မမေ့ရက်နိုင် လဇူလိုင်
💔💔💔💔💔💔💔( ဘောလယ် )
ဥတုပြောင်းချီ ၊
ရာသီ ရွေ့ပါလို့ ၊
အာဇာနည်နေ့ရယ်က ၊
မမေ့လျက်ပါ ။
လွမ်းငွေ့ ကျွမ်းမြေ့ ရင်လွှာ ၊
မဖြေသာ ဆွေးတယ်လေး ၊
ငေးမှိုင် ရတက်ဖြာ ။
ညှာတာ ကင်းစွာနဲ့၊
ခွင်းပစ်ရှာ ၊
ကိုးဇာနည် မှာပေါ့ ၊
ကြွေကျကာသွား ၊
ပြည်သူများရယ်က ၊
သနားလို့မှိုင် ၊
ပြိုသွေး ငိုကြွေး ဇူလိုင် ၊
တငိုင်ငိုင် ကြွမ်းတယ်လေး ၊
လွမ်း ရတက်ယိုင် ။
ဇူလိုင် ဆယ့်ကိုးရယ်တဲ့ ၊
မိုးစက်ပြိုင် ၊
်စိုမျက်ရည် ဖြိုင်ဖြိုင်စီး ၊
ဝေဒနာလှိုင်ညည်း ၊
နေ့စနေ မီးလိုဖြင့် ၊
ကြီးစွာဖြစ်တည် ။
ပြောပြ နှမျောလှ ဇာနည် ၊
ဆယ်နာရီ ခွဲကျော်လေး ၊
ကွဲကွာ ခဲ့ပြီ ။
သည်းအူစိုင် ပျက်ပါပေါ့ ၊
ရက်စက်သည် ၊
ဘာမထီ ဇာနည်ပါလို့ ၊
ဥဒါန်းမြည်ကျူး ၊
ပြည်သူ့ ရင်ဦးမှာပေါ့ ၊
စူးထင်ခဲ့ပေ ။
အခေါင်နန်း အောင်ဆန်းနဲ့ ဇာနည်တွေ ၊
သံသရာမြေ ဆုံးတိုင်လေး ၊
ပြုံးလှိုင်လျက်နေ ။
ဇာနည် ရည်မှန်းပါလို့ ၊
လှူဒါန်းအမျှဝေ ၊
သာဓုသံညံစေလို့ ၊
တောင်းဆုခြွေတေး ၊
ဖြစ်ဘဝ အေးပါလို့ ၊
မျှပေး ပြည်သူ ။
ွှမှိုင်လျက် တိုင်ဝက် အလံထူ ၊
ဦးညွတ်ယူ လျက်ပါလေး ၊
မျက်ရည်စက် ကူ ။
သဖြန်.....
မြတ်ကောင်းမှု ပေးသံတွေ
ကိုးဦးကြွေ ဇာနည်ကြား ။
ဖြစ်လေရာ ဘဝလေး မှာ
အေးချမ်းစေသား ။
You got a 9.73% upvote from @minnowvotes courtesy of @luckylay!
Congratulations @tharlay! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes