အ က် ဆီး ဒ င့် 
မပြေလည်မှုဆိုတာ မမျှော်လင့်တဲ့ မိုး
သူခိုးမပြေးခင်ကထဲက ထိုးကွင်းပြနေရတယ်
ကားမစီးနိုင်ပေမယ့် ကားတိုက်ခံရမှာ
ငါတို့ကို ခေတ်ကြီးက ပြောင်းပြန်
ဧ ရာ ဝ တီ မြ စ် ကြီးေ လ
အရှေ့လေဟာ တ ဟူး ဟူး
အနောက် တံခါး ဟာ မြူးတူးလို့
ဟွန်းမြည်သံတွေ အင်ဂျင်စက်နှိုးသံတွေ
နားထဲ ညံနေပြီ
အိမ်ရှေ့ကလမ်းကို အမြန်ဆုံး ပိတ်ပစ်လိုက်ပါ
ငါတို့ကားလည်း ဆက်မောင်းလို့ မရဘူး
ငယ်ချစ်ဦးနဲ့ လွဲပြန်ပြီ
အောင်ဘာလေထီကို ဆက်ပြီးထိုးကြပါစို့
ထီလက်မှတ်ကလေး မပျောက်ဖို့ လိုပါတယ် ။
ကို ကျူး