လောကဓံ ရဲ့
မုန်တိုင်း တွေကြားထဲ
စက္ကူ ထီးလေး တစ်လက်နဲ့
ဖြတ်ကျော်နေခဲ့ရတယ်။
လေအပင့်မှာ လွင့်စင် မသွားအောင်လို့
မာနရိုးတံလေး ခပ်တင်းတင်း
ဆုပ်ကိုင် ထားတယ်။
တစ်ခါတလေ ယိုင်ထိုးသွားတဲ့ခဏဆိုတာရှိပေမယ့်
လက်ကျန်အင်အားလေးနဲ့ ပြန်မတ်
ညှင်သာရာ အရပ်ကို ဦးတည်ခဲ့တယ်။
ယုံကြည်နေပါတယ်
မုန်တိုင်း တွေ ဆဲတဲ့တစ်နေ့
လေပြည်တွေ တစ်ကွေ့
ပြန်လာတဲ့အခါ
နေသာတဲ့ တစ်နေ့ဆိုတာ ရှိမှာပါလို့။