သူမချစ် တော့ဘူးဆိုတာ
ကိုယ်လဲသိနေပြီပဲ
ဖုန်းတွေထပ်ဆက်နေတော့မလား?
သူမချစ်တော့တာသိနေပြီပဲ
ကိုယ်ထပ်ပြီးစာတွေပို့နေအုန်းမလား?
သူမချစ်တော့တာသိနေပီပဲ
သူ့အတွက် ခံစားနေအုန်းမလား?
သူမချစ်တော့သိနေပြီပဲ
သူ့ဘာကြောင့်လမ်းခွဲသွားတာ
ဆိုပြီး ကြိတ်ခံစားနေအုန်းမလား?
သူဘာလို့ထားသွားလဲဆိုတာ
နေ့နေ့ညည အဖြေရှာပြီး အအိပ်အစား
ပျက်ခံပြီး ငိုယိုမနေပါနဲ့။
လူဆိုတာပြောင်းလဲလွယ်တယ်
ရိုးသွားပြီဆိုရင်မချစ်တော့ပဲ
ပြစ်သွားမှာပါ။
အရင်လူ ကကိုယ့်ကိုပေးခဲ့တဲ့
အမာရွတ်လေးကြောင့်သာ
အချစ်ကိုပိုမြတ်နိုးတန်ဘိုးထား
တတ်လာမှာ။
သူ့ကြောင့်နောက်လူကို ပိုတန်ဘိုး
ထားချစ်တတ်လာမှာ။
နေ့နေ့ညည သူ့ကြောင့်ခံစားနေရတာတွေရပ်ပီး
ကိုယ့်ကိုနောက်ထပ်တကယ်ချစ်မဲ့သူ
မပေါ်လာမချင်းကိုယ့်ကိုကိုယ်သာ
ဝဝလင်လင် ချစ်နေလိုက်ခြင်းဟာ
အငြိမ်းချမ်းဆုံးဖြစ်မှာပါ။ 💕❄