ပျော်စရာခရီးတခု

in #steemit7 years ago

imageလူတိုင်းလူတိုင်း ခရီးတခု မဟုတ်တခု တသက်တာကာလအတွင်း သွားဖူးကြပါလိမ့်မည် ။ခရီးသွားခြင်းဟူသည် လူ့လောကတွင် လူတစ်ယောက် အတွေ့အကြုံ ဗဟုသုတ ပြည့်စုံဖို့ အတွက် သိပ်ကိုအရေးပါ တယ်လို့ ကျွန်တော် ထင်မိပါတယ် ။ဘာလို့လဲဆိုတော့ ခရီးသွားတဲ့အခါ ခရီးလမ်းတလျှေက် ဘေးပတ်ဝန်းကျင်ရှူ့ခင်းတွေ၊ ခရီးသွားရင် ဆောင်သင့်တဲ့အရာတွေ ရှောင်သင့်တဲ့အရာတွေ ၊ ကိုသွားမယ့်နေရာဒေသရဲ့အကြောင်းတွေကိုလဲသိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်က ကျွန်တော်သွားခဲ့သော ရွှေဆက်တော် သို့ ဘုရားဖူးခရီးလေးတခေါက်ကိုကျွန်တော်တင်ပြချင်ပါတယ်ခင်ဗျာ...။
ကျွန်တော်က ခရီးသွားရတာကို သိပ်စိတ်ဝင်စားတာဗျ..။အဲဒါနဲ့ ကျောင်းပိတ်ရက်လေးတရက်မှာပေါ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး ခရီးတခုထွက်ဖို့တိုင်ပင်ခဲ့တာဗျ..။သူငယ်ချင်းတွေကလဲ ခရီးသွားမယ်ဆို စိတ်ဝင်စားကြတယ်ဗျ ။အဲအချိန်ကလဲ တပိုတွဲလဆိုတော့ ရွေဆက်တော်ဘုရားပွဲရှိတယ်လေ။ ရွေဆက်တော် ဆိုတာ မကွေးမြို့ရဲ့အနောက်ဘက် မိုင်၃၀ခန်မှာရှိတဲ့ ဘုရားပွဲဗျ..။ဘုရားပွဲဆိုတာထက် ကျွန်တော်တို့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာချခဲ့တဲ့နေရာ၊ သတင်းသုံးခဲ့တဲ့နေရာ ကျွန်တော်တို့ ကိုးကွယ်ရာ မြတ်စွာဘုရားရှင်ရဲ့ အငွေ့သက်တွေလွှမ်းခြုံနေတဲ့နေရာဆိုရင် ပိုမှန်ပါလိမ့်မယ်..။ရွေဆက်တော် ရွေဆက်တော် နဲ့ နာမည်သာကြားဖူးတာ တခါမှမရောက်ဖူးဘူးဗျ..။ အဲဒါနဲ့ ကျွန်တော်တို့ သူငယ်ချင်းတစု ရွေဆက်တော်ကိုဘုရားဖူးသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဗျ...။
ရွှေဆက်တော် ကကျွန်တော်တို့မကွေးမြို့နဲ့ဆို မိုင်၃၀ လောက်ပဲဝေးတယ်ဆိုပေမဲ့ လမ်းက သိပ်မကောင်းဘူးဗျ ။ပြီးတော့လမ်းက တောင်ကုန်းတောင်တန်းတွေ အပေါ်တိုင်းဖောက်ထားတာဆိုတော့ ကျွန်တော်တို့ သွားရင်၂နာရီလောက်ကြာနိုင်တယ် ဆိုပြီး မနက်စောစော သွားကြဖို့ ဆုံးဖြက်ခဲ့ကြတယ်..။
နောက်နေ့နက် ရောက်တော့ သူငယ်ချင်းတွေနဲ့ သက္ကသိုလ်ကျောင်းရှေ့မှာလူစုပြီး ခရီးစတင်ထွက်ခဲ့ကြတယ်ပေါ့ဗျာ..။ခရီးက သိပ်မဝေးတော့ ဆိုင်ကယ်တစီးကို လူ၂ယောက်စီနဲ့ ပေါ့ဗျာ..။အဲလိုနဲ့ ကျွန်တော်တို့ မကွေးမြို့ကြီးကစထွက်ပြီး ဧရာဝတီတံတားကြီး ကိုဖျက်လိုက်တာနဲ့ မြစ်ကမ်းပါး တောင်ကုန်းထိပ်လေးတွေပေါ်မှာတည်ထားတဲ့ စေတီ လေးတွေကိုစတင်ဖူးမြော်ရတယ်ဗျ..။ကျွန်တော်တို့စထွက်လာတာ မနက်၇နာရီလောက်ဆိုတော့ နေရောင်လေးကလဲ တလက်လက်နဲ့ပေါ့..။နံနက်ဆည်းဆာရဲ့ ရွှေဝါရောင် မြူမှုန်တွေကြားမှာ စေတီလေးတွေက ရွေရောင်တလက်လက်နဲ့ တောက်ပနေတယ်ဗျ..။ကျွန်တော်ဆိုင်ကယ်မောင်းရင်းက စေတီလေးတွေကို တချက်ကြည့်ရင်း ကျွန်တော့ နှလုံးသားထဲ အေးမြသလိုခံစားရတယ်ဗျ..ဘုရားရိပ်တရားရိပ်ဆိုတာ တကယ်လဲအေးမြပါတယ်..ကျွန်တော်ကိုယ်တိုင်လဲ ဗုဒ္ဓဘာသာဝင်တစ်ရောက် မို့ ဘုရားတရားကိုအသက်နဲ့ထပ်တူယုံကြည်မိပါတယ်..အဲလိုယုံကြည်ရအောင်လဲ လောကမှာ ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းကိုကွယ်လို့ ကံကောင်းနေကြတဲ့လူတွေ အကျိုးပေးနေကြတဲ့လူတွေ သာဓကတစ်ခုအဖြစ် ရှိနေကြပါတယ်..။လေးဖြူ သီချင်းလေးလိုပေါ့ဗျာ ”လူဆိုတာအမြဲ ယုံကြည်ရာတခုအတွက် အသက်ကိုတောင်စတေးကြတာပဲ ”ဆိုသလိုပေါ့ ကျွန်တော့ဘဝရဲ့ ယုံကြည်ရာ၊အားထားရာ၊ဆည်းကပ်ရာ၊တန်ဖိုးထားရာ ကတော့ ဘုရားတရားပါပဲ,..။ကဲထားပါတော့ဗျာ အဲလိုနဲ့ကျွန်တော်တို့ လမ်းခရီးတလျောက် တောင်ကုန်းတွေ တောင်တန်းတွေ ကိုငေးမောရင်း မန်းရွှေဆက်တော် ကိုရောက်ရှိလာခဲ့တယ်....။မန်းရွေ ဆက်တော်ဆိုတဲ့ ဆိုင်ဘုတ်ကြီးကိုဝင်ဝင်ချင်း တမျော်တခေါ်ဘုရားဈေးတန်းကြီးနဲ့ ခေတ်တတည်းခိုနေထိုင်ဖို့ ယာယီဆောက်လုပ်ထားတဲ့ တဲသာသာတည်းခိုဆောင်တွေ တစီတတန်းကြီးတွေမြင်ရပီဗျ..ဘုရားဈေးတန်းဆိုတော့ ဘုရားဖူးလာလည်ရင်း ဈေးတန်းကြီးကိုလျောက်လည်နေကြတဲ့လူတွေကလဲ အပြည့်ပဲဗျ.....ဆိုင်ကယ်ကို ဆိုင်ကယ်အပ်တဲ့နေရာ ထားခဲ့ပြီး တည်းခိုဆောင်တွေရှိရာကို လမ်းလျောက်ပြီးသွားရတယ်ဗျ...။တည်းခိုဆောင်တွေက မန်းချောင်း ရဲ့ဘေးကမ်းပါးလေးမှာ အစီအရီ ဆောက်ထားတာဗျ..သိပ်ကိုထူးခြားတဲ့နေရာလေးဗျ..။ဘုရားဖူးလာတဲ့သူတွေက ဘုရားဖူးရင်း မန်းချောင်းထဲမှာ ရေကစားလို့လဲရတော့ သိပ်ကိုပျော်စရာကောင်းတဲ့နေရာလေးဗျ..။မန်းချောင်းထဲကရေကလဲ ခါးလည်လောက်ပဲရှိတာဗျ ဟိုးအထက်မှာရှိတဲ့ မန်းချောင်းဆည်ကနေ ရေလွှတ်ပေးထားတာဗျ..တည်းခိုခန်းခ ၂၀၀၀၀ ပေးပြီး သူငယ်ချင်းတစု အခန်းတခန်းငှားခဲ့တယ်ပေါ့ဗျာ..။အခန်းလေးတွေက ချောင်းကမ်းပါးလေးဘေးမှာဆိုတော့ တည်းခိုဆောင်တွေက ရှေမှာကွတ်ပျစ်လေးတွေ အသီးသီး ထုတ်ထားကြတယ်ဗျ.. ကျွန်တော်တို့သူငယ်ချင်တစုလဲ ကွတ်ပစ်လေးပေါ် ပိုးလိုးပက်လက်လှန်ပြီး မောမောနဲ့ နားနေရင်း မန်းချောင်းထဲရေကစားနေကြတဲ့ သူတွေကို ငေးနေကြတာပေါ့ဗျာ..။တချို့က ချောင်းထဲမှာ အစုလိုက်အဖွဲ့လိုက် ရေကစားကြတယ်ဗျ၊ တချို့ကတော့ အစုလိုက်အဖွဲလိုက် ချောင်းကမ်းပါးလေးမှာ ဂစ်တာတီးပြီး သီချင်းတွေဟစ်နေကြတာပေါ့..အဲအချိန်မှာ ကျွန်တော်အဖွဲ့ကတော့ ခရီးပန်းလာတာနဲ့ခနနားနေကြတာဗျ...။
written by htetlinaung

Sort:  

ကောင်းပါတယ်

ကျေးဇူးပါအကို ထပ်တင်ပါ့မယ်

Nice post.

ခရီးသွား ဆောင်းပါးတွေဖတ်ရတာ သဘောကျမိပါတယ်။

interesting post
thank for sharing

ပျော်စရာကြီး

ခရီးသွားရတာနှစ်သက်တယ်

ပျော်စရာအချိန်လေးပေါ့ဗျာ

စာပိုဒ်တွေကို ခွဲပြီးရေးရင် စာဖတ်ရတာရှင်းလို့ ကြည့်လို့လည်းကောင်းပါမယ်။ စာပိုဒ်ခွဲမထားတဲ့အတွက် စာတွေပူးနေသလိုဖြစ်နေပါတယ်။လိုအပ်တဲ့ နေရာလေးတွေမှာ ပုံတွေကို ထည့်ပေးရင် ပိုကောင်းပါတယ်။ Google မှာ ရှာရင် ပုံတွေ ပေါပါတယ်

ဟုတ်ကဲ့ပါအကို ကျေးဇူးပါ

ရေးထားတာလေး ကောင်းပါတယ်ဗျ။ လိုအပ်တာတွေကို ကိုစိုး @ansoe ကပြောပြပြီးသွားပြီ ဖြစ်ပါတယ်။
Keep Carry on Bro.

ဟုတ်

ကောင်းပါတယ် ကြည်နူးဖွယ် ခရီးလေးပါ

ဟုတ်ကဲ့အကို

ခရီးသွားရတာ တော့ ကြိုက်သားကို ဗျ ကားမူးတတ်တော့ သိပ်တော့ အဆင်မပြေလှဘူး ရယ် ။

Nice trip!

ဟုတ်အကို

ခရီးသွားဆောင်းပါးတော့မဟုတ်ပါ။ မော်ကွန်းလဲမဟုတ်ပြန်၊ မှတ်တမ်းလို့ပဲပြောလို့ရမယ်။ စာတစ်စောင်ပေတစ်ဖွဲ့ဖြစ်အောင်ဆက်လက်ကြိုးစားပါ။

ဟုတ်ကဲ့ပါခင်ဗျာ