ဘာ ညာ သာ ရ ကာ သ ဝ ဏ် လွှာ
တိမ်တွေကြည့်ရတာ ပြာနေတာပဲ
ငါတို့လည်း ပြာနေတာပဲ ။
တိမ်တွေ ပြာနေတာ လှတယ်
ငါတို့ ပျာယာခတ်နေတာ
ငါတို့ တဖျတ်ဖျတ်လူးလွန့် နေတာ ။
ပြဿဒါးပဲ
ပြဿနာ ပါပဲ
ဘာညာသာရကာ နေကြာကွာစိပေါ့ လေ ။
နေကြာပန်းခင်းကြီးကို နောက်ခံထားပြီး
လူမှုဒုက္ခတရားကို နောက်ခံထားပြီး ။
တီးလုံးဟာ ဆွေးမြေ့ဘွယ်ရာ
နာကျင်နေသမျှ ဝေဒနာတွေနဲ့
မင်းတို့ ငါတို့ ကောင်းကင်ဟာ မပြာတော့ပါဘူး ။
ညီ ေ လ း သ ာ း ဦ း
မင့် အကို ကိုကျူးရဲ့ သဝဏ်လွှာ ။ ။
ကို ကျူး
Posted using Partiko Android