မိတ်ဆွေအပေါင်း နေတွေကောင်းကြရဲ့လား။
နေတွေကောင်းရုံသာမက ငွေအ၀င်လဲလှကြပါစေလို့ ဆုတောင်းပါ၏။
စိတ်ဆန္ဒအရ ပျော်ရာမှာ နေခွင့်ရပါစေကြောင်း ထပ်လောင်းလို့ဆုတောင်းပေးပါသည်။
မိတ်ဆွေအများ မေတ္တာထားသည်လားတော့ မသိပါ။
သားမောင်၏ ကျန်းမာရေး ဆေးနဲ့ဝေးနေပါသည်။
ငွေအ၀င် စတိုင်မကျတာနဲ့ ပျော်ရာမှာနေထိုင်နိုင်မှု ယခုထိတော့ အားနည်းနေသေး၏။
ပြင်းပြသည့် စိတ်ဆန္ဒ မရှိသေးလို့ မရတာလားမသိပါ။
သားမောင်တို့ဒေသ ရာသီအရေး မိုးအေးအေးလေးရွာနေပါသည်။
တစ်ရတစ်ဆစ်တော့ ဝေါကနဲ ရွာချဖြစ်သလား။
မိုးအေးအေး ကွေးချင်စရာကောင်းလှပါသည်။
ပုဂံဒေသ ငလျင်ဒဏ်ခံအပြီး ပြန်လည်ထိန်းသိမ်းရေးတွေလုပ်နေသည်။
အစိုးရသာမက မဘသလည်းပါ၏။
ပြည်သူအများ ပူးပေါင်းပါဝင်ထားပြန်သည်ပေါ့။
ညီညွတ်မှုအရ ပုဂံကို ပြန်ရတော့မည်ယုံကြည်ပါသည်။
ထိုသို့ကြည်နူးစဉ်ကာလ ခွေးမသားက တစ်စခန်း ထလာ၏။
Zwe + art studio _ online မှ ပန်းချီကားတစ်ခု သူတို့ ပြုစုထားသည်။ အမည်အရ ၂၁၁၆ ပုဂံဟု ပေးထား၏။
နောက်ခံအရ ပုထိုးနှစ်ဆူ ယိုင်စောင်းနေပုံပြသည်။
ရှေ့ဘက်မြင်ကွင်း ဟရေးတစ်သင်း ခရီးသွားနေတာပါ၏။
ယခုနှစ်မှ နှစ်တစ်ရာအတွင်း ဟရေးများလက် သက်ဆင်းရတော့မည်လို့
ဆိုချင်နေသည်လား။
ခွေးမသား၏ စကားအသေးစိတ်တော့ မကြားရသေးပါ။
ရည်ရွယ်ချက်အရ ဤနှယ်သဘော သားစောကြောမိသည်လေ။
သူတို့ရောင်းချလိုမှု ဒေါ်လာတန်ဖိုး ၁၂၀၀ ဟု စာတမ်းထိုးထား၏။
၁၂၀၀ ပေးပြီး ခွေးမသားကို ပါးတွေချည်း ပိတ်တီးချင်ပါသည်။
မကျေနပ်ပါက လေဖြတ်ပါလို့ ဆိုချင်ပါသည်ပေါ့။
သားတို့မာမား အနောက်တိုင်းသွားတာ သတင်းအရ တင်ပြတာနည်းလှ၏။
မိုက်ကယ်တို့ဌာနေ၊ အန်ကယ်ဆမ်တို့နေရပ်၊ အာနန်ကြီးနေရာဟောင်း
နေရာသုံးရပ် ခြေရာခြင်း ထပ်အောင်သွားလိမ့်မည်ပေါ့။
ယနေ့ နံနက်ပိုင်း လိုက်ပို့သူများသိုင်းဝိုင်းလျက် ရန်ကုန်မြေမှ ထွက်သည်။ အစ ကနဦး မိုက်ကယ်တို့မြေ ချီတက်လေမည်လေ။
ထိုမှသည် တစ်ဖန် အန်ကယ်ဆမ်တို့ဆီ သွားလိမ့်မည်ပေါ့။
ကုလ ညီလာခံလည်း တက်ပါလိမ့်ဦးမည်။
မြန်မာ၏ အစဉ်အလာအရ ကုလမှာ မိန့်ခွန်းတစ်ရပ်လည်းပြောလိမ့်မည်။
ဘယ်သူသွားသွား ကိုယ်စားပြုမှုအရ မိန့်ခွန်းတော့ ပြောကြရပါသည်။
ထိုသည်ကို ငှက်အပေါင်း တစ်စေ့တစ်စောင်းလောက်တော့ လေ့လာထားသင့်သည်ပေါ့။
မေ့မေ့ကျမှအကွက်လှ မိန့်ခွန်း ထ ပြောရသည်မဟုတ်ပါ။
အလွယ်ပြောလျင် speech အတိုမျှ တက်ပြောရရိုးသာဖြစ်သည်လေ။
ဘာပဲဖြစ်ဖြစ် ၂ ပတ်လောက်အတွင်း ပြည်တွင်းသတင်းတော့ ငြိမ်ဝပ်သွားပါလိမ့်မည်ပေါ့။
မာမားပြည်ပ မထွက်မီ သားတို့ရှမ်းပြည်ကိစ္စ ဘာပြောပြသွားသေးလဲ။
ပါတီဝင်အများ စိတ်ဝမ်းတွေကွဲပြားနေသည်မဟုတ်လား။
တောင်ကြီးကိုတိုးကတော့ မီဒီယာရှင်းပွဲ ခြောက်ခါကြီးကို တက်ပါမည့်အရေး အလေးအနက်ထား ဖိတ်ကြားထားသည်ဆိုသည်။
တက်တာ၊ မတက်တာ သူ့သမိုင်းဆိုသည့်အပြော သဘောကျမိ၏။
မိုးမိုး၊ မီးမီး အန်တီကြီးတို့ကလည်း EC တင်ပြ ဆုံးဖြတ်ချက်ခံယူကြမည်ဆိုသည်။
၂၁ ပင်လုံအရသာ ဤအရာက လွှမ်းမိုးသွားသည်ပေါ့။
အဖြေအရ သောင်စဉ်ရေမရ မျှသာရှိနေသေးသည်။
မီဒီယာရှင်းမည့်နေ့ ပေါက်ကွဲသံတွေ ဆူညံနေမည်ထင်သလား။
ခပ်ဝေးဝေးကသာ ကြည့်ရန် အကြံပြုအပ်ပါသည်။
သားကတော့ တက်သည့်သတင်း တင်ပြခြင်းလုပ်ပါမည်။
သတင်းထူးပါရင် ပြောပေးကြပါပေါ့။
၂၁ ပင်လုံမှာ နိုင်ဟံသာတင်သည့်အမည်ပြောင်းဂယက် ဆွေးနွေးပွဲအဖြစ် ဆက်ကြ၏။
BBC အသံလွှင့်ဌာနမှ လုပ်သည့်ဆွေးနွေးပွဲဖြစ်ပါသည်။
ထိုဆွေးနွေးပွဲအား ယခင်ပြန်ဝန်မင်းဟောင်းလည်း ပါဝင်ဆွေးနွေး၏။
နိုင်ဟံသာလည်း ပါဝင်ပြန်ပါသည်။
ဆွေးနွေးချက်များအနက် ပြန်ဝန်ဟောင်းဆွေးနွေးမှု သားဂရုပြုမိသလား။
အစကနဦး ပုဂ္ဂိုလ်ရေးအရ ခံစားချက် နိုင်ဟံသာ ပေါက်ထွက်သည်ဆို၏။ ပြည်နယ်များအခေါ် ပြောင်းလဲရေး သမိုင်းလေးလည်း ထည့်ပြောသည်။ မွန်ပြည်နယ်အခေါ် ၁၉၇၄ ကျမှ အတိအလင်းပေါ်သည် ကိုလည်း မိန့်ဆိုပြန်၏။
နိုင်ငံအမည် မပြောင်းရသေးမီကာလ ပြည်နယ်တွေက စ သင့်သည်ဟု
ခပ်ပါးပါးနှက်လိုက်သေးသည်။
ညီညွတ်ရေး တည်ဆောက်နေသည့်ကာလ နာမည်အရ အငြင်းအခုန်မပြုသင့်ကြောင်းလည်း မိန့်ဆိုသည်ပေါ့။
အဆုံးသတ်ဥပမာ အလွန်အရေးပါသည်။ တုပ်ကွေးအတွက် ကြက်စွတ်ပြုတ်သောက်ရမှု ဥပမာပြုသည်လေ။
လူမျိုးအရ ချစ်လို့ရသော်လည်း လူပုဂ္ဂိုလ်အရ နိုင်ဟံသာကို
သားကြည့်လို့မရပါ။
မြန်မာပြည်ပြိုကွဲရေး သပ်စွဲနေသူလို့တောင် မြင်ပါသည်။
ဘပြောင်တို့လက်ထက် လမ်း၊တံတားများကိစ္စ ပွ ထနေသလား။
ဂျာနယ်ကြီးတစ်စောင်ထက် အမည်းစက်ကြီးအဖြစ် ပုံဖော်ရေးသားရာက ဤဇာတ်လမ်း စ သည်။
ကိန်းဂဏန်းအရ စ ကတည်းက လွဲချော်နေ၏။
ဂျာနယ်ထက် ထိုသတင်းတင်ပြီး ၂ ရက်တာကာလ အရင်လူများမိုးမွှန်အောင် အဆဲခံကြရသည်။
ဂျာနယ်ထက်သတင်း ပွခြင်းသို့ရောက်အောင် ဆယ်လီကိုကို၊ မမများက
ဖေ့စဘုတ်အားဖြင့် ထပ်ဖွသည်ပေါ့။
ဖွပြီးမကြာ နယ်လှည့်ကြီးတက်လာသည်။
ဒီတစ်ခါပါးရိုက်မည်မပြော တရားသဘောအရ ခုံရုံးမှာ ရှင်းကြမည်ဆို၏။
လက်ဝါးကြီးအဆို ဂျာနယ်နှင့် ဖေ့စဘုတ်ကိုကို၊မမများ သောကပွားကြသည်ပေါ့။
အချက်အလက်များ ထုတ်ပြသွားမည်ဆိုသည်လေ။
အချို့ဆို အကောင့်တောင် ယောင်တောင်တောင်လုပ်ကြသလား။
သူရေးလို့ မီးမီးက လိုက်ရေးတာဆိုသည့် ဆယ်လီမမ အခု အကောင့်ရှာမရတော့ပါ။
မဟုတ်မမှန် လုပ်ဇာတ် အမြစ်ပြတ်အောင် ဖုတ်စေချင်ပါ သည်။
ဂျာနယ်အချို့ မီဒီယာများ အားလပ်ရက်ရှိသလား သားသိလိုပါသည်။
အားလပ်ရက်ဟူ၍ မရှိပါက ကျုရှင်ဆရာမျှတော့ ခေါ်သင့်၏။
အခြားဘာသာများ လေ့လာရန်လတ်တလော မလိုအပ်နိုင်ပါ။
မြန်မာစာ၊ မြန်မာစကား အလေးထားလေ့လာသင့်သည်။
First weekly သတင်းစာထက် ခေါင်းစဉ်အဖြစ် တင်ထားမှု ဂရုပြုရန် လိုသည်မဟုတ်လား။
အမေရိကန်ခရီးစဉ်အတွင်း သမ္မတအိမ်ဖြူတော်မှ အခမ်းအနားဖြင့်ကြီးကျယ်စွာ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် လူထုခေါင်းဆောင် မိန့်ခွန်းပြောမည်ဟု ခေါင်းစဉ်တပ်၏။
သားတို့လို လူပိန်း ဒိန်းတလိန်းနတ်ပူးကပ်သလို ခံစားရသည်။
ကြိုဆိုပြီးနောက်ဟူသည့်စာသား မေ့သွားသည်လား မပြောတတ်ပါ။
ကြီးကျယ်စွာဟူသည့်စာသားနောက် အထက်ပါစကားစု သူတို့ပြုစုပေးလိုက်သင့်သည်ပေါ့။
ဘာသာပြန်ခြင်း မှားယွင်းမှုများ ထပ်တင်ပြရန် ရှိသေး၏။
အခွင့်ကြုံက ထပ်တင်ပြမည်လေ။
ရန်ကုန်နှင့် မန်းအမြန်လမ်း လူသေတာတွေများလှသည်။
ယခင်လက်ထက် ပရိတ်တွေတောင်ရွတ်ဖတ်ရသေး၏။
နေ့စဉ်နှင့်အမျှ ယာဉ်တွေတိုက်ကြသည်လည်း မနည်းလှပါ။
လူအသက်များ နေ့စဉ်မဆုံးပါးတာတောင် ကြံဖန်တော်သေးသည်ဟု
တွေးနေရ၏။
ထိုပြသနာများအတွက် သက်သာပါမည့်အရေး ဆေးတစ်ခွက် စ ထွက်လာပြီဖြစ်သည်။ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသူများအရေးယူသွားရန် ပြင်ဆင်နေသည်မဟုတ်လား။
ဩဂုတ်လ ၁ ရက်နေ့ကစ အရေးယူပြနေခြင်းဖြစ်သည်။
၁၀ ရက်မျှကာလအတွင်း ယာဉ်အစီးရေ ၃၀၀ နီးပါးမျှ တီးပြထား၏။
ပညာပေးကာလသာဖြစ်သေး၍ အမြန်နှုန်းမျှသာတိုင်းတာနေခြင်းဖြစ်ပါသည်။
နောက်ပိုင်းကာလ အရက်သောက်လျင်ပါ ဆော်မည်ဖြစ်၏။
ထိုသည့်ကိစ္စ သား သိပ်သဘောကျပါသည်။
အများပြည်သူအတွက် ကောင်းမွန်သည့်အရေး လက်ခုပ်လေးလည်းတီးသည် ဆိုနိုင်သည်ပေါ့။
သားတို့ ဖားစည်သံဝေ ကရင်မြေမှာ သေနတ်သံတွေ ဝေလာတော့မည်လား။
DKBA နှင့် BGF မဲသဝေါဒေသဘက်မှာ စစ်ရေးအရ ပြင်ဆင်နေကြသည်။
DKBA အဆိုအရ BGF နှင့် မြန်မာတပ်များ ဆုတ်ခွာသွားရန်ပြောထား၏။
အောက်ကလည်းနေသေး ကြောက်ပြီလားမေးသည့်အတွက် BGF တို့
တိုက်ရန်ပြင်ကြသည်။
ဆန်းအောင်နှင့်ကျော်သက် အသက်မထွက်မီစပ်ကြား စကားတွေ အတော်များလှ၏။
သူတို့အမိန့်အရ အတိုက်ခံရတော့မည်ဖြစ်သည်။
စစ်မဖြစ်မီကာလ အရပ်သားတွေတော့ ဒုက္ခရောက်ကြရ၏။
စစ်ဘေးမရောက်မီ မြိုင်ကြီးငူသို့ တိမ်းရှောင်ကြသည်ပေါ့။
မြိုင်ကြီးငူဆရာတော်ဘုရာ ဂရုဏာထား ကူပံ့သည်လေ။
စစ်မဖြစ်ရေး ကြားဝင် စေ့စပ်ပေးနေသည်ဟုလည်း သိရပြန်၏။
သားသဘောအရ ပြည်သူများစစ်ဘေးဒုက္ခ မကြုံရစေချင်ပါ။
ရိုကိန်ညာတို့ အာမီတစ်ရပ်ဖွဲ့စည်းရေး KIA နှင့် ဆွေးနွေးသေး၏။
လွန်လေသည့်ကာလ ၅ နှစ်နီးပါးမျှတော့ ရှိပြီထင်သည်။
ယနေ့ ဂွမ်မော်၏ ထိုကိစ္စရှင်းချက် ဖေ့စဘုတ်ထက်တက်လာ၏။
ဂွမ်မော်အပေါ် ချီးကျုးလိုသူတွေပေါ်လာသည်။
အများအမြင်အရ မျိုးချစ်လှသည်ဆိုကြသည်ပေါ့။
နောက်ကွယ်ဇာတ်ကွက် တစ်ချက်မျှ သားသိထားရသည်။
ဟရေးများ လာဆွေးနွေးစဉ်ကာလ ဓာတ်ခဲအာမီက ကချင်မှာရှိနေသည်ပေါ့။
တိုင်းပြည်အ၀ှမ်း မငြိမ်းချမ်းရန် သူပုန်သူကန်တွေမွေးနေသည့် KIA မဟုတ်လား။
ကုလားနှင့် ရခိုင် အမြဲယှဉ်ပြိုင်နေသူများဆိုတာတော့ သူတို့သိသည်လေ။ထိုစဉ်ကာလ ဓာတ်ခဲအချို့ စစ်သင်တန်းပို့နေဆဲဖြစ်နေပြန်၏။
ကုလားအဆိုလက်ခံလိုသော်လည်း ကချင်ဒေသ ရခိုင်၊ကုလားစစ်ဖြစ်သွားနိုင်သည်ပေါ့။
ထိုသည့်အတွက် အောင့်သက်သက်နှင့် ငြင်းခဲ့ခြင်းဖြစ်ပ၏ာ။
သတင်းအရ စိတ်ချရကြောင်း သားရဲရဲကြီးပြောလိုပါသည်။
ဓာတ်ခဲအာမီ ဦးစီးချုပ် အလုပ်တွေပိုလုပ်ရတော့မည်ဖြစ်သည်။
ငပွေးအများ စုပေါင်းအားဖြင့် ဂုဏ်ထူးဆောင်ဆုကြီးချီးမြှင့်ခံရတော့မည်မဟုတ်လား။
အဂ္ဂသေနာပတိ စစ်သူကြီးဘွဲ့ ချီးမြှင့်မြှောက်စားမည်ဆိုသည်။
လာမည့်ကာလ စစ်ရေးပြအခမ်းအနားများ စလွယ်ကြီးနဲ့ ရွားနေနိုင်ပြီပေါ့။
လုပ်ပိုင်ခွင့်အရ ဗိုလ်ချုပ်ဘ၀ကိုလည်း သူခံစားရမည်ဆို၏။
သူ၏ စွမ်းရည်အများ သူပုန်များပြောကြားမှ သားလည်းသိရသည်။
အချက် ၅ ချက်အနက် နိုင်ငံတကာ ကြည်း၊ရေ၊ လေ တပ်များဦးစီးသွားနိုင်သည်ကိုဖော်ပြ၏။
ဖက်ဒရယ်တပ်များ ဦးစီးသွားနိုင်တာလည်း ပါသည်။
ဗေဒင်အရ ဦးစီးချုပ်ဘ၀လည်း ရမည်ဆိုသလား။
စစ်သက်အရ နှစ်ငယ်ပိုင်းမျှဖြင့် ဤမျှအစွမ်းပိုင်ဆိုင်မှု အလေးပြုရမည်ပေါ့။
ဖေ့စဘုတ်ထက် သတင်းတက်လို့ သားကရေးပြခြင်းဖြစ်ပါသည်။
အနည်းဆုံးအဆင့် ရီစရာတော့ ဖြစ်သင့်သည်ပေါ့။
အခုသတင်းအရ သားတောမခိုခဲ့မိတာ နောင်တတော့ ရနေပါသည်။
သတင်းအပြီး စူပါဆန်းဒေးအကြို သားလည်း နားလိုပါသည်။
စူပါဆန်းဒေးအခေါ် သားမပျော်ရတာ ကြာပြီမဟုတ်လား။
မနက်ဖြန်တစ်ရက်တော့ စူပါဆန်းဒေးအဖြစ် ပိုင်ပိုင်နိုင်နိုင်ရလိုပါသည်။
ဆုတောင်းပေးကြမည်မဟုတ်လား။
ဒီနေ့အတွက်တော့ နားတော့မည်။
နောက်နေ့မှာ ပြန်ဆုံပါစို့။ My
ကျေးဇူးတင်ပါသည်။
Myo Myint Yan Naung
You got a 2.37% upvote from @bid4joy courtesy of @kmmt!
SMT-1
Smt-18
smt12
SMT 16
Smt7
SMT-14
Smt 17
SMT 20
smt -11
Smt 6
Smt10 done
SMT-15done
smt-4
done
Smt 13
SMT 5
SMT-19
SMT 8
SMT 2