ကိုယ်စောင့်နတ်

in #photolast year (edited)


ကိုယ်စောင့်နတ် တစ်ကျိပ် တစ်ပါး ။ ။ မိမိတို့ကိုယ်ကိုစောင့်သော နတ် ၁၁-ပါး။ သမန္တစက္ခုဒီပနီ ဋ - အမှတ် ဝိသဇ္ဇနာ ၂-မှ ယူသည်။
(၁) သတ္တဘာဂ နတ်- နဖူးစာကို ရေးမှတ်တတ်သည်၊
(၂) သူရဿတီ နတ်- ပညာကို ပွားစေတတ်သည်၊
(၃) သကျ နတ်- စည်းစိမ်ဥစ္စာကို ပေးစေတတ်သည်၊
(၄) မဟိရာဇာ နတ်- အိပ်မက်ကို ပေးစေတတ်သည်၊
(၅) ဝါမသူရ နတ်- နိမိတ်ကို ပြတတ်သည်၊
(၆) ဇန သူရ နတ်- အလှူပေးသည်ကို မှတ်တတ်သည်၊
(၇) ကရဝါ နတ်- ကာမသုခကို ပေးစေတတ်သည်၊
(၈) ယောတိက နတ်- သွားလေရာ လိုက်၍ စောင်မတတ်သည်၊
(၉) ကလျာဏမိတ္တ နတ်- ကောင်းသောစကားကို မှတ်သားတတ်သည်၊
(၁၀) စန္ဒာဒေဝီ နတ်- ကျက်သရေကို စောင့်တတ်သည်၊
(၁၁) နရိန္ဒာဒေဝီ နတ်- အိပ်သောအခါ ဦးခေါင်းရင်းက စောင့်ရှောက်တတ်သည်။