လေယာဉ်ပေါ်မှာ မွေးကင်းစကလေးအသေကို စွန့်ပစ်ခဲ့တဲ့မိန်းကလေး

in #news7 years ago

အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မွေးကင်းစကလေး သတ်ဖြတ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အိန္ဒိယအာဏာပိုင်တွေက AFP သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။သူမဟာ သူမရဲ့မွေးကင်းစ ကလေးငယ်အသေလေးကို အိန္ဒိယလေကြောင်းလိုင်းတစ်ခုရဲ့ ခရီးသည်တက်တဲ့ ရေအိမ်အိုးထဲမှာ စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံ နယူဒေလီမြို့တော်ကို ဆိုက်ရောက်ခဲ့တဲ့ Air Asia လေကြောင်းလိုင်းမှာ လေယာဉ်မဆိုက်မီ လေယာဉ်အမှုထမ်းလေးတွေက အခုလို သေဆုံးနေခဲ့တဲ့ သန္ဓေသားရဲ့အလောင်းကို တွေ့ရှိခဲ့ကြတာပါ။

ဒေလီအပြည်ပြည်ဆိုင်ရာလေဆိပ်က ဆေးဝါးအဖွဲ့မှ ဒေါက်တာတစ်ဦးက ဒီသန္ဓေသားလေးဟာ ခရီးသွားရင်းနဲ့ မွေးဖွားရာက သေဆုံးခဲ့တာဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ လေယာဉ်ပေါ်လိုက်ပါစီးနင်းခဲ့ကြတဲ့ အမျိုးသမီးအားလုံးကို Air Asia မှ စစ်ဆေးမေးမြန်းပြီး သံသယရှိသူကို ရှာဖွေဖော်ထုတ်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အာဏာပိုင်တွေကတော့ ဒီထက်ပိုပြီး အကြောင်းစုံကိုသိရဖို့ အဆိုပါမိန်းကလေးရဲ့ မိဘတွေကို ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်းပဲ မိန်းကလေးဟာ ဒဏ်ငွေအပြင် ထောင်ဒဏ် ၂နှစ်အထိပါ ကျခံသွားရမှာဖြစ်ပါတယ်။
image #photo credit from google