Cryptocurrencies များကို တိုးပွားအောင် လောဘဖြင့် trading လုပ်ခြင်း ယုံကြည်ရသလား မယုံကြည်ရလား မိမိ သေချာမသိသော
Yield farming ဆိုလား defi ဆိုလား စသော project များဖြင့် ငွေရှာရခြင်းသည် ပင်ပန်းလှသည်။ လောဘဖြင့် လုပ်ဆောင်သော
အရာမှန်သမျှသည် စိတ်ကို ပင်ပန်းစေပါသည်။ မိမိ ပိုက်ဆံများ ဆုံးရှုံးရမည်ကို စိုးရိမ်ရသည် မဟုတ်ပါလော။ ဒါပေမယ့် လူတိုင်းက
လောဘနှင့် မကင်းနိုင်ဆိုသလို ၎င်း yield farming များ defi များတွင် မိမိ ဆုံးရှုံးခံနိုင်လောက်သော crypto ပမာဏကို ထည့်ထားသည်။
ဆုံးရှုံးခံနိုင်လောက်သော ဟူ၍သာ ပြောရသည်။ ဆုံးရှုံးတော့ မခံနိုင်ပါ။ အတိုးအမြတ် လိုချင်၍သာ ဖြစ်သည်။ မိမိ ငွေထည့်ထားသော
Defi yield farming များကို ပြောရမယ်ဆိုလျှင် binance smart chain တွင် pancakeswap, jetfuel, bakeryswap,
narwhalswap စသည်တို့တွင် ဒေါ်လာ ၂ ဆယ် ၃ ဆယ် ထက် မပိုသော ပမာဏကို ရင်းနှီးထားခြင်း ဖြစ်သည်။ ဘာတွေမှန်းတော့
သိပ်နားမလည်ပါ။ ဆုံးရှုံးနိုင်ခြေ ရှိသည်ဟု youtube ထဲက video များတွင် ပြောသူများရှိသည်။ အတိုးအမြတ်တွေ ရနေသူများလည်း
ရှိသည်။ မိမိလည်း အပါအဝင် ဖြစ်သည်။ ဘာမှ လုပ်စရာ မလိုပေ။ liquidity mining pair ဝယ်ထားပြီး သူတို့ dex auto exchange ထဲ
ထည့်ထားပေးရုံပင်။ သိပ်တော့ နားမလည်ပါ။ လူတွေက အဲဒီ token pair ကို exchange လုပ်ရင် ကိုယ်က ထည့်ထားသော ငွေ၏
percentage ဖြင့် သူတို့က ထုတ်သော token ကို ရသည်။ pancakeswap ဆိုရင် cake token ပေးသည်။ jetfuel ဆိုရင် fuel token
ပေးသည်။ bakeryswap ဆိုရင် bake token ပေးသည်။ narwhalswap က nar token ပေးသည်။ cake က လက်ရှိ 0.70 USD,
fuel က 37 USD, bake က 0.50 USD, nar က 0.02 USD လောက် စျေးပေါက်သည်။ အာလုံး binance smart chain ပေါ်က
token တွေချည်း ဖြစ်သည်။ ethereum chain ပေါ်မှာလည်း ထိုသို့သော project များ ရှိသည်။ သို့သော် မိမိ မသုံးနိုင်ပေ။ ethereum
chain ပေါ်တွင် transaction တစ်ခု လုပ်မည်ဆိုရင် ယခုလို smart contract transaction ဆိုပါက 5 USD, 6 USD လောက်
အနည်းဆုံး ပေးရသည်။ တစ်ခါတစ်ရံ transaction တွေ များပြီး လိုင်းကျပ်နေပါက 18 USD, 19 USD နီးနီး ပေးရတတ်သည်။
Defi က ပေးသော အမြတ်ငွေ မိမိ ရင်းနှီးမည့် ငွေပမာဏဖြင့် နှိုင်းရင် မတတ်နိုင်ပေ။ ဒါကြောင့် bsc chain သို့ ပြောင်းရခြင်း ဖြစ်သည်။
ပြောရင်းပြောရင်းဖြင့် လောဘတွေ တက်လာပြန်ပြီ ထင်သည်။ hive username က buddha.myanmar ဟု ပေးထားပြီး လောဘ
တက်နေရင်တော့ မတန်ရာပေ။ နောက် post များတွင် ထို project များတွင် ဘယ်လို ရင်းနှီးရမည်ကို ပြောပြချင်ပါသေးသည်။
post ခေါင်းစဥ်ကို သမ္မာအာဇီဝဟု တပ်ထားရခြင်းမှာ ဘယ်သူ့ကိုမှ လိမ်၍ ငွေရှာခြင်း မဟုတ်၍ ဖြစ်သည်။ မိမိကြောင့် ဘယ်သူမှလည်း
မထိခိုက်ပေ။ ကံမကောင်းလျှင် မိမိသာ ထိခိုက်နိုင်သည်။ အခုထိတော့ defi များတွင် ရင်းနှီးမြုပ်နှံ၍ မိမိ နည်းနည်းမှ မထိခိုက်သေးပါ။
2 ရက် 3 ရက် တစ်ခါလောက် တိုးပွားလာတဲ့ token တွေကို harvest ရိတ်သိမ်းလိုက် ကိုယ်က သူတို့ပေးတဲ့ token ကို မလိုချင်ရင်
ဥပမာ စျေးတက်လာမည်ဟု မထင်ရင် သို့မဟုတ် စျေးကျနိုင်သည်ဟုထင်ရင် မိမိကတော့ dai, usdt စသော stable coin များဖြင့်
လဲထားလိုက်သည်။ အဲတော့ စျေးကျမှာ မပူရတော့ပေ။ စျေးကျမှာ မပူရသလို စျေးလည်း မတက်နိုင်ဘူးပေါ့ဗျာ။ ဆုံးရှုံးနိုင်တယ်
ပြောတိုင်လည်း ဆုံးရှုံးချင်မှ ဆုံးရှုံးတာဗျ။ ဥပမာ ethereum chain က uniswap ဆိုရင် mega scam, big scam စသည်
သမုတ်ကြသော်လည်း စျေးက တက်ပြီးရင်း တက်နေတာပဲ။ အကြံပေးတာ မဟုတ်ပါဘူး။ မသိသေးတဲ့ လူရှိရင် ဗဟုသုတအဖြစ်
ပြောပြတာပါ။ ကျွန်တော်လည်း သိပ်နားလည်တာ မဟုတ်ပါဘူး။ ခုထိတော့ ဝင်ငွေ ရနေတုန်းပဲ။ ငွေ မရင်းချင်ဘူး ဆိုရင်တော့
Pi network ဆိုသော cryptocurrency ရှိပါသည်။ သူက အခုမှ early stage တွင် ရှိသေးသည်။ exchange စာရင်း
မဝင်သေးပေ။ အခု သူတို့ app ကို install လုပ်ထားရင် Pi များ distribution လုပ်နေသည်။ အလကားရနေတာပါ။ တစ်ရက် တစ်ခါ
app ထဲဝင်ပြီး mine ခလုတ်ကို နှိပ်ပေးရုံပဲ။ exchange စာရင်း ဝင်သွားပြီ ဆိုရင်တော့ အခုလို အလကား မရတော့ပါဘူး။
ပိုက်ဆံပေး ဝယ်ရမှာပါ။ အလားအလာကတော့ ကောင်းမယ့်ပုံပဲ။ အသုံးပြုသူတွေ တဖြည်းဖြည်း များလာတယ်။ pi network app ကို
Download လုပ်ချင်ရင်တော့
I am sending you 1π! Pi is a new digital currency developed by Stanford PhDs, with over 10 million members worldwide.
To claim your Pi, follow this link https://minepi.com/phyowinkoko and use my username (phyowinkoko) as your invitation code.
Invite code နေရာမှာ phyowinkoko လို့ ရိုက်ထည့်ပေးရင် ကျွန်တော့်ကို သမ္မာအာဇီဝနဲ့ ငွေရှာနိုင်စေရန် ကူညီရာရောက်ပါတယ်။
အားလုံပဲ ကျေးဇူးပါဗျာ။ နောက် post တွေမှာလည်း သမ္မာအာဇီဝနဲ့ ငွေရှာနည်းတွေ တင်ပေးသွားပါမယ်။
Congratulations @buddha.myanmar! You received a personal badge!
You can view your badges on your board and compare yourself to others in the Ranking
Yay! 🤗
Your post has been boosted with Ecency Points.
Continue earning Points just by using https://ecency.com, every action is rewarded (being online, posting, commenting, reblog, vote and more).
Support Ecency, check our proposal:
Ecency: https://ecency.com/proposals/141
Hivesigner: Vote for Proposal