် ဒီရက်တွေအတွင်း
ဆက်တိုက်connection downပေးနေရတယ်
တမင်လုပ်တာလို့မပြောပါဘူး
တိုက်ဆိုင်တာ တိုက်ဆိုင်တာပဲပေါ့
ဒီတိုင်းပြည်မှာကလည်း
Aliceရဲ့ wonder landလိုပဲ ထူးဆန်းတာတွေက
တယ်များသကိုး
ချမ်းသာသင့်တဲ့ ပြည်သူတွေက မွဲနေပြီး
မချမ်းသာသင့်တဲ့ စစ်ဗိုလ်ချုပ်တွေက
ထူးထူးဆန်းဆန်းဘီလျံနာဖြစ်နေကြတာသာပဲကြည့်တော့
ဒီပုံအတိုင်းဆို အူရီဒူးနဲ့ တယ်လီနောလို့
အရင်းကြေမယ့်ရက်ပဲ လက်ချိုးစောင့်နေကြတော့မယ်ထင်တယ်
မြန်မြန်ကြေရင် မြန်မြန်လစ်ဖို့
ဒီကြီးနိုင်ငယ်ညှင်းဖုန်းဆိုးတောထဲ
နောက်ထပ်ဘယ်တော့မှ Investmentထပ်မလုပ်ဖို့
ဒီနမူနာကြည့်ပြီး
ဒီတိုင်းပြည်ကို နောက်ထပ်ဘယ်နိုင်ငံမှ
စီးပွားရေးအရ ရင်းနှီးမြှုပ်နှံကြတော့မှာမဟုတ်ဘူး
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမဝင်လေ
တိုင်းပြည်ဆင်းရဲတွင်းထဲက ကုန်းရုန်းထဖို့ခက်လေ
တိုင်းပြည်ဆင်းရဲတွင်းထဲက ကုန်းရုန်းထဖို့ခက်လေ
ဘဘဗိုလ်ချုပ်တွေ ပျော်လေပေါ့
အန်ကယ်ကတော့လား
နတ်ပြည်၆ထပ်စလုံးက နတ်သမီးတွေ
တစ်ဘုတ်ဘုတ် ပြုတ်ကျလာတဲ့အထိ
လှမ်းdownloadဆွဲနိုင်တဲ့
ကွန်နက်ရှင်အင်အားမျိုးနဲ့ဆိုရင်တောင်
mytelကိုတော့ နိုး ပါပဲကွယ်
စစ်အုပ်စုဓားပြဂိုဏ်းကို ဘယ်တစ်ထောင့် ဘယ်တစ်နေရာမှ
အားမပေးခြင်းနဲ့ ကိုယ့်ကိုကိုယ်ပဲ ဂုဏ်ယူလိုက်မယ်
"ဘေဘီပုကိုမေးပေးပါ"
"သေနတ်အားကိုးလူပါးဝနေရတာ ပျော်ရဲ့လားလို့"