Testing PAL

in #palnet6 years ago

စာတွေလည်းမရေးဖြစ်တာ ကြာပါပြီ။Steemitနဲ့ နည်းနည်းဝေးနေသလိုတောင် ဖြစ်နေပါပြီ။postတွေတောင် ဝင်မဖတ်ဖြစ်တော့ဘူး။အခုလည်း အားတုန်းလေး စာလေးရေးချင်ပေမယ့် အဓိကရေးချင်တာကို စဉ်းစားလို့မရတော့ PALအကြောင်းလေးပဲ ရေးလိုက်ပါတော့တယ်။

PALကိုစသိတာနည်းနည်းတော့ကြာပါပြီ။သိတာကြာပြီဆိုပြီး အထင်တော့မကြီးလိုက်ပါနဲ့။သူများတွေPAL နဲ့ပတ်သက်ပြီး postလေးတွေ တင်တင်နေတာ တွေ့တာကိုပြောတာပါ။သေချာအကြောင်းအရာစုံကတော့ မသိသေးပါဘူး။PALမှာ စာတွေရေးတင်ရင် coinတွေ ရတယ်ဆိုတာလောက်တော့ လူပြိန်းမှတ်နည်းအတိုင်း မှတ်ထားမိပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်လောက်ကမှ PAL accountဖွင့်ပြီး နည်းနည်းလောက်ဝင်ကြည့်လိုက်တော့ မဆိုးဘူးလို့ပြောရမယ်။ကိုယ်ကအမြဲတမ်း သူများထက်နောက်ကျတဲ့သူဆိုတော့ accountတွေ စစဖွင့်ချင်း သူများတွေcoin100ကျော်တွေ ရခဲ့ကြတယ်။ကိုယ်ကတော့ အသိနောက်ကျခဲ့တဲ့အတွက် ၁၀၀တောင် မကျော်ခဲ့ပါဘူး။

coinတန်ဖိုးတွေက နည်းပါးနေပေမယ့် ယခုလက်ရှိမှာတော့ ယုံကြည်လို့ရနေတဲ့ အဆင့်မှာရှိနေပါတယ်။တန်ဖိုးနည်းသည်ဖြစ်စေ များသည်ဖြစ်စေ တဖြည်းဖြည်းစုဆောင်းရင်တော့ မိုးရေတွေတောင် ကန်ချောင်းဖြစ်ခဲ့ရသေးတာပဲလေ။ဆိုတော့ကား အခုလိုအချိန်မှာတည်းက နည်းနည်းနဲ့မှန်မှန်စုသွားမယ်ဆို ဈေးတက်လာချိန်ဆို စင်ပေါ်ကလူဖြစ်လာမှာပါ။ဘာပဲဖြစ်ဖြစ် ဘယ်အလုပ်ကိုမဆို positive thinkingလေးတွေးပြီး လုပ်ကိုင်မယ်ဆို အနည်းဆုံးတော့ စိတ်ချမ်းသာရမှာပါ။ဈေးလေးတွေတက်လာဖို့ကတော့ ကံကိုပဲယိုးမယ်ဖွဲ့ကြတာပေါ့။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.

MSU NO-003
received_236425950252219.jpeg


written by :@hnineikhaing #myanmar #msu

Sort:  

steemit ကလူတွေ အကုန်လုံး ပေါ ( pal) ကြသည်

PALလေးတွေ ဈေးတက်ရင်ကျေနပ်ပါတယ်

Posted using Partiko Android

တက်စမ်း pal