လူသတ္တဝါသည် တစ်ဦးတစ်ယောက်တည်းနေသည့် မျိုးမဟုတ်ပါ။

in #steemit5 years ago

လူသတ္တဝါသည် တစ်ဦးတစ်ယောက်တည်းနေသည့် မျိုးမဟုတ်ပါ။ IMG_20180502_030029.jpgအစုအဖွဲ့ ဖြင့်နေတက်သည်ဖြစ်၍ ယင်းအစုအဝေးရှိလူတိုင်း အဆင်ပြေပြေ အသက်ရှင်နိုင်ရန် ရေးအတွက် အရေးကြီးလိုအပ်ချက် တစ်ခုရှိကြောင်း သိလာရပါသည်။ ယင်းအရေးတကြီး လိုအပ်ချက်မှာ စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။
အချင်းချင်း ညီညွတ်ခြင်းသည် အင်အားတစ်ရပ်ပင်ဖြစ်သည်။ မျက်မှောက်ခေတ်တွင် နည်းပညာတိုးတက်
မှုကြောင့် ဖြစ်ပေါ်လာသည့် ယဉ်ကျေးမှုစီပွားရေး နိုင်ငံရေး ခြိမ်းခြောက်ခံနေရမှုများကို ကမ္ဘာနိုင်ငံများ ပူးပေါင်းကာ အဖြေရှာ ခုခံကာကွယ်နိုင်ရေး ဆွေးနွေးအဖြေရှာ ကြရသည်။နိုင်ငံတစ်ခု မဆိုထားနှင့် အိမ်ထောင်တစ်စုမှာပင် မညီညွတ်လျှင် အလွန်စိတ်ညစ်စရာ စိတ်ပျက်စရာ ကောင်းသည်ကို အများစုသိရှိကြမည်ဖြစ်သည်။ ထိုကြောင့် ညီညွတ်ခြင်းသည် လူသားတစ်ဦး၏ ဘဝတွင် အရေးပါသော အခြေခံ သဘောတရားတစ်ခုဟုတွေးထင်မိပါသည်။