အရမ်းလွမ်းနေတော့မှာပါ

in #steemit7 years ago

image

မနက်ဖန်ဆို
အိမ်ပြန်ရတော့မယ်။

ဆယ့်လေးငါးရက်ကို
တစ်ကမ္ဘာလောက်ထင်ခဲ့ရပေမဲ
အဆောင်ငှါးအတူနေ
အခမဲ့အတူနေ
ခနတာလေးမှာဆိုးတူကောင်းဖက်
မမေ့ရက်သူတွေ
ဖုန်းနံပါတ်လေးတွေဖလှယ်ကြ
အထုပ်ပိုးပြင်ရင်မျက်ရည်ဝေ့ကြပြီ။

facebook လေးတွေမှာ
သူတင်ကိုယ်တင်
သစ်ရွက်ဘုရင်လေးရေ
နင့်ကျောင်းရောက်ရင်
ငါ့ဆီဖုန်းခေါ်မှာလား။

စာပွဲတစ်ဝိုင်းထဲထိုင်
တိုင်တိုင်ပင်ပင်
ချစ်ခင်ရင်းနှီးခဲ့ရတဲ့
ဒီ G2 သင်တန်းလေးကို
ငါဘယ်တော့မှမမေ့ဘူးဟာ။