Just once !!!!

in #photography7 years ago

ဘဝမှာ တစ်​ခါ​လောက်​ရူးမိုက်​ပစ်​ချင်​တယ်

ဘေးစကား​တွေ​ကို ဥပက္ခာပြု သူ့ရင်​ခွင်​ထဲတိုးဝင်​ပစ်​ချင်​တယ်​ .. သူ့ရဲ့လက်​ကိုဆွဲပြီး အ​ဝေးဆုံးကိုထွက်​သွားချင်တယ်​ .. သူနဲ့​တွေ့တဲ့အချိန်​ကို ခဏ​လောက်​ပဲဖြစ်​ဖြစ်​ ရပ်​တန့်​ပစ်​ချင်​တယ်​ ။

အချစ်​တစ်​ခုအတွက်​နဲ့ ဟိုးမိုက်​တွင်းနက်​နက်​ထဲကို ​ကျေ​ကျေနပ်​နပ်​ကြီးခုန်​ဆင်းပစ်​ချင်​တယ်​ .. တ​လောကလုံးမုန်းကြပါ​စေ သူ့ကို​ဘေးနားထားပြီး ရင်​ဆိုင်​ပစ်​ချင်​တယ်​ .. သတိရတဲ့စိတ်​ကို မထိန်းချုပ်​ချင်​​တော့ဘူး .. သူအနားမှာ အရှက်​နည်းစွာ တွယ်​ကပ်​ချင်​မိတယ်​ ။

ထွက်​မသွားပါနဲ့လို့ ​ခြေသလုံးကိုဖက်​​တောင်းပန်​ချင်​တယ်​ .. ရှိသမျှ မိန်းမမာယာသုံးပြီး ဖြား​ယောင်းချင်​​သေးတယ်​ .. မျက်​ရည်​ချူတယ်​ပဲ​ပြော​ပြော သူသနား​အောင်​ ငိုပြချင်​​သေးတယ်​ ။

တ​လောကလုံးက ဗီလိန်​မလို့ပဲမြင်​ပါ​စေ .. အချစ်​အတွက်​ မျက်​စိမှိတ်​ မိုက်​ရူးရဲဆန်​ချင်​​သေးတယ်​ .. အတ္တကြီးကြီး ဖက်​တွယ်​ထားချင်​​သေးတယ်​ .. ထားခဲ့ရင်​သတ်​​သေမှာဆိုပြီး ခြိမ်း​ခြောက်​အတင်းအကျပ်​လုပ်​ယူပစ်​ချင်​တယ်​ ။

ဒါ​ပေမဲ့ လက်​​တွေ့ဘဝမှာ အသံတိတ်​ငို​ကြွေး​နေရုံမှတပါး ... ။

#(THK)

https://s3.us-east-2.amazonaws.com/partiko.io/img/rosey12-just-once-1529593980262.png

Posted using Partiko Android

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 2/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-06-21T15:13:03
Account Level: 0
Total XP: 32.50/100.00
Total Photos: 5
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank